မြန်ဆန်၊ ရိုးရှင်း၊ စိတ်ချရသည်။ Signal သည် သင့်အိတ်ကပ်ထဲတွင် (သို့မဟုတ် သင့်စားပွဲပေါ်တွင်) ဆံ့သော ကိုယ်ပိုင်အချက်အလက်ပင် ဖြစ်ပါသည်။
ဤနေရာတွင် Signal ကို ဒေါင်းလုဒ်လုပ်ပါ သို့မဟုတ် သင်၏ပလက်ဖောင်းအတွက် ထည့်သွင်းရန်အဆင့်များကို လိုက်နာဆောင်ရွက်ပါ။
Android
Signal Android သုံးစွဲသူများသည် ကမ္ဘာပေါ်ရှိ နေရာတိုင်းမှ အခြား Signal သုံးစွဲသူများသို့ ကိုယ်ပိုင်သီးသန့် မက်ဆေ့ချ်များ ပေးပို့ခြင်း၊ လုံခြုံသော ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်းတို့ကို အင်တာနက်မှတစ်ဆင့် အခမဲ့လုပ်နိုင်သည်။
- Signal-to-Signal ဆက်သွယ်မှုအားလုံးသည် ကိုယ်ပိုင်သီးသန့်ဖြစ်ပြီး ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ထားပါသည်။
- Signal-to-Signal မက်ဆေ့ချ်များသည် လုံခြုံပြီး သင့်ဖုန်းတွင် ဖွင့်ထားသည့် ဝိုင်ဖိုင်နှင့် မိုဘိုင်းဒေတာအပါအဝင် မည်သည့်အင်တာနက်ချိတ်ဆက်မှုကိုမဆို သုံးလျက် အခမဲ့ပေးပို့နိုင်၊ လက်ခံနိုင်သည်။
စတင်ဆောင်ရွက်ပုံ
- သင့်ဖုန်းသည် Android 5.0 နှင့် အထက်ဖြင့် လုပ်ဆောင်နေကြောင်း အတည်ပြုပါ။
မှတ်ချက်- Android တက်ဘလက်များအတွက် ပံ့ပိုးမပေးပါ။ - Google Play Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
- စာရင်းသွင်းမှုလုပ်ငန်းစဉ်ကို ပြီးစီးအောင်လုပ်ဆောင်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
Android ဖုန်းတွင် ထည့်သွင်းရန် အခက်အခဲရှိပါသလား။ ဤ ပြဿနာဖြေရှင်းနည်း အဆင့်များအတိုင်း လုပ်ဆောင်ပါ။
ပြန်လည်ထည့်သွင်းခြင်း ဖြစ်ပါသလား။ ယခင်က ဖန်တီးခဲ့သည့် အရန်သိမ်းဆည်းမှုတစ်ခုမှ ပြန်လည်ရယူရန် သို့မဟုတ် နဂိုရှိနေသော ဖုန်းတစ်လုံးမှ လွှဲပြောင်းရန် ဤအဆင့်များကို လိုက်နာလုပ်ဆောင်ပါ။
iOS
Signal iOS သုံးစွဲသူများသည် ကမ္ဘာပေါ်ရှိ နေရာတိုင်းမှ အခြား Signal သုံးစွဲသူများသို့ ကိုယ်ပိုင်သီးသန့် မက်ဆေ့ချ်များ ပေးပို့ခြင်း၊ လုံခြုံသော ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်းတို့ကို အင်တာနက်မှတစ်ဆင့် အခမဲ့လုပ်နိုင်သည်။
- Signal iOS ပေါ်ရှိ ဆက်သွယ်မှုအားလုံးသည် ကိုယ်ပိုင်သီးသန့်ဖြစ်ပြီး ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ထားပါသည်။
- Signal သည် သင့်ဖုန်းတွင် ဖွင့်ထားသည့် ဝိုင်ဖိုင်နှင့် မိုဘိုင်းဒေတာအပါအဝင် မည်သည့်အင်တာနက်ချိတ်ဆက်မှုကိုမဆို သုံးနိုင်သည်။
စတင်ဆောင်ရွက်ပုံ
- သင်၏ iOS စက်သည် iOS 13 နှင့်အထက်ဖြင့် လည်ပတ်နေကြောင်း အတည်ပြုပါ။
- Apple App Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
- စာရင်းသွင်းမှုလုပ်ငန်းစဉ်ကို ပြီးစီးအောင်လုပ်ဆောင်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
iPhone ဖုန်းတွင် ထည့်သွင်းရန် အခက်အခဲရှိပါသလား။ ဤ ပြဿနာဖြေရှင်းနည်း အဆင့်များအတိုင်း လုပ်ဆောင်ပါ။
စက်အသစ်တစ်လုံးတွင် ပြန်လည်ထည့်သွင်းခြင်းလား။ အခြား iOS စက်တစ်လုံးမှ လွှဲပြောင်းပေးပို့ရန် ဤအဆင့်များကို လိုက်နာလုပ်ဆောင်ပါ။
