ဘလော့ခ်ခံထားရသော သုံးစွဲသူများသည် Signal မှတစ်ဆင့် သင့်ကို ဖုန်းခေါ်ခြင်း သို့မဟုတ် မက်ဆေ့ချ်ပို့ခြင်းများ လုပ်နိုင်မည်မဟုတ်ပါ။
- ဘလော့ လုပ်မည်
- ပြန်ဖွင့်သည်
- "မက်ဆေ့ချ် ဘလော့ခ်ခြင်း လုပ်ဆောင်နေသည်" ဟူသော မလုံခြုံသည့် SMS ကို လက်ခံရရှိသည်
မည်သည့်နံပါတ်များကို ဘလော့ခ်ထားကြောင်း ကြည့်ရှုရန် အဆင့်များ-
သင်၏ဖုန်းတွင် Signal ဆက်တင် >ကိုယ်ပိုင်အချက်အလက် > ဘလော့ခ်ထားသည်များ သို့သွားပါ
နံပါတ်တစ်ခု သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို ဘလော့ခ်ရန် အဆင့်များ-
- သင့်ဖုန်းတွင် Signal ကို ဖွင့်ပါ။
- ထိုအဆက်အသွယ် သို့မဟုတ် ဖုန်းနံပါတ်နှင့် ချက်(တ်)တစ်ခု ဖွင့်ပါ။
- အဖွဲ့အမည် သို့မဟုတ် အဆက်အသွယ်အမည်/နံပါတ် ပါရှိသော ချက်(တ်) ခေါင်းစီးကို နှိပ်ပါ။
- ဘလော့ခ်မည်၊ ဤသုံးစွဲသူကို ဘလော့ခ်မည်၊ ဤအဖွဲ့ကို ဘလော့ခ်မည်တို့ထဲမှ ရွေးချယ်ပါ။
- ဘလော့ခ်မည် ကို ရွေးချယ်ခြင်းဖြင့် အတည်ပြုပါ။
- အိုကေ ကို ရွေးချယ်ပါ။
- ချက်(တ်)သို့ ပြန်သွားပြီး ဤသုံးစွဲသူကို သင် ဘလော့ခ်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြသည့် အောက်ဖော်ပြပါ အိုင်ကွန် သို့မဟုတ် သတိပေးချက်ကို ကြည့်ပါ။
ဘလော့ခ်လိုက်သည့်အခါ မည်သို့ ဖြစ်မည်နည်း။
အဆက်အသွယ်
- သင့်ပရိုဖိုင် အမည်နှင့် ဓာတ်ပုံကို မြင်ရခြင်းမှ ထိုပုဂ္ဂိုလ်ကို တားမြစ်ပါသည်။
- ထိုအဆက်အသွယ်ထံမှ အသိပေးချက်များကို သင် လက်ခံရရှိမည် မဟုတ်ပါ။ ဤသည်တွင် မက်ဆေ့ချ်များ၊ ခေါ်ဆိုမှုများ သို့မဟုတ် အဖွဲ့ဖိတ်ကြားချက်များ ပါဝင်ပါသည်။
- အဖွဲ့တစ်ဖွဲ့တည်းတွင် သင်တို့ အတူတူပါဝင်ပါက ထိုအဆက်အသွယ်ထံမှ မက်ဆေ့ချ်များ သို့မဟုတ် အဖွဲ့အမည်၊ ရုပ်ပုံ သို့မဟုတ် ဆက်တင် ပြောင်းလဲမှုများကို သင် မြင်တွေ့ရမည်မဟုတ်ပါ။ သူပေးပို့သော မက်ဆေ့ချ်များကို သင် မမြင်တွေ့ရဘဲ အခြားအဖွဲ့ဝင်များ မြင်တွေ့ရသည့်အခါ စကားဝိုင်းများမှာ ရှုပ်ထွေးဖွယ် ဖြစ်နေနိုင်သည်။ သူက အဖွဲ့အတွင်း သင်၏မက်ဆေ့ချ်များကို မြင်တွေ့ရနိုင်သည်။ အဖွဲ့မှထွက်ပါ သို့မဟုတ် ထိုအဆက်အသွယ် မပါဝင်သော အဖွဲ့သစ်တစ်ခု ထပ်ဖွဲ့ပါ။
- ထိုအဆက်အသွယ်ကို သင်၏ Signal အဆက်အသွယ်စာရင်းထဲမှ ဖယ်ရှားလိုက်နိုင်သည်။
- သင် ဘလော့ခ်ထားသော အဆက်အသွယ်များက ၎င်းတို့ကို သင် ဘလော့ခ်ထားကြောင်း သိရှိမည်မဟုတ်ပါ။
အဖွဲ့
- သင့်ပရိုဖိုင် အမည်နှင့် ဓာတ်ပုံကို မြင်ရခြင်းမှ ထိုအဖွဲ့ကို တားမြစ်ပါသည်။
