Signal ရှိ အခြားအရာအားလုံးကဲ့သို့ပင် သင့်ပရိုဖိုင်ကို End-to-end ကုဒ်ပြောင်းဝှက်ထားပါသည်။ Signal ဝန်ဆောင်မှုသည် သင်ရွေးချယ်ထားသော အမည် သို့မဟုတ် သင်သတ်မှတ်ထားသော ရုပ်ပုံအကြောင်း မည်သည့်အချက်အလက်မျှ သိမ်းထားခြင်း မရှိပါ။ နောက်ထပ် Blog ပို့စ်ရှိ နည်းပညာဆိုင်ရာ အချက်အလက်များကို ဖတ်ရှုပါ။
ကျွန်ုပ်၏ Signal ပရိုဖိုင်မှာ အဘယ်နည်း။
သင်၏ Signal ပရိုဖိုင်သည် အမည်၊ ဓာတ်ပုံနှင့် သင့်အကြောင်းတို့ဖြစ်ပြီး သင့်ဆက်တင်အပေါ် မူတည်၍ ၎င်းကို သင့်မူလဖုန်းနံပါတ်၏ ဘေးတွင် ပြသနိုင်ပါသည်။
ပရိုဖိုင်း အမည်သည် သုံးစွဲသူအမည်ကဲ့သို့ မဟုတ်ဘဲ တစ်မူထူးခြားရန် မလိုပါ၊ သင်နှင့် ပြောဆိုဆက်ဆံနေသူသည်လည်း သင်နှင့် ချက်(တ်)ထားသည်ကို သူ့ဘက်မှ မြင်ကွင်းတွင် သင့်အမည်ကို မြင်တွေ့ရပုံအား ပြောင်းလဲနိုင်ပါသည်။
ကျွန်ုပ်၏ ပရိုဖိုင်ကို မည်သို့ တည်းဖြတ်နိုင်သနည်း။
- သင့်ဖုန်းတွင် Signal ကို ဖွင့်ပါ > Signal ဆက်တင် သို့ သွားပါ။
- ကျွန်ုပ်၏ ရုပ်ပုံ၊ အမည် သို့မဟုတ် Signal နံပါတ်ကို နှိပ်ပါ။
- တည်းဖြတ်ရန် ရုပ်ပုံ သို့မဟုတ် ကင်မရာ အိုင်ကွန် ကို နှိပ်ပါ။
- တည်းဖြတ်ရန် အမည်အကွက်များကို နှိပ်ပါ။ အမည်အစများ လိုအပ်ပါသည်။ အမည်ပြောင်၊ အက္ခရာတစ်လုံးတည်း သို့မဟုတ် အီမိုဂျိကို လွတ်လပ်စွာရွေးချယ်နိုင်ပါသည်။
- အီမိုဂျိတစ်ခုကို ရွေးပြီး သင့်အကြောင်း စကားလုံးအနည်းငယ် ရေးရန် အကြောင်းကို နှိပ်ပါ။
- iOS အတွက်မူ သင့်ပရိုဖိုင် မျက်နှာပြင်သို့ ပြန်သွားပြီး ပရိုဖိုင်ကို အစမ်းကြည့်ရန် Done ကို ရွေးပါ။
- ဖော်ပြလာပါက Save ကို နှိပ်ပါ။
တစ်စုံတစ်ယောက်၏ အမည် သို့မဟုတ် ဓာတ်ပုံကို ကျွန်ုပ်မြင်ရပုံအား မည်သို့ ပြောင်းလဲနိုင်သနည်း။
တစ်စုံတစ်ယောက်၏ Signal ပရိုဖိုင်ဓာတ်ပုံ သို့မဟုတ် အမည်ကို မမြင်လိုပါက ထိုအဆက်အသွယ်အတွက် အမည်ပြောင်တစ်ခု သတ်မှတ်ပါ။