လုံခြုံရေးနံပါတ်မှာ အဘယ်နည်း။
Signal တစ်ဦးချင်း ချက်(တ်)တိုင်းတွင် သီးခြား လုံခြုံရေးနံပါတ် ရှိပြီး ၎င်းက အချို့အဆက်အသွယ်များနှင့် ပြုလုပ်သော သင့်မက်ဆေ့ချ်များနှင့် ကောလ်များ၏ လုံခြုံမှုကို စိစစ်အတည်ပြုရန် လုပ်ဆောင်ပေးပါသည်။ ၎င်းသည် မည်သူ့ ထောက်အထားကိုမျှ အတည်မပြုပါ။
လုံခြုံရေးနံပါတ်များ အတည်ပြုခြင်းသည် အထိခိုက်မခံသော ဆက်သွယ်မှုအတွက် ကောင်းမွန်သော လုံခြုံရေး လုပ်ထုံးလုပ်နည်းတစ်ရပ် ဖြစ်ပါသည်။ လုံခြုံရေးနံပါတ်ကို အတည်ပြုပြီးဟု အမှတ်အသားပြုပြီးပါက မက်ဆေ့ချ်အသစ် မပို့မီ ပြောင်းလဲမှုတိုင်းကို ကိုယ်တိုင်ခွင့်ပြုရပါမည်။
လုံခြုံရေးနံပါတ် ပြောင်းလဲမှု သတိပေးချက်ကို အဘယ်ကြောင့် မြင်ရပါသနည်း။
လုံခြုံရေးနံပါတ် ပြောင်းသည့်အခါတိုင်း Signal က သင့်ကို အကြံပြုပါသည်။ ဤသည်က သုံးစွဲသူများအား အဆက်အသွယ်တစ်ခုနှင့် ဆက်သွယ်ရာတွင် ကိုယ်ပိုင်အချက်အလက်လုံခြုံရေးကို စစ်ဆေးရန် လုပ်ဆောင်ပေးပြီး Man-in-the-Middle Attacks ကြိုးပမ်းမှုတိုင်းကို ကူညီကာကွယ်ပေးပါသည်။
လုံခြုံရေးနံပါတ် အကြံပေးချက် ပြသလေ့ရှိသည့် အဖြစ်အများဆုံး အခြေအနေများမှာ တစ်ဖက် အဆက်အသွယ်က ဖုန်းအသစ်ပြောင်းခြင်း သို့မဟုတ် Signal ကို ပြန်လည်ထည့်သွင်းခြင်းတို့ကြောင့် ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်တိုင်းတွင် လုံခြုံရေးနံပါတ် အမြဲတမ်း ပြောင်းလဲသွားလေ့မရှိပါ။ သို့သော် လုံခြုံရေးနံပါတ်သည် မကြာခဏ သို့မဟုတ် မျှော်လင့်မထားဘဲ ပြောင်းနေပါက တစ်ခုခု မှားယွင်းနေသည့် လက္ခဏာဖြစ်နိုင်ပါသည်။
လုံခြုံရေးနံပါတ် ပြောင်းလဲမှု သတိပေးချက်မတိုင်မီ ကျွန်ုပ်၏ မက်ဆေ့ချ်သည် အဘယ်ကြောင့် မရောက်သွားပါသနည်း။
လုံခြုံရေးနံပါတ် ပြောင်းလဲပြီးနောက် မရောက်ရှိသော မက်ဆေ့ချ်များကို ပြန်ပေးပို့မည် မဟုတ်ပါ။ မက်ဆေ့ချ်တိုင်းအတွက် လော့ခ်များနှင့် ကီးများ ရှိနေခြင်းကဲ့သို့ပင် Signal နှင့်အတူ သင့်မက်ဆေ့ချ်များကို End-to-end ကုဒ်ပြောင်းဝှက်ထားပါသည်။ လုံခြုံရေးနံပါတ် ပြောင်းလဲသွားသည့်အခါ သင့်မက်ဆေ့ချ်များအတွက် လော့ခ်များနှင့် ကီးများ ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်ပါသည်။ လုံခြုံရေးနံပါတ် ပြောင်းလဲမှုမတိုင်မီ ပေးပို့သော မက်ဆေ့ချ်များသည် လော့ခ်အဟောင်းများကို သုံးနေသောကြောင့် ရောက်ရှိမည် မဟုတ်ပါ။
