အပ်ဒိတ်တိုင်းသည် Signal ကို ပိုမိုကောင်းမွန်လာစေပါသည်။ ဤသည်မှာ လူတိုင်းနှင့် ဆက်သွယ်နိုင်စေရန် ဆောင်ရွက်ပုံဖြစ်ပါသည်-
Android
Signal Android ၏ နောက်ဆုံးထွက်ဗားရှင်းမှာ အဘယ်နည်း။
နောက်ဆုံးထွက်ဗားရှင်းနံပါတ်နှင့် အပ်ဒိတ်များစာရင်းအတွက် Google Play ကို စစ်ဆေးပါ။
ကျွန်ုပ်တွင် မည်သည့် Signal Android ဗားရှင်း ရှိပါသနည်း။
သင့်ဖုန်းတွင် Signal ကို ဖွင့်ပါ၊ Signal ဆက်တင် > အကူအညီ > ဗားရှင်းသို့ လမ်းညွှန်ပါ။
Signal Android ကို မည်သို့အပ်ဒိတ် လုပ်ရပါသနည်း။
-
အော်တိုလုပ်ရန်
Signal နှင့် သင့်အခြားအက်ပ်များအတွက် အော်တိုအပ်ဒိတ်များကို သတ်မှတ်ရန် ဤနေရာရှိ Google ၏ ပံ့ပိုးမှု စာမျက်နှာမှအဆင့်များအတိုင်း လုပ်ဆောင်ပါ။ -
ကိုယ်တိုင်လုပ်ရန်
သင့်ဖုန်းတွင် https://signal.org/install သို့ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သို့မဟုတ် သင့် Android ဖုန်းအတွက် Signal Store စာမျက်နှာ သို့ တိုက်ရိုက်သွားခြင်းဖြင့် နောက်ဆုံးထွက်ဗားရှင်းကို ရှာပါ။ သင့်ဖုန်းတွင် သင့်အတွက် ဗားရှင်းအသစ် ရရှိပြီဆိုပါက အပ်ဒိတ်လုပ်ရန် ရွေးချယ်စရာ တွေ့ပါလိမ့်မည်။ အပ်ဒိတ်လုပ်ရန်ကို ရွေးပြီး Signal ကို ဖွင့်ပါ။
Signal Android ကို အပ်ဒိတ်လုပ်ရာတွင် ပြဿနာရှိနေပါသလား။ ဤပြဿနာဖြေရှင်းနည်း အဆင့်များ အတိုင်း လုပ်ဆောင်ပါ။
iOS
Signal iOS ၏ နောက်ဆုံးထွက်ဗားရှင်းမှာ အဘယ်နည်း။
နောက်ဆုံးထွက်ဗားရှင်းနံပါတ်နှင့် အပ်ဒိတ်များစာရင်းအတွက် App Store ကို စစ်ဆေးပါ။
ကျွန်ုပ်တွင် မည်သည့် Signal iOS ဗားရှင်း ရှိပါသနည်း။
သင့်ဖုန်းတွင် Signal ကို ဖွင့်ပါ၊ Signal ဆက်တင် > အကူအညီ > ဗားရှင်းသို့ လမ်းညွှန်ပါ။
Signal iOS ကို မည်သို့အပ်ဒိတ်လုပ်ရပါသနည်း။
-
အော်တိုလုပ်ရန်
Signal နှင့် သင့်အခြားအက်ပ်များအတွက် အော်တိုအပ်ဒိတ်များကို သတ်မှတ်ရန် ဤနေရာရှိ Apple ၏ ပံ့ပိုးမှု စာမျက်နှာမှအဆင့်များအတိုင်း လုပ်ဆောင်ပါ။ -
ကိုယ်တိုင်လုပ်ရန်
သင့်ဖုန်းတွင် https://signal.org/install သို့ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သို့မဟုတ် Signal Store စာမျက်နှာသို့ တိုက်ရိုက်သွားခြင်းဖြင့် နောက်ဆုံးထွက်ဗားရှင်းကို ရှာပါ။ သင့်ဖုန်းတွင် သင့်အတွက် ဗားရှင်းအသစ် ရရှိပြီဆိုပါက အပ်ဒိတ်လုပ်ရန် ရွေးချယ်စရာ တွေ့ပါလိမ့်မည်။ အပ်ဒိတ်လုပ်ရန်ကို ရွေးပြီး Signal ကို ဖွင့်ပါ။
Signal iOS ကို အပ်ဒိတ်လုပ်ရာတွင် ပြဿနာရှိနေပါသလား။ ဤပြဿနာဖြေရှင်းနည်း အဆင့်များ အတိုင်း လုပ်ဆောင်ပါ။
Desktop
Signal Desktop ၏ နောက်ဆုံးထွက်ဗားရှင်းမှာ အဘယ်နည်း။
