အောက်ပါတို့သည် အသိပေးချက်များအပေါ် သက်ရောက်မှုရှိစေနိုင်သော Oneplus 11 စက်များအတွက် OS-သီးသန့်ဆက်တင်များဖြစ်သည်။
ဘက်ထရီ အကောင်းဆုံးချိန်ညှိခြင်း
ပါဝါ ချွေတာရေးစနစ်ကို ဖွင့်ထားပါက သို့မဟုတ် ပါဝါအသုံးပြုမှုကို နောက်ခံတွင် စီမံခန့်ခွဲပါက အသိပေးချက်များ ကောင်းမွန်စွာ အလုပ်မလုပ်ပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ > ပါဝါ ချွေတာရေးစနစ်ကိုပိတ်ပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ > နောက်ထပ်ဆက်တင် > ဘက်ထရီအသုံးပြုမှု အကောင်းဆုံးချိန်ညှိခြင်း > Signal > အကောင်းဆုံးချိန်ညှိခြင်းမပြုရန် ကို ရွေးပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ > နောက်ထပ်ဆက်တင် > အက်ပ် ဘက်ထရီ စီမံခန့်ခွဲမှု > Signal > နောက်ကွယ်တွင်လုပ်ဆောင်မှုအားခွင့်ပြုရန်ကို ဖွင့်ထားသင့်သည်။
အသိပေးချက်နှင့် အခြေအနေပြဘား
အခြေအနေပြ ဘား၊ လော့ခ် မျက်နှာပြင်၊ နဖူးစည်းနှင့် အက်ပ်အိုင်ကွန်ဘဲ့ဂျ်များအတွက် အသိပေးချက်များအား ဤတွင် ပြင်ဆင်သတ်မှတ်နိုင်သည်။
- Android ဖုန်းဆက်တင် > အသိပေးချက်များနှင့် အခြေအနေပြ ဘား > အသိပေးချက်များလက်ခံရရှိသည့်အခါ မျက်နှာပြင်ကိုနှိုးမည်ကို ဖွင့်ထားသင့်သည်။
- Android ဖုန်းဆက်တင် > အသိပေးချက်များနှင့် အခြေအနေပြ ဘား > အခြေအနေပြ ဘား > အသိပေးချက် အိုင်ကွန်များ > အိုင်ကွန်ကိုပြရန် သို့မဟုတ် အရေအတွက်ကိုပြရန်ကို ရွေးချယ်သင့်သည်။
- Android ဖုန်းဆက်တင် > အသိပေးချက်များနှင့် အခြေအနေပြ ဘား > မျက်နှာပြင်လော့ခ် > Signal ကို ဖွင့်ထားသင့်သည်။
- Android ဖုန်းဆက်တင် > အသိပေးချက်များနှင့် အခြေအနေပြ ဘား > လော့ခ်မျက်နှာပြင် > နဖူးစည်း > နဖူးစည်း အသိပေးချက်များကို ပြသရန်နှင့် Signal ကို ဖွင့်ထားသင့်သည်။
Android ဖုန်းဆက်တင် > အသိပေးချက်များနှင့် အခြေအနေပြ ဘား >လော့ခ် မျက်နှာပြင် > အက်ပ်အိုင်ကွန် ဘဲ့ဂျ်များ > အက်ပ်အိုင်ကွန် ဘဲ့ဂျ်များပြသရန်ကို ဖွင့်ထားသင့်သည်။
မျက်နှာပြင်အပြည့် အသိပေးချက်များ ပေးပို့ခြင်း
- စနစ်ဆက်တင်အက်ပ် ကိုဖွင့်ပါ > အက်ပ်များ > အထူးအက်ပ် ဝင်ရောက်ခွင့် > မျက်နှာပြင်အပြည့် အသိပေးချက်များ ပေးပို့ပါ > Signal ကိုခွင့်ပြုကြောင်းသေချာစေပါ