Signal ကို အခမဲ့အသုံးပြုနိုင်ပြီး ကြော်ငြာများ၊ ပေါင်းစည်းထားသော ဈေးကွက်ရှာဖွေသူများ မရှိသည့်အပြင် Signal တွင် ခြေရာခံစောင့်ကြည့်ခြင်းလည်း မရှိပါ။ Signal သည် အကျိုးအမြတ်မယူသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ငွေများနှင့် သင်ကဲ့သို့သောသူများထံမှ လှူဒါန်းမှုများက ပံ့ပိုးပေးပါသည်။ အကျိုးပြုထည့်ဝင်ရန် သို့မဟုတ် လှူရန် သင့်ကို ဖိတ်ခေါ်လိုပြီး သင်၏ပံ့ပိုးမှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုကျေးဇူးတင်ပါသည်။
Signal ကို စတင်အသုံးပြုရန်အတွက် Signal အတွင်း စာရင်းသွင်းရန် SMS သို့မဟုတ် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရန်လိုအပ်ပါသည်။ Signal သည် လုပ်ဆောင်ရန်အတွက် မိုဘိုင်းဒေတာ သို့မဟုတ် WiFi ချိတ်ဆက်မှုကို အသုံးပြုပါသည်။ ထိုအတွက် Signal က ငွေမကောက်ခံသော်လည်း သင်၏ ကယ်ရီယာ သို့မဟုတ် မိုဘိုင်းဝန်ဆောင်မှုပေးသူထံမှ ကုန်ကျစရိတ်များကို ကျခံရနိုင်ပါသည်။
Android သုံးစွဲသူများအတွက် Signal သည် ပေါင်းစည်းထားသော messenger အဖြစ် လုပ်ဆောင်နိုင်ပြီး
- သီးသန့်လျှို့ဝှက်ထားသော ဆက်သွယ်ရေးကို အင်တာနက်ပေါ်တွင် လုပ်ဆောင်ကာ ထပ်ဆောင်းကုန်ကျစရိတ် မရှိပါ။
- မလုံခြုံသော SMS/MMS နှင့် မလုံခြုံသော ဖုန်းခေါ်ဆိုမှုများကို မိုဘိုင်းကွန်ရက်ပေါ်တွင် လုပ်ဆောင်ပြီး သင့်မိုဘိုင်းအစီအစဉ်က သတ်မှတ်ထားသော အဖိုးအခများ ကျသင့်ပါသည်။