Signal လုံခြုံရေးဘက်ခ်အပ်သည် Android နှင့် iOS နှစ်မျိုးလုံးတွင် အလုပ်လုပ်သော်လည်း အချို့သော အဆင့်များနှင့် လုပ်ဆောင်ချက်များသည် ပလက်ဖောင်းအလိုက် ကွဲပြားသည်။ အောက်ပါ အထွေထွေစစ်ဆေးမှုများဖြင့် စတင်ပြီး သင့်စက်နှင့် ပတ်သက်သည့်အပိုင်းကို ပြန်လည်သုံးသပ်ပါ။
- ဤနေရာမှစတင်ပါ (ပလက်ဖောင်းအားလုံး)
- Android နှင့်သက်ဆိုင်သော မှတ်ချက်များ
- iOS နှင့်သက်ဆိုင်သော မှတ်ချက်များ
- သိထားသင့်သော ပလက်ဖောင်း ကန့်သတ်ချက်များ
- အခက်အခဲ ရှိနေဆဲလား။
ဤနေရာမှစတင်ပါ (ပလက်ဖောင်းအားလုံး)
၁။ လုံခြုံရေးဘက်ခ်အပ်ကို ဖွင့်ထားကြောင်း အတည်ပြုပါ
- Signalကို ဖွင့်ပါ။
- ဆက်တင် → ချက်(တ်) → ဘက်ခ်အပ် သို့သွားပါ။
- လုံခြုံရေး ဘက်ခ်အပ်ကို ဖွင့်ထားကြောင်း သေချာပါစေ။
လုံခြုံရေး ဘက်ခ်အပ်ကို ဖွင့်မထားပါက ပြန်ယူရန် ဘက်ခ်အပ် မရှိပါ။
၂။ သင့်တွင် ပြန်လည်ရယူရေးကီးရှိကြောင်း သေချာပါစေ
- လုံခြုံရေး ဘက်ခ်အပ်ကို စာလုံး ၆၄ လုံးပါ ပြန်လည်ရယူရေးကီးဖြင့် ကာကွယ်ထားသည်။
- သင့်မက်ဆေ့ချ်များကို ပြန်လည်ရယူရန်အတွက် ဤကီး လိုအပ်ပါသည်။
- Signal သည် ဤကီးကို ပြန်လည်ရယူခြင်း၊ ပြန်လည်သတ်မှတ်ခြင်း သို့မဟုတ်ရှောင်ကွင်းခြင်း ပြုလုပ်၍မရပါ။
- ကီးပျောက်သွားလျှင် ဘက်ခ်အပ်ကို အပြီးတိုင်ဝင်ရောက်ကြည့်ရှု၍မရတော့ပါ။
၃။ ကနဦး စနစ်ထည့်သွင်းစဥ်၌သာ ပြန်လည်ရယူခြင်း
- လုံခြုံရေး ဘက်ခ်အပ်ကို ပထမဆုံးအကြိမ် စနစ်ထည့်သွင်းစဉ်၌သာ ပြန်လည်ရယူနိုင်ပါသည်။
- ပြန်လည်ရယူရန် အဆင့်ကို ကျော်သွားပါက-
- Signal ကို ဖြုတ်ပါ။
- Signal ကို ပြန်လည်ထည့်သွင်းပါ။
- အချက်ပြလာပါက သင့် ဘက်ခ်အပ်ကို ပြန်လည်ရယူပါ။
၄။ သင့်ဖုန်းနံပါတ်နှင့် အကောင့်ကို စစ်ဆေးခြင်း
- Signal ကို ဖုန်းနံပါတ်တစ်ခုတည်းဖြင့်သာ မှတ်ပုံတင်ရပါမည်။
- မတူညီသောနံပါတ်ကို အသုံးပြုခြင်းသည် သင်၏ ဘက်ခ်အပ် ပေါ်လာခြင်းမှ တားဆီးပါလိမ့်မည်။
၅။ သင့်အင်တာနက်ချိတ်ဆက်မှုကို အတည်ပြုပါ
- အောက်ပါတို့ရှိကြောင်း သေချာပါစေ-
- တည်ငြိမ်သော Wi-Fi သို့မဟုတ် ဆယ်လူလာချိတ်ဆက်မှု။
- VPN များ သို့မဟုတ် ကွန်ရက်ကန့်သတ်ချက်များက ပြန်လည်ရယူခြင်းကို မပိတ်ပင်နိုင်ပါ။
Android နှင့်သက်ဆိုင်သော မှတ်ချက်များ
၆။ Signal ကို အမြဲတမ်း အပ်ဒိတ် ဖြစ်နေအောင်ထားပါ။
- Google Play Store မှ Signal ကို အပ်ဒိတ်လုပ်ပါ။
- Signal အပလီကေးရှင်းက နောက်ဆုံးထွက်ဗားရှင်းကို အသုံးပြုနေကြောင်း သေချာပါစေ။
၇။ ပျောက်ဆုံးနေနိုင်သည့်အရာများကို နားလည်ပါ
- လုံခြုံရေး ဘက်ခ်အပ်တွင် အောက်ပါတို့ ပါဝင်သည်-
- စာသားမက်ဆေ့ချ်အားလုံး။
- ပြီးခဲ့သည့် ၄၅ ရက်အတွင်း (အခမဲ့အဆင့်) မီဒီယာ။
