သင်ဆိုလိုသည်မှာ ဖော်ပြပါတို့ကို ကြည့်ရန် ဟုတ်ပါသလား-
- မက်ဆေ့ချ်ပို့မယ်
- သင့်ဆက်သွယ်မှုသည် ကိုယ်ပိုင်သီးသန့်ဖြစ်ကြောင်း မည်သို့သိနိုင်သနည်း။
- Signal ၏ သုံးစွဲသူ ဒေတာအား ချဉ်းကပ်မှုအတွက် ဘလော့ဂ် ပို့စ်
Android
- SMS မက်ဆေ့ချ်များသည် Signal မက်ဆေ့ချ်များနှင့် ကွဲပြားပါသည်။
- Signal သည် Android တွင် SMS ပံ့ပိုးမှုကို ဖယ်ရှားထားပါသည်၊ ၎င်းကို ဤနေရာတွင် ကြေညာထားပါသည်။ SMS ကို အခြား မက်ဆေ့ချ် အက်ပ်သို့ ရွှေ့ရန် ဤနေရာရှိ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
- Signal မက်ဆေ့ချ်သည် သီးသန့်ဖြစ်ပြီး ဆက်လက် ပေးပို့လက်ခံနိုင်ပါမည်။
SMS ကို ဖယ်ရှားရန် ရွေးချယ်ရသည့် အကြောင်းရင်းများကို ဤနေရာတွင် သုံးသပ်ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဤရွေးချယ်မှုကို လွယ်လွယ်ကူကူ ပြုလုပ်ခဲ့ခြင်း မဟုတ်သော်လည်း Signal သည် နောင်အတွက် အမြင့်မားဆုံးသော ကိုယ်ပိုင်အချက်အလက် စံသတ်မှတ်ချက်များနှင့် သေချာစွာ ကိုက်ညီရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားပါသည်။
- SMS သည် မလုံခြုံပါ သို့မဟုတ် သီးသန့်မဆန်ပါ၊ ၎င်းသည် Signal နှင့် အခြေခံအားဖြင့် ကိုက်ညီမှု မရှိကြောင်း ဆိုလိုပါသည်။ SMS သည် သင့်မက်ဆေ့ချ်များကို သံသယကင်းကင်း ပေးပို့သောကြောင့် သင့်ဒေတာ စီးဆင်းမှုကို ချောင်းမြောင်းနေသော လူတိုင်းက သို့မဟုတ် သင့် Telecom က ၎င်းတို့ကို ဖတ်နိုင်ပါသည်။ Signal မက်ဆေ့ချ်နှင့် SMS မက်ဆေ့ချ်အကြား ကွာခြားချက်ကို လူတိုင်း နားလည်သည် မဟုတ်သောကြောင့် လူများက သီးသန့်ဆန်သည်ထင်သော မက်ဆေ့ချ်များကို SMS မှတစ်ဆင့် ပေးပို့သည့်အခါ ဤသည်က အန္တရာယ်ရှိသော ဖြစ်ရပ်များကို ဖြစ်စေနိုင်ပါသည်။
- SMS ကို US နှင့် အခြားအနောက်နိုင်ငံအချို့အပြင် တော်တော်များများတွင် မသုံးကြတော့ဘဲ ၎င်းကို သုံးစွဲမှု လျော့ကျလာပါသည်။
- Signal သည် SMS ပေးပို့မှုကို ထိန်းချုပ်သည် မဟုတ်ဘဲ SMS မှတစ်ဆင့် ပေးပို့သည့် လိမ်လည်မှုကို မကာကွယ်ပေးနိုင်ပါ။ ရွေးကောက်ပွဲ မတိုင်မီ US တွင် မလိုလားအပ်သော SMS လိမ်လည်မှု အလွန် အဖြစ်များပြီး Signal တွင် ဝရုန်းသုန်းကား ဖြစ်လာကာ တိုင်ကြားမှုများ တစ်ဟုန်ထိုး များလာခဲ့ပါသည်။
- SMS မက်ဆေ့ချ်များသည် ကမ္ဘာ့နေရာအတော်များများတွင် အလွန် ဈေးကြီးပါသည်။ ဤသည်က လူများအား Signal မှနေ၍ ပေးပို့သော SMS မက်ဆေ့ချ်များအတွက် ဘေလ်များစွာ ကုန်ကျစေနိုင်ခဲ့ပြီး ၎င်းတို့ကို Signal မက်ဆေ့ချ်များဟု ထင်မှတ်ကြပါသည်။