လုံခြုံရေးနံပါတ်ကို မည်သို့ကြည့်ရမည်နည်း။
မှတ်ချက်- မက်ဆေ့ချ်တောင်းဆိုမှုတစ်ခုကို သင် လက်ခံပြီးမှသာ ၎င်းကို ဖန်တီးခြင်းဖြစ်ပါသည်။
- အဆက်အသွယ်တစ်ခုနှင့် ပြောရန် ချက်(တ်)တစ်ခု ဖွင့်ပါ။
- ချက်(တ်) ခေါင်းစဉ် သို့မဟုတ်
ပိုလျှံမီနူးကို နှိပ်ပြီးနောက် ချက်(တ်)ဆက်တင်ကို နှိပ်ပါ။
- လုံခြုံရေးနံပါတ် ကြည့်ရန်ကို ရွေးပါ။
ကျွန်ုပ်၏ အဆက်အသွယ်နှင့်အတူ လုံခြုံရေးနံပါတ်ကို မည်သို့အတည်ပြုရပါသနည်း။
လုံခြုံရေးနံပါတ်များကို နှိုင်းယှဉ်ရန် အလွယ်ဆုံးနည်းမှာ သင့်အဆက်အသွယ်၏ QR ကုဒ်ကို စကန်ဖတ်ရန် ဖြစ်ပါသည် (လူကိုယ်တိုင်လုပ်လျှင် အကောင်းဆုံးဖြစ်ပါမည်) ဂဏန်းကုဒ်ကို အမြင်အားဖြင့် သို့မဟုတ် အကြားအားဖြင့်လည်း နှိုင်းယှဉ်နိုင်သည်၊ သို့မဟုတ် အခြားချန်နယ်တစ်ခုတွင် သုံးရန်အတွက် သင့်ကလစ်ဘုတ်သို့ ၎င်းကို ကူးယူရန် မျှဝေမှုအိုင်ကွန်ကို သုံးနိုင်ပါသည်။ လုံခြုံရေးနံပါတ်သည် ထပ်တူကျပါက သင်သည် မှန်ကန်သောပုဂ္ဂိုလ်နှင့် ဆက်သွယ်နေခြင်းဖြစ်ကြောင်း စိတ်ချထားနိုင်ပါသည်။
၎င်းကို ပြုလုပ်ရန်အတွက် သင်နှင့် တစ်ဖက်လူ နှစ်ဦးစလုံးအနေဖြင့် အထက်တွင် ဖော်ပြထားသည့်အတိုင်း လုံခြုံရေးနံပါတ်တစ်ခုကို ကြည့်ရှုရန်အဆင့်များအား လိုက်နာပြီး ကုဒ်ကို စကန်ဖတ်ရန် သို့မဟုတ် မျှဝေရန် နှိပ်သင့်ပါသည်။ ထို့နောက် သင့်ဘက်တွင်သာ ဆက်တင်ကို အသုံးပြုရန် "အတည်ပြုပြီးဟု မှတ်သားမည်" ကို နှိပ်နိုင်ပါသည်။
လုံခြုံရေးနံပါတ်၏ အတည်ပြုထားသောအခြေအနေကို မည်သို့စီမံရပါသနည်း။
လုံခြုံရေးနံပါတ်ကို ကြည့်ရှုကာ အတည်ပြုပြီးဟု အမှတ်အသားပြုရန် သို့မဟုတ် အတည်ပြုမှုကို ဖယ်ရှားရန် ခလုတ်အား နှိပ်ပါ။
လုံခြုံရေးနံပါတ်ကို အတည်ပြုပြီးအဖြစ် အမှတ်အသားပြုထားပါက မည်သို့သိရှိရပါသနည်း။
လုံခြုံရေးနံပါတ်ကို အတည်ပြုပြီးအဖြစ် အမှတ်အသားပြုသည့်အခါ သင့်အဆက်အသွယ်၏ အမည်ဘေးရှိ ချက်(တ်)ခေါင်းစဉ်တွင် အမှန်ခြစ် ပေါ်လာမည်ဖြစ်သည်။ လုံခြုံရေးနံပါတ် မပြောင်းမချင်း သို့မဟုတ် အတည်ပြု အခြေအနေကို သင်ကိုယ်တိုင် မပြောင်းမချင်း ၎င်းသည် အတည်ပြုပြီးအတိုင်း ရှိနေမည်ဖြစ်သည်။