Signal သည် ကြော်ငြာများ မပြသဘဲ ၎င်းကို အခမဲ့ သုံးနိုင်ပါသည်။ လှူဒါန်းငွေများဖြင့် ပံ့ပိုးထားသော အခမဲ့ပရောဂျက်ဖြစ်သည့်အလျောက် Signal အတွက် သုံးစွဲသူများသည် ပထမဦးစားပေးဖြစ်ပါသည်။
Signal အတွက် မည်သို့ ပံ့ပိုးထည့်ဝင်နိုင်သနည်း။
-
သတင်းစကား ဖြန့်ပေးပါ
Signal သည် ပူးပေါင်းဆောင်ရွက်သော အခမဲ့ပရောဂျက် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆော့ဖ်ဝဲအား သုံးစွဲခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများကို ရှင်းပြရာတွင် အကူအညီပေးရန် ကျွန်ုပ်တို့ သုံးစွဲသူအား အားကိုးအားထားပြုလျက် ရှိပါသည်။ မိတ်ဆွေမှန်လျှင် မိမိမိတ်ဆွေများကို ကုဒ်မဝှက်ဘဲ အကာအကွယ်မဲ့ စာသက်သက် မပို့ကြပါ။ -
ကုဒ်ဖြင့် ပံ့ပိုးကူညီပါ
သင်သည် Android သို့မဟုတ် iOS ပရိုဂရမ်ရေးသားမှုဆိုင်ရာ အတွေ့အကြုံရှိပါက ကျွန်ုပ်တို့၏ GitHub Repository တို့ရှိ အပြီးမသတ်သေးသော ပြဿနာရပ်များထဲမှ အချို့ကို ကိုင်တွယ်ရာတွင် ကျွန်ုပ်တို့အား အကူအညီပေးရန် စဉ်းစားပေးပါ။ -
သင့်အွန်လိုင်းရှော့(ပ်)ပင်ကို အဆင့်မြှင့်ပါ
Amazon သည် သင်ဝယ်ယူမှုထဲမှ .5% ကို Signal အား လှူဒါန်းပါမည်။ ဤလင့်ခ်ကို သုံး၍ စာရင်းသွင်း ဝင်ရောက်ပြီး Signal နည်းပညာ ဖောင်ဒေးရှင်းအား ပံ့ပိုးပါ။ Amazon တွင် ဈေးဝယ်သည့်အခါ amazon.com အစား smile.amazon.com ကို သုံးပါ။ ဤမျှပင် ဖြစ်ပါသည်။ -
ငွေကြေးဖြင့် ပံ့ပိုးကူညီပါ
အက်ပ်အတွင်း လှူဒါန်းပါ အား Signal ဆက်တင် >Signal အတွက် လှူရန်မှတစ်ဆင့် သို့မဟုတ် လှူရန် အခြားနည်းလမ်းများ ကို ရွေးချယ်ပါ။ ဆာဗာများ၊ Bandwidth နှင့် ကမ္ဘာတစ်ဝှမ်း မည်သည့်နေရာမှမဆို လုံခြုံ၊ လွတ်လပ်ပြီး အချိန်မဆိုင်း တစ်ပြိုင်တည်း ပေးပို့နိုင်သော ဆက်သွယ်မှုအတွက် လူသန်းပေါင်းများစွာ နေ့စဉ်အသုံးပြုနေသော ဤအက်ပ် ဆက်လက်ဖွံ့ဖြိုးရေးအတွက် ပေးချေရာတွင် သင့်ပံ့ပိုးကူညီမှုများက အထောက်အကူပြုပါသည်။
သင့်အကူအညီနှင့် ပံ့ပိုးမှု မရှိဘဲ Signal သည် မတည်ရှိနိုင်ပါ။ ကျေးဇူးတင်ပါသည်!