နောက်ဆုံးထွက်အပ်ဒိတ်များစာရင်းကို ဗားရှင်းနံပါတ်နှင့်အတူ GitHub တွင် ရရှိနိုင်သည် ၊ အင်္ဂါရပ်အသစ်များနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို အသားပေးဖော်ပြထားသော မှတ်စုများကို ထုတ်ပြန်ပေးပါသည်။
ကျွန်ုပ်တွင် မည်သည့် Signal Desktop ဗားရှင်း ရှိပါသနည်း။
သင့် Signal Desktop ဗားရှင်းနံပါတ်ကို စစ်ဆေးရန် သင့်လုပ်ဆောင်မှုစနစ်အတွက် အဆင့်များအတိုင်း အလွယ်တကူ လုပ်ဆောင်ပါ-
- Windows
- Signal Desktop > Help > About သို့ သွားပါ
- macOS
- Signal Desktop > Signal Desktop အကြောင်းသို့ သွားပါ
- Linux
- Signal Desktop > Help > About သို့ သွားပါ
Signal Desktop ကို မည်သို့အပ်ဒိတ်လုပ်ရပါသနည်း။
-
Windows သို့မဟုတ် macOS
- Signal သည် အပ်ဒိတ်များကို ပုံမှန်စစ်ဆေးပြီး စတင်နေစဉ်တွင်လည်း အပ်ဒိတ်များကို စစ်ဆေးပါသည်။ အပ်ဒိတ် ရရှိနိုင်ခြင်း ရှိ၊ မရှိကို ကြည့်ရန် အချိန်မရွေး အက်ပ်မှ ထွက်ပြီး ပြန်ဖွင့်ပါ။
- အပ်ဒိတ်ရရှိပါက ချက်(တ်)စာရင်း အထက်တွင် အပြာရောင်စာတန်းတစ်ခု ပေါ်လာပါမည်။
- နောက်ဆုံးထွက် ဗားရှင်းကို ဖွင့်ရန် အပြာရောင်စာတန်းမှ “Signal ကို ပြန်စရန် နှိပ်ပါ” သို့မဟုတ် “အပ်ဒိတ်ကို ဒေါင်းလုဒ်လုပ်ရန် နှိပ်ပါ” ကို ရွေးချယ်ပါ။
- သတိပေးချက်ကို ဖယ်ရန် “X” ကို ရွေးပြီး Signal ဆက်တင်တွင် အပြာရောင်အညွှန်း အစက်ကို ကြည့်ပါ။ အပ်ဒိတ်လုပ်ရန် Signal ဆက်တင် > Signal ကို အပ်ဒိတ်လုပ်ရန် သို့မဟုတ် အက်ပ်မှ ထွက်ပြီး ပြန်ဖွင့်ရန်သို့ သွားပါ။
- နောက်ဆုံးထွက် ဗားရှင်းကို ဖွင့်ရန် အပြာရောင်စာတန်းမှ “Signal ကို ပြန်စရန် နှိပ်ပါ” သို့မဟုတ် “အပ်ဒိတ်ကို ဒေါင်းလုဒ်လုပ်ရန် နှိပ်ပါ” ကို ရွေးချယ်ပါ။
-
Linux
- အပ်ဒိတ်များကို APT မှတစ်ဆင့် ကိုင်တွယ်ဆောင်ရွက်ပါသည်။
- APT ပက်ကေ့ချ်အသစ်များအတွက် Debian နှင့် Ubuntu Desktop ဝန်းကျင်များက အော်တို စစ်ဆေးပေးပြီး အပ်ဒိတ်များ ရရှိနိုင်သည့်အခါ သင့်စနစ်က သင့်အား အသိပေးပါမည်။
- အပ်ဒိတ်အသစ်များအတွက် စစ်ဆေးရန် “Software Updater” အက်ပ်ကိုလည်း ဖွင့်နိုင်ပါသည်။
- သို့မဟုတ် Signal ကို အပ်ဒိတ်လုပ်ရန် Terminal ဝင်းဒိုးမှ ဖော်ပြပါ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နိုင်ပါသည်-
sudo apt update && sudo apt install signal-desktop
- အက်ပ်ကို အပ်ဒိတ်လုပ်ပြီးနောက် ဗားရှင်းအသစ်ကို ဖွင့်ရန် Signal ကို ရိုးရှင်းစွာ ပြန်လည်စတင်လိုက်ပါ။
Signal Desktop ကို အပ်ဒိတ်လုပ်ရာတွင် ပြဿနာရှိနေပါသလား။ ဤပြဿနာဖြေရှင်းနည်း အဆင့်များ အတိုင်း လုပ်ဆောင်ပါ။