- ၄၅ ရက်ထက် ကျော်လွန်သော မီဒီယာများကို အခကြေးငွေပေးရသည့် အဆင့်တွင်သာ ပြန်လည်ရယူနိုင်ပါသည်။
- တစ်ခါကြည့် မက်ဆေ့ချ်နှင့် ၂၄ နာရီအတွင်း ပျောက်သွားသော မက်ဆေ့ချ်များကို မည်သည့်အခါမျှ ပြန်လည်ရယူမည်မဟုတ်ပါ။
၈။ လုံခြုံရေးဘက်ခ်အပ်နှင့် စက်တွင်းရှိ ဘက်ခ်အပ်များကို နားလည်ခြင်း
- Signal လုံခြုံရေးဘက်ခ်အပ်သည် မတူညီသောပလက်ဖောင်းများ (Android မှ iOS ၊ iOS မှ Android) တွင် အလုပ်လုပ်သည်
- စက်တွင်းရှိ ဘက်ခ်အပ်များသည်-
- Android မှ Android သို့သာဖြစ်သည်။
- iOS တွင် မရနိုင်ပါ။
- သင့်စက်တွင် သိုလှောင်ထားသည်။
- လုံခြုံရေး ဘက်ခ်အပ်နှင့် လဲလှယ်၍မရပါ။
- အကယ်၍ သင်သည် android စက်တွင်းရှိ ဘက်ခ်အပ်ကိုသာ ဖန်တီးခဲ့ပါက Signal လုံခြုံရေးဘက်ခ်အပ်မှ ပြန်လည်ရယူ၍မရပါ။
iOS နှင့်သက်ဆိုင်သော မှတ်ချက်များ
၉။ Signal ကို အမြဲတမ်း အပ်ဒိတ် ဖြစ်နေအောင်ထားပါ
- App Store မှ Signal ကို အပ်ဒိတ်လုပ်ပါ။
- Signal အပလီကေးရှင်းက နောက်ဆုံးထွက်ဗားရှင်းကို အသုံးပြုနေကြောင်း သေချာပါစေ။
၁၀။ လုံခြုံရေး ဘက်ခ်အပ်သည် ပြန်လည်ရယူရန် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်
- iOS သည် စက်တွင်းရှိ ဘက်ခ်အပ်ကို မ ပံ့ပိုးပါ။
- သင့်ဖုန်းကို ပြန်လည်ထည့်သွင်းခြင်း သို့မဟုတ် အစားထိုးခြင်းမပြုမီ Signal လုံခြုံရေးဘက်ခ်အပ်ကို ဖွင့်မထားပါက ချက်(တ်)မှတ်တမ်းကို ပြန်လည်ရယူနိုင်မည်မဟုတ်ပါ။
သိထားသင့်သော ပလက်ဖောင်း ကန့်သတ်ချက်များ
၁၁။ မတူညီသောပလက်ဖောင်းများမှ ပြန်လည်ရယူခြင်းတွင် မျှော်မှန်းထားသည့် ကန့်သတ်ချက်များ ရှိပါသည်
- လုံခြုံရေး ဘက်ခ်အပ်သည် Android မှ iOS သို့ ပြန်လည်ရယူခြင်းနှင့် iOS မှ Android သို့ ပြန်လည်ရယူခြင်း နှစ်မျိုးလုံးကို ပံ့ပိုးပေးပါသည်။
- မီဒီယာရရှိနိုင်မှုသည် သင်၏ပုံမှန်လှူဒါန်မှုအဆင့်ပေါ် မူတည်ပါသည်။
- စက်သို့တိုက်ရိုက် လွှဲပြောင်းမှုများနှင့် စက်တွင်းရှိ ဘက်ခ်အပ်များသည် မတူညီသော ပလက်ဖောင်းများမှ ပြန်လည်ရယူခြင်းကို မပံ့ပိုးပါ။
၁၂။ ချိတ်ထားသည့် စက်များသည် မှတ်တမ်းကို ပြန်လည်ရယူပေးနိုင်မည်မဟုတ်ပါ
- ချိတ်ထားသည့် စက်များသည် မက်ဆေ့ချ်မှတ်တမ်းကို သင့်ဖုန်း၊ iPad သို့မဟုတ် အခြား Desktop သို့ ပြန်လည်ရယူပေးနိုင်မည် မဟုတ်ပါ။
- သင့်ဖုန်း ပြန်လည်ရယူခြင်း ပြီးစီး ပြီးနောက်တွင် သာ ချိတ်ထားသည့် စက်များသည် တူအောင်ချိန်ညှိပါသည်။
အခက်အခဲ ရှိနေဆဲလား။
ပြန်စစ်ပါ-
- ပြန်လည်ရယူရေးကီး တိကျမှု (စာလုံး ၆၄ လုံးလုံး)။
- ဖုန်းနံပါတ်။
- Signal အက်ပ်ဗားရှင်း။
- ကွန်ရက်ချိတ်ဆက်မှု။
- လိုအပ်သည့် အချက်များ မပြည့်စုံပါက Signal လုံခြုံရေးဘက်ခ်အပ်ကို ပြန်လည်ရယူ၍မရပါ။