Signal ရှိ အခြားအရာအားလုံးကဲ့သို့ပင် သင့်ပရိုဖိုင်ကို End-to-end ကုဒ်ပြောင်းဝှက်ထားပါသည်။ Signal ဝန်ဆောင်မှုသည် သင်ရွေးချယ်ထားသော အမည် သို့မဟုတ် သင်သတ်မှတ်ထားသော ရုပ်ပုံအကြောင်း မည်သည့်အချက်အလက်မျှ သိမ်းထားခြင်း မရှိပါ။
ကျွန်ုပ်၏ Signal ပရိုဖိုင်မှာ အဘယ်နည်း။
သင့် Signal ပရိုဖိုင်သည် အမည်၊ ရုပ်ပုံနှင့် သင့်အကြောင်းတို့ကို သင်၏ ရှိပြီးသား ဖုန်းနံပါတ်နှင့် ကပ်လျက် ပြသပါသည်။
ကျွန်ုပ်၏ ပရိုဖိုင်ကို မည်သို့ တည်းဖြတ်နိုင်သနည်း။
- သင့်ဖုန်းတွင် Signal ကို ဖွင့်ပါ > Signal ဆက်တင်
သို့ သွားပါ။
- ကျွန်ုပ်၏ ရုပ်ပုံ၊ အမည် သို့မဟုတ် Signal နံပါတ်ကို နှိပ်ပါ။
- တည်းဖြတ်ရန် ရုပ်ပုံ သို့မဟုတ်
ကင်မရာ အိုင်ကွန် ကို နှိပ်ပါ။
- တည်းဖြတ်ရန်
အမည်အကွက်များကို နှိပ်ပါ။ အမည်အစများ လိုအပ်ပါသည်။ အမည်ပြောင်၊ အက္ခရာတစ်လုံးတည်း သို့မဟုတ် အီမိုဂျိကို လွတ်လပ်စွာရွေးချယ်နိုင်ပါသည်။
- အီမိုဂျိတစ်ခုကို ရွေးပြီး သင့်အကြောင်း စကားလုံးအနည်းငယ် ရေးရန်
အကြောင်းကို နှိပ်ပါ။
- iOS အတွက်မူ သင့်ပရိုဖိုင် မျက်နှာပြင်သို့ ပြန်သွားပြီး ပရိုဖိုင်ကို အစမ်းကြည့်ရန် Done ကို ရွေးပါ။
- ဖော်ပြလာပါက Save ကို နှိပ်ပါ။
တစ်စုံတစ်ယောက်၏ အမည် သို့မဟုတ် ဓာတ်ပုံကို ကျွန်ုပ်မြင်ရပုံအား မည်သို့ ပြောင်းလဲနိုင်သနည်း။
တစ်စုံတစ်ယောက်၏ Signal ပရိုဖိုင် ရုပ်ပုံ သို့မဟုတ် အမည်ကို မမြင်တွေ့လိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ပါ။
- ဤပုဂ္ဂိုလ်ကို သင့်ဖုန်း၏ စနစ် အဆက်အသွယ်စာရင်းတွင် သိမ်းဆည်းပြီး ၎င်းတို့ကို သင်မှတ်မိလိုသည့် အမည် သို့မဟုတ် ဓာတ်ပုံဖြင့် သိမ်းဆည်းပါ။ မှတ်ချက်- ချိတ်ဆက်ထားသော iPad များနှင့် Desktop များအတွက် ဖုန်း၏ Contact အက်ပ်ကို အသုံးပြုပါမည်။
- ထို့နောက် Signal ဆက်တင်
> ချက်(တ်)များ > လိပ်စာစာအုပ်ဓာတ်ပုံများကို သုံးရန် (Android) သို့မဟုတ် Use System Contact Photos (iOS) ကို ဖွင့်ရန်သို့ သွားပါ။
နောက်ထပ် Blog ပို့စ်ရှိ နည်းပညာဆိုင်ရာ အချက်အလက်များကို ဖတ်ရှုပါ။