- မှန်ကန်သော SMS ပံ့ပိုးမှုသည် အချိန်နှင့် လူအား များစွာ ကုန်ကျစေနိုင်ပါသည်။ Signal သည် Android ဗားရှင်း ဒါဇင်လိုက်ဖြင့် လုပ်ဆောင်နေသော စက်ပစ္စည်း သန်းပေါင်းများစွာကို ပံ့ပိုးပေးနေရပါသည်။ ယခုအခါ ပရိုတိုကောလ် အဟောင်းနှင့် ချို့ယွင်းချက်ရှိသည်များကို လုပ်ဆောင်နေသော ဆဲလ် ကယ်ရီယာ ရာပေါင်းများစွာဖြင့် ဆတိုးလုပ်ဆောင်ထားပြီး ချို့ယွင်းချက်များ၏ နယ်ပယ်နှင့် အတိုင်းအတာ၊ SMS မက်ဆေ့ချ်များ ပို့ရာတွင် လူများ တွေ့ကြုံနေရသော ပြဿနာများသည် ရှင်းလင်းစ ပြုလာပါသည်။
- SMS သည် ချို့ယွင်းချက်များစွာ ရှိသော ဟောင်း၍ အရည်အသွေးနိမ့်သည့် ပရိုတိုကောလ်တစ်ခု ဖြစ်ပါသည်။ လွန်ခဲ့သော 9 လက ပို့ခဲ့သည့် ဗာလင်တိုင်း SMS မက်ဆေ့ချ်အဟောင်းများကို လူတိုင်း ရရှိခဲ့သည့် ပြီးခဲ့သောနှစ်အနည်းငယ်က ဖြစ်ရပ်ကို မှတ်မိပါသလား။ ဤသည်မှာ SMS ပရိုတိုကောလ် ချို့ယွင်းချက်ကြောင့် ဖြစ်ပါသည်။ ဤသည်မှာ Signal က ကုစားပေး၍ မရနိုင်သော ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး Signal မှတစ်ဆင့် SMS သုံးသူများကို ထိခိုက်စေပါသည်။
- Google က SMS အစား သတ်မှတ်လုပ်ဆောင်သော မက်ဆေ့ချ် ပရိုတိုကောလ် အသစ်ဖြစ်သည့် RCS ကို မိတ်ဆက်ထားပါသည်။ RCS မိတ်ဆက်မှုကြောင့် ပြင်ပအဖွဲ့အစည်း SMS အက်ပ်ကို ထိန်းထားရန် ပို၍ ပို၍ ခက်ခဲစေနိုင်ပါသည်။ လက်ရှိတွင် SMS မက်ဆေ့ချ်များသည် ကျဆင်းလာပြီး SMS နှင့် RCS အကြား ပဋိပက္ခများကြောင့် အချို့ ချို့ယွင်းချက်များသည် ပိုမို အဖြစ်များလာပါသည်။ RCS နှင့် ပေါင်းစည်းရန် Signal အား ခွင့်ပြုသည့် API မရှိပါ။
- SMS ပံ့ပိုးမှု ပေးခြင်းသည် Android တွင်သာ ဖြစ်နိုင်ပါသည်။ iOS သည် ပြင်ပအဖွဲ့အစည်း SMS သုံးစွဲသူများကို ခွင့်မပြုပါ။ ကျွန်ုပ်တို့၏ iOS နှင့် Desktop သုံးစွဲသူများသည် Android နှင့် ချိန်ကိုက်မထားကြောင်း ဆိုလိုပါသည်။
SMS ကို ရွှေ့ရန်
- သင်သည် မလုံခြုံသော SMS အတွက် Signal ကို မသုံးဖူးပါက မည်သည်မျှ လုပ်ဆောင်ရန် မလိုပါ။
- သင်၏ ပုံသေ SMS အက်ပ်အဖြစ် Signal ကို သုံးဖူးပါက သို့မဟုတ် သုံးနေပါက ပုံသေအက်ပ် အသစ်တစ်ခု ရွေးရန် လိုအပ်မည်ဖြစ်ပြီး သင်သည် သင့် SMS ကို ထိုအက်ပ်သို့ ပို့ရန် လိုနိုင်ပါသည်။
- ပုံသေ SMS အက်ပ် အသစ်သို့ SMS ကို မည်သို့ ရွှေ့ရပါသနည်း။
- ပို့ပြီးနောက် မည်သည်ကို လုပ်ဆောင်ရပါသနည်း။
- SMS မက်ဆေ့ချ်များကို နောက်တစ်ကြိမ် မည်သို့ ပို့နိုင်သနည်း။
- SMS ပို့ရန် ရွေးစရာကို မမြင်ရသည့်အခါ မည်သို့ဖြစ်ပါမည်နည်း။
- SMS ဖယ်ရှားရန် ရွေးစရာကို မမြင်ရသည့်အခါ မည်သို့ဖြစ်ပါမည်နည်း။
