Signal စကားဝိုင်းများကို အစဉ် End-to-end ကုဒ်ပြောင်းဝှက်ထားပါသည်၊ ဆိုလိုသည်မှာ ၎င်းတို့ကို သင်ရည်ရွယ်ပေးပို့သော လက်ခံရရှိသူတို့ကသာ ဖတ်နိုင်၊ နားထောင်နိုင်ပါသည်။ ကိုယ်ပိုင်အချက်အလက် လုံခြုံရေးသည် ရွေးချယ်ရသော စနစ်တစ်ခု မဟုတ်ပါ — ၎င်းသည် Signal လည်ပတ်သည့် ပုံစံဖြစ်ပါသည်။ မက်ဆေ့ချ်တိုင်း၊ ခေါ်ဆိုမှုတိုင်း၊ အချိန်တိုင်းအတွက်ဖြစ်သည်။ ဆာဗာသည် မှန်ကန်စွာ လည်ပတ်နေကြောင်းနှင့် လုံခြုံရေးနံပါတ်များသုံးပြီး အမှန်တကယ်ဆက်သွယ်လိုသူနှင့် ဆက်သွယ်ပြောဆိုနေကြောင်း စိတ်ချနိုင်ပါသည်။
Signal သုံးစွဲသူများနှင့် Signal ဆာဗာအတွက် ပြီးပြည့်စုံသော Source Code ကို GitHub တွင် ရရှိနိုင်ပါသည်။ ဤသည်က လုံခြုံရေးနှင့် မှန်ကန်ကိုက်ညီမှုအတွက် ကုဒ်ကို ဆန်းစစ်ရန်အလို့ငှာ စိတ်ပါဝင်စားသော ပုဂ္ဂိုလ်များအတွက် လုပ်ဆောင်ပေးထားပါသည်။