iPad နှင့် ဖုန်း ချိတ်ဆက်ထားခြင်း
- သင်၏ iPad သည် iPadOS 13 နှင့်အထက်ဖြစ်ကြောင်း အတည်ပြုပါ။
- Apple App Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
- iPad ကို သင့်ဖုန်းနှင့် ချိတ်ဆက်ရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်ပါ။
မှတ်ချက်- ချက်(တ်) မှတ်တမ်းကို ဖုန်းမှ လွှဲပြောင်းပေးပို့ခြင်း မရှိပါ။
iPad တစ်လုံးကို အသုံးပြုနေပါသလား။ နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ သို့မဟုတ် ချိတ်ဆက်ရန် ဤပြဿနာဖြေရှင်းရေး အဆင့်များအတိုင်း လုပ်ဆောင်ပါ။
သီးခြားစက်တစ်လုံးအဖြစ် iPad ကို အသုံးပြုခြင်း
- သင်၏ iPad သည် iPadOS 13 နှင့်အထက်ဖြစ်ကြောင်း အတည်ပြုပါ။
- ထိုနံပါတ်သို့ SMS (iMessage မဟုတ်) သို့မဟုတ် ဖုန်းခေါ်ဆိုမှုများကို သင် လက်ခံနိုင်ကြောင်း အတည်ပြုပါ။
- Apple App Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
- ညာဘက်ထိပ်ရှိ ချိတ်ဆက်မှုဖြုတ်ရန် အိုင်ကွန်
ကို နှိပ်ပါ။
- စာရင်းသွင်းမှုလုပ်ငန်းစဉ်ကို ပြီးစီးအောင်လုပ်ဆောင်ရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။
Desktop
သင်၏ လက်ပ်တော့ပ် သို့မဟုတ် desktop ကွန်ပျူတာမှတစ်ဆင့် Signal မက်ဆေ့ချ်များကို ပေးပို့ရန်နှင့် လက်ခံရန် Signal Desktop ကို သင့်မိုဘိုင်းစက်နှင့် ချိတ်နိုင်ပါသည်။
- Signal Desktop ရှိ မက်ဆေ့ချ်ပေးပို့မှုအားလုံးသည် ကိုယ်ပိုင်သီးသန့်ဖြစ်ပါသည်။
- သင့်မိုဘိုင်းဖုန်းနှင့် ချိတ်ပြီးသောအခါ Signal မက်ဆေ့ချ်များကို ထိုဖုန်းရှိ Signal နှင့် တူအောင်ညှိလိုက်သည်။ သင်၏ ယခင်မက်ဆေ့ချ်ပို့ခဲ့သော မှတ်တမ်းမှာ ပေါ်နေမည် မဟုတ်ပါ။
စတင်ဆောင်ရွက်ပုံ
- Signal ကို သင်၏ Android ဖုန်း သို့မဟုတ် iPhone တွင် ထည့်သွင်းထားကြောင်းနှင့် အလုပ်လုပ်နေကြောင်း အတည်ပြုပါ။
- သင်၏ OS သည် Signal Desktop ကို ပံ့ပိုးပေးကြောင်း အတည်ပြုပါ-
- Windows 10 နှင့် 11 ။
- macOS 10.13 နှင့်အထက်။
- Linux Ubuntu သို့မဟုတ် Debian ကဲ့သို့ APT ကို ပံ့ပိုးပေးသော 64-bit ဖြန့်ဝေမှုများ။
- Windows- ထည့်သွင်းသည့်လင့်ခ်မှ အချက်ပြမှုများအတိုင်း လုပ်ဆောင်ပါ။
- macOS- Signal ကို Applications ဖိုင်တွဲသို့ ရွှေ့ပြောင်းပါ။ စီမံသူမဟုတ်သော သုံးစွဲသူများသည် Spotlight ကို အသုံးပြုလျက်
~/Applications
ကို ရှာဖွေသင့်ပြီး Signal ၏ ထည့်သွင်းမှုဖိုင်ကို ထိုဖိုင်လမ်းကြောင်းသို့ ရွှေ့ပြောင်းသင့်သည်။ - Linux- Signal repository ကို စီစဉ်သတ်မှတ်ရန်နှင့် Signal package ကို ထည့်သွင်းရန် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
မိုဘိုင်းစက်မရှိဘဲ Signal Desktop ကို ထည့်သွင်း၍ရပါသလား။
မရပါ။ Signal Desktop သည် မက်ဆေ့ချ်များ ပေးပို့ရန်နှင့် လက်ခံရန်အတွက် Signal Android သို့မဟုတ် Signal iOS နှင့် ချိတ်ထားရပါမည်။