- Signal ဆက်တင် > ချက်(တ်)တွင် ဖော်ပြထားသော SMS နှင့် MMS ကို မမြင်ရသည့်အခါ မည်သို့ဖြစ်ပါမည်နည်း။
- ကျွန်ုပ်၏ ပုံသေ SMS/MMS အက်ပ်အဖြစ် Signal ကို မည်သို့စီမံရပါသနည်း။
- မလုံခြုံသော SMS/MMS ကို မည်သို့ပေးပို့ရသနည်း။
- ဘာမှမလုပ်လျှင် မည်သို့ဖြစ်မည်နည်း။
- အကူအညီလိုအပ်ပါက မည်သို့လုပ်ရပါမည်နည်း။
ပုံသေ SMS အက်ပ် အသစ်သို့ SMS ကို မည်သို့ ရွှေ့ရပါသနည်း။
- Signal မှထွက်၍ SMS မက်ဆေ့ချ်များကို ပို့ပါ။
- Signal တွင် သင့်ပရိုဖိုင်
> ချက်(တ်) > SMS နှင့် MMS > SMS မက်ဆေ့ချ်များ ပို့ရန်ကို နှိပ်ပါ။
- ဤပေးပို့မှုသည် အခြား SMS အက်ပ်အတွက်သာ ဖြစ်ပါသည်။
- Signal တွင် သင့်ပရိုဖိုင်
- သိုလှောင်မှု နေရာလွတ်ကို ရှင်းရန် SMS မက်ဆေ့ချ်များကို ဖယ်ရှားပါ။
- Signal တွင် သင့်ပရိုဖိုင်
> ချက်(တ်) > SMS နှင့် MMS > SMS မက်ဆေ့ချ်များ ဖယ်ရှားရန်ကို နှိပ်ပါ။
- Signal တွင် သင့်ပရိုဖိုင်
- အခြား ပုံသေ SMS အက်ပ်ကို ရွေးပါ။
- Signal တွင် သင့်ပရိုဖိုင်
> ချက်(တ်) > SMS နှင့် MMS > ပုံသေ SMS အက်ပ်အဖြစ် သုံးရန် ကို နှိပ်ပါ > Signal မဟုတ်သည့် အက်ပ်တစ်ခုကို ရွေးရန် သင့် OS မှ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
- ဤပေးပို့မှုသည် အခြား SMS အက်ပ်အတွက်သာ ဖြစ်ပါသည်။
- အခြား ပုံသေ SMS အက်ပ်တွင် ပေါ်လာရန် မိနစ်အနည်းငယ် ကြာနိုင်ပါသည်။
- Signal တွင် သင့်ပရိုဖိုင်
ပို့ပြီးနောက် မည်သည်ကို လုပ်ဆောင်ရပါသနည်း။
- သိုလှောင်မှု နေရာလွတ်ကို ရှင်းရန် အထက်တွင် ဖော်ပြထားသည့်အတိုင်း SMS မက်ဆေ့ချ်များကို ဖယ်ရှားပါ။
- Signal ကို သင့်ပုံသေ SMS အက်ပ်အဖြစ် သတ်မှတ်ထားခြင်း မရှိတော့ကြောင်း အတည်ပြုပါ။
SMS မက်ဆေ့ချ်များကို နောက်တစ်ကြိမ် မည်သို့ ပို့နိုင်သနည်း။
- SMS မက်ဆေ့ချ်များကို မဖယ်ရှားထားပါက ၎င်းတို့ကို နောက်တစ်ကြိမ် ပို့နိုင်ပါသည်။ ပို့ခြင်းသည် သင့် SMS/MMS အက်ပ်အသစ်တွင် မက်ဆေ့ချ်များကို ပွားသွားစေနိုင်ပါသည်။
- Signal တွင် သင့်ပရိုဖိုင်
> ချက်(တ်) > SMS နှင့် MMS > SMS မက်ဆေ့ချ်များ ထပ်ပို့ရန်ကို နှိပ်၍ > ဆက်လုပ်ရန်ကို ရွေးပါ။
SMS ပို့ရန် ရွေးစရာကို မမြင်ရသည့်အခါ မည်သို့ဖြစ်ပါမည်နည်း။
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- Signal တွင် SMS မက်ဆေ့ချ်များ ရှိနေကြောင်း အတည်ပြုပါ။
SMS ဖယ်ရှားရန် ရွေးစရာကို မမြင်ရသည့်အခါ မည်သို့ဖြစ်ပါမည်နည်း။
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- SMS *အသစ်* လက်ခံထားခြင်း သို့မဟုတ် ပေးပို့ထားခြင်း ရှိ၊ မရှိကို အတည်ပြုပါ။
