Signal မက်ဆေ့ချ်အားလုံးကဲ့သို့ပင် အဖွဲ့လိုက် အသံ သို့မဟုတ် အဖွဲ့လိုက် ဗီဒီယို ခေါ်ဆိုမှုများသည်လည်း သီးသန့်ဖြစ်ပါသည်။ Signal ခေါ်ဆိုမှုကို ပထမဆုံးအကြိမ် ပြုလုပ်သည့်အခါ သို့မဟုတ် လက်ခံသည့်အခါ ကင်မရာနှင့် မိုက်ခရိုဖုန်း ခွင့်ပြုချက်များကို ခွင့်ပြုရန် သင့်အား ညွှန်ကြားပါမည်။
- အဖွဲ့လိုက် ခေါ်ဆိုမှု သတ်မှတ်ချက်များ
- ကုဒ်ပြောင်းဝှက်ထားသော အဖွဲ့လိုက် အသံ သို့မဟုတ် ဗီဒီယို ခေါ်ဆိုမှု စတင်ရန်
- အဖွဲ့လိုက် ခေါ်ဆိုမှုထဲတွင် ပါဝင်သူ
- ခေါ်ဆိုမှုဆိုင်ရာ ပြဿနာဖြေရှင်းခြင်း
အဖွဲ့လိုက် ခေါ်ဆိုမှု သတ်မှတ်ချက်များ-
- ပါဝင်သူ တစ်ဦးတစ်ယောက်ချင်းစီသည် Signal နောက်ဆုံးထွက်ဗားရှင်းကို သုံးနေရပါမည်။
- ပါဝင်သူ တစ်ဦးတစ်ယောက်ချင်းစီသည် တူညီသော Signal အဖွဲ့ ချက်(တ်)၏ အဖွဲ့ဝင်ဖြစ်ရပါမည်။
- အဖွဲ့လိုက် ခေါ်ဆိုမှု၏ ပါဝင်သူဦးရေကန့်သတ်ချက်သည် 50 ဖြစ်ပါသည်။
ကုဒ်ပြောင်းဝှက်ထားသော အဖွဲ့လိုက် အသံ သို့မဟုတ် ဗီဒီယို ခေါ်ဆိုမှု စတင်ပုံကို ဤနေရာတွင် ကြည့်ပါ-
- အဖွဲ့ချက်(တ်)ကို ဖွင့်ပါ။
- ဗီဒီယို ခေါ်ဆိုမှုကို နှိပ်ပါ။
- ခေါ်ဆိုမှု စတင်ရန် သို့မဟုတ် ခေါ်ဆိုမှုတွင် ပါဝင်ရန် အစိမ်းရောင်ခလုတ်ကို ရွေးချယ်ပါ။
- ဆန္ဒအလျောက် ရွေးချယ်နိုင်သည်- လူ 16 ယောက်အထိပါဝင်သော အဖွဲ့ငယ်များအတွက် မြည်သံဖြင့် အသိပေးချက် ပေးပို့ရန် ရွေးချယ်နိုင်ပါသည်။
- အဖွဲ့၏ အခြားသော အဖွဲ့ဝင်များထံ အသိပေးချက်တစ်ခုကို ပေးပို့ပါမည်။ အဖွဲ့ချက်(တ်)မှတ်တမ်းတွင် သတိပေးချက်တစ်ခု ပေါ်လာပါမည်။
အဖွဲ့လိုက် ခေါ်ဆိုမှုထဲတွင် ပါဝင်သူ
အဖွဲ့လိုက် ခေါ်ဆိုမှုအတောအတွင်း စာရင်းကို ကြည့်ရန် အဖွဲ့အိုင်ကွန်ကို နှိပ်ပါ။
အဖွဲ့လိုက် ခေါ်ဆိုမှုကို အဘယ်ကြောင့် စတင်၍ မရနိုင်သနည်း သို့မဟုတ် ပါဝင်၍ မရသနည်း။
အထက်တွင် စာရင်းပြုစုထားသည့် သတ်မှတ်ချက်များကို စစ်ဆေးပါ။
ဖုန်းခေါ်ဆိုမှုတွင် ပြဿနာရှိနေပါသလား။ ဤပြဿနာဖြေရှင်းနည်း အဆင့်များ အတိုင်း လုပ်ဆောင်ပါ။
အခြား အင်္ဂါရပ်များအကြောင်း နောက်ထပ်ဖတ်ရှုရန်- မျက်နှာပြင်မျှဝေခြင်း၊ ခေါ်ဆိုမှုဆိုင်ရာ ရွေးချယ်စရာများ