- သင်သည် အဖွဲ့မှ ထွက်သွားပါမည်။ သင်ထွက်သွားကြောင်း အဖွဲ့ကို အကြောင်းကြားပါမည်။
- တားမြစ်ထားသော အဖွဲ့မှ နောက်ထပ် မည်သည့်မက်ဆေ့ချ် သို့မဟုတ် အပ်ဒိတ်ကိုမျှ လက်ခံရရှိမည် မဟုတ်ပါ။
- အဖွဲ့ထဲသို့ သင့်ကို ပြန်ထည့်၍ မရနိုင်ပါ။
ကျွန်ုပ်ကို ဘလော့ခ်ထားကြောင်း မည်သို့သိနိုင်မည်နည်း။
- အခြားတစ်စုံတစ်ဦးက သင့်ကို ဘလော့ခ်ထားကြောင်း Signal က သင့်ကို မပြောပြပါ။
- သင့်ကိုဘလော့ခ်ထားသူသည် ဤမက်ဆေ့ချ်ကို မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်ပါ။
- လူတစ်ဦးက သင့်ကို ဘလော့ခ်ဖြေလိုက်လျှင် မက်ဆေ့ချ်များကို ပြန်၍ပို့မပေးပါ။ သင့်ကို ဘလော့ခ်ထားစဉ်အတွင်း သင် ပေးပို့ခဲ့သော အချက်အလက်များကို ၎င်းတို့အနေဖြင့် မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်ပါ။
နံပါတ်တစ်ခု သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို ဘလော့ခ်ဖြေရန် အဆင့်များ-
-
Signal ဆက်တင်
> ကိုယ်ပိုင်အချက်အလက် > ဘလော့ခ်ထားသည်များသို့ သွားပါ။
- ဘလော့ခ်ဖြေရန် အဆက်အသွယ် သို့မဟုတ် အဖွဲ့ကို ရွေးချယ်ပါ။
- ဘလော့ခ်ဖြေမည် ကို ရွေးချယ်ခြင်းဖြင့် အတည်ပြုပါ။
အဆက်အသွယ်တစ်ခုကို ဘလော့ခ်ဖြေလိုက်လျှင် မည်သို့ဖြစ်မည်နည်း။
- ထိုအဆက်အသွယ်ကို ဘလော့ခ်ဖြေပြီးနောက် ခေါ်ဆိုမှုများ သို့မဟုတ် မက်ဆေ့ချ်များအားလုံးအတွက် အသိပေးချက်များကို သင် လက်ခံရရှိပါမည်။
- အဆက်အသွယ် သို့မဟုတ် ချက်(တ်)ကို သင် ဘလော့ခ်ထားစဉ် သင့်ထံသို့ပေးပို့ခဲ့သော မက်ဆေ့ချ်များကို ပြန်ပို့ပေးမည်မဟုတ်ပါ။
- ထိုအဆက်အသွယ်မှာ သင်၏ Signal အဆက်အသွယ်စာရင်းထဲတွင် ပြန်ပေါ်လာနိုင်သည်။
"အခမဲ့မက်ဆေ့ချ်- မက်ဆေ့ချ်ပို့နိုင်ခြင်းမရှိပါ - မက်ဆေ့ချ် ဘလော့ခ်ခြင်း လုပ်ဆောင်နေသည်" ဟူသော မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။ ဘာကို ဆိုလိုပါသနည်း။
- ဤသည်မှာ မလုံခြုံသော SMS နှင့် ပတ်သက်ပါသည်။ Signal သည် Android မှ SMS/MMS ပံ့ပိုးမှုကို ဖယ်ရှားလျက်ရှိပါသည်။ ဤနေရာရှိ Blog ပို့စ်တွင် ဆက်လက်ဖတ်ရှုပါ။
- သော့ဖွင့်ထားသည့် အိုင်ကွန်
က ဤသည်မှာ မလုံခြုံသော SMS တစ်စောင်ဖြစ်ပြီး Signal မက်ဆေ့ချ်မဟုတ်ကြောင်း ပြသသည်။
- ယင်းက Signal မှမက်ဆေ့ချ် မဟုတ်ပါ။
- နောက်ထပ်အချက်အလက်များအတွက် သင်၏ မိုဘိုင်းဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပါ။