နောက်ဆုံးထွက် Signal အပ်ဒိတ်များသည် ဖုန်းအသစ်တွင် သင့် Signal အကောင့်ကို စာရင်းပြန်သွင်းနိုင်သည့် သို့မဟုတ် ရှိပြီးသား ဖုန်းတွင် Signal ကို ပြန်လည်ထည့်သွင်းနိုင်သည့် ရွေးစရာ နည်းလမ်းကို မိတ်ဆက်ပေးထားပါသည်။ SMS ကုဒ် ရောက်လာသည်ကို စောင့်ရခြင်း (တစ်ခါတစ်ရံ ၎င်းကို ကြည့်ရန် အခြားအက်ပ်သို့ ပြောင်းရတတ်ပါသည်) အစား လုပ်ငန်းစဉ်အသစ်က ပိုမိုမြန်ဆန်လွယ်ကူပြီး လုံခြုံစိတ်ချရပါသည်။ ဤသည်မှာ ၎င်းအလုပ်လုပ်ပုံ ဖြစ်ပါသည်-
- Signal သည် Android (ရှိပါက) တွင် ကီးတန်ဖိုးဒေတာ သိမ်းဆည်းမှု သို့မဟုတ် iOS (ရှိပါက) တွင် iCloud ကီးတန်ဖိုး သိမ်းဆည်းမှု ကို သုံး၍ တိုကင်ကို သိမ်းဆည်းပါသည်။
- ဤတိုကင်သည် သင့် Signal PIN နှင့် ပေါင်းစည်းသည့်အခါ သင်သည် ပေးထားသော ဖုန်းနံပါတ်၏ နောက်ဆုံးပိုင်ရှင်ဖြစ်ကြောင်း သက်သေပြနိုင်ပါသည်၊ ၎င်းက SMS ကုဒ် ပေးပို့ခြင်းကို ကျော်လိုက်နိုင်စေပါသည်။ တစ်နည်းအားဖြင့် တိုကင်နှင့် Signal PIN ပေါင်းစည်းမှုသည် SMS ကုဒ်ကို အစားထိုးနိုင်ပါသည်။
- တိုကင်သီးသန့်အနေဖြင့် သင် သို့မဟုတ် သင့်အကောင့်အကြောင်း အချက်အလက်များကို မည်သူ့ထံမျှ မပံ့ပိုးနိုင်သည့်အပြင် ၎င်းကို ပြန်လည်စာရင်းသွင်းမှု လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့်သာ သုံးပါသည်။
မှတ်ချက်- သင့် Signal PIN ကို မမှတ်မိပါက ယခင်နည်းဟောင်း SMS အတည်ပြုမှု နည်းလမ်းကို အစားထိုးသုံးရန် ညာဘက်ထိပ်ထောင့်ရှိ “ကျော်ရန်” ခလုတ်ကို နှိပ်ပါ။
Signal PIN ပြန်လည်စာရင်းသွင်းမှု လုပ်ငန်းစဉ်အကြောင်း အချက်အလက်များကို ပိုမိုစိတ်ဝင်စားသူများအတွက်-
- သင် သို့မဟုတ် တစ်စုံတစ်ယောက်သည် စာရင်းသွင်းမှု လုပ်ငန်းစဉ် လုပ်ဆောင်ပြီးပါက (ဥပမာ- SMS အတည်ပြုမှု ပြီးစီးခြင်းဖြင့်) တိုကင်များသည် ချက်ချင်း ပျက်ပြယ်သွားပါမည်။
- သင့်အကောင့်ကို ဖျက်လိုက်ပါကလည်း ၎င်းတို့သည် ပျက်ပြယ်သွားပါမည်။
- ၎င်းနံပါတ်ဖြင့် အောင်မြင်စွာ စာရင်းသွင်းထားသော နောက်ဆုံးတိုကင်သည် သက်တမ်းဆက်ရှိနေပါမည်။
- မှန်ကန်သည့် Signal PIN ကို မသိပါက တိုကင်သည် အသုံးမဝင်ပါ။
- ဤအပ်ဒိတ်များကြောင့် စာရင်းသွင်းလော့ခ်အပေါ် သက်ရောက်မှု မရှိပါ။ သင့် Signal PIN ကို တစ်ကြိမ်သာ ဖြည့်သွင်းရန် လိုပါသည်။