- ထပ်ပို့ပါ။
Signal ဆက်တင် > ချက်(တ်)တွင် ဖော်ပြထားသော SMS နှင့် MMS ကို မမြင်ရသည့်အခါ မည်သို့ဖြစ်ပါမည်နည်း။
အားလုံး ပြင်ဆင်ပြီးပါပြီ။ ပေးပို့မှု ပြီးမြောက်ပြီး ပုံသေ SMS အက်ပ်အသစ်သို့ ပြောင်းပြီးဖြစ်ပါသည်။
အခြား ပုံသေ SMS/MMS အက်ပ်သို့ မည်သို့ပြောင်းရပါသနည်း။
Signal တွင် သင့်ပရိုဖိုင် > ချက်(တ်) > SMS နှင့် MMS > ပုံသေ SMS အက်ပ်အဖြစ် သုံးရန် ကို နှိပ်ပါ > Signal မဟုတ်သည့် အက်ပ်တစ်ခုကို ရွေးရန် သင့် OS မှ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မလုံခြုံသော SMS/MMS ကို မည်သို့ပေးပို့ရသနည်း။
မတူညီသော SMS/MMS အက်ပ်သို့ ပြောင်းပါ။
ဘာမှမလုပ်လျှင် မည်သို့ဖြစ်မည်နည်း။
Signal သည် နောက်ဆုံးတွင် သင်၏ ပုံသေ SMS မက်ဆေ့ချ်အက်ပ်အဖြစ် ဆက်လက်အလုပ်မလုပ်တော့ပါ။ မူလရှိနေသော SMS/MMS များသည် Signal တွင် ဆက်ရှိပါမည်၊ သို့သော် ဤအင်္ဂါရပ်ကို ဖယ်ရှားလိုက်ပြီးသောအခါ သင့်အနေဖြင့် SMS/MMS ပေးပို့ခြင်း သို့မဟုတ် လက်ခံခြင်း ပြုလုပ်နိုင်တော့မည် မဟုတ်ပါ။
အကူအညီလိုအပ်ပါက မည်သို့လုပ်ရပါမည်နည်း။
Signal တွင် သင့်ပရိုဖိုင် > အကူအညီ > ကျွန်ုပ်တို့ထံ ဆက်သွယ်ရန် ကို နှိပ်ပါ > ကျွန်ုပ်တို့အား အသေးစိတ် ပြောပြပါ၊ ပြီးနောက် အီးမေးလ်တစ်စောင် ပေးပို့ပါ။
iOS
မရပါ။ သင့် iPhone၊ iPod Touch သို့မဟုတ် iPad တွင် Signal ဖြင့် မလုံခြုံသော SMS/MMS ကို လက်ခံခြင်း သို့မဟုတ် ပေးပို့ခြင်း မလုပ်နိုင်ပါ။ ဆက်သွယ်မှုအားလုံးသည် Signal iOS မှတစ်ဆင့် လုပ်ဆောင်ခြင်းဖြင့် သီးသန့်ဆန်ပါသည်။ Apple သည် ပုံသေ SMS/မက်ဆေ့ချ် အက်ပ်ကို အစားထိုးရန် အခြားအက်ပ်များကို ခွင့်မပြုပါ။
Desktop
မရပါ။ Signal Desktop သည် မလုံခြုံသော SMS/MMS မက်ဆေ့ချ်များကို လက်ခံခြင်း သို့မဟုတ် ပေးပို့ခြင်း မပြုလုပ်ပါ။ Signal မက်ဆေ့ချ်များကိုသာ လက်ခံခြင်း သို့မဟုတ် ပေးပို့ခြင်း ပြုလုပ်ပါမည်။ မလုံခြုံသော အစားထိုး ပရိုတိုကောလ်များကို ဖယ်ရှားပစ်ရန် သုံးစွဲသူများအား တိုက်တွန်းလိုပါသည်။
Desktop အက်ပ်သည် သင့်မိုဘိုင်းစက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သို့မဟုတ် အွန်လိုင်းတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလုပ်လုပ်သည့် သီးခြားလွတ်လပ်သော သုံးစွဲသူဖြစ်ပါသည်။ တားမြစ်ထားသည့် ချက်(တ်)များ၊ ဖတ်ပြီးကြောင်းညွှန်ပြမှု၊ ချိတ်ထားသည့် စက်များ၊ စသည်တို့ကို စီမံခြင်းကဲ့သို့ လုပ်ဆောင်မှု အပြည့်အဝအတွက် သင့်ဖုန်းတွင် Signal ကို ထည့်သွင်းထားရန် လိုအပ်ပါဦးမည်။