Signal ပရိုဖိုင်များနှင့် မက်ဆေ့ချ် တောင်းဆိုချက်များ သည် သုံးစွဲသူများအား ၎င်းတို့ကို မည်သူတို့က မက်ဆေ့ချ်ပေးပို့နေသည်ကို သိရှိစေပါသည်။
နောက်ထပ်ဖတ်ရှုရန်-
- Signal ပရိုဖိုင်များ
- မက်ဆေ့ခ်ျတောင်းဆိုမှုများ
ကျွန်ုပ်၏ Signal ပရိုဖိုင်မှာ အဘယ်နည်း။
သင်၏ ကုဒ်ပြောင်းဝှက်ထားသော Signal ပရိုဖိုင်သည် အက်ပ်အတွင်း သင်သတ်မှတ်ထားသော အမည်နှင့် ရုပ်ပုံဖြစ်ပါသည်။ ၎င်းကို သင့်ဖုန်းနံပါတ်နှင့် ဘေးချင်းကပ်လျက် ပြသပါသည်။ စက်ပြောင်းပါက သို့မဟုတ် စက်ပျောက်သွားပါက သင်၏ ရှိနှင့်ပြီးသား ပရိုဖိုင်ကို သင်၏ PIN သုံး၍ ပြန်လည်ရယူနိုင်ပါသည်။
Signal ပရိုဖိုင်တစ်ခု လိုအပ်ပါသလား။
မဖြစ်မနေ ဖော်ပြရသော (ကုဒ်ပြောင်းဝှက်လျက်) အမည်များသည် လူပုဂ္ဂိုလ်တို့အား ၎င်းတို့ကို မည်သူတို့က မက်ဆေ့ချ်ပေးပို့သည်ကို သိရှိရစေပါသည်။
- အမည်အစများ လိုအပ်ပါသည်။ အမည်ပြောင်၊ အက္ခရာတစ်လုံးတည်း သို့မဟုတ် အီမိုဂျိကို လွတ်လပ်စွာရွေးချယ်နိုင်ပါသည်။
- ဓာတ်ပုံများနှင့် အမည်နောက်စာလုံးတို့သည် မိမိဆန္ဒအရ ထည့်လိုက ထည့်နိုင်ပါသည်။
- သိရှိရန်မှာ အဆက်အသွယ်များထဲတွင် သင့်အား မမှတ်ထားရသေးသော သူတို့ထံ မက်ဆေ့ချ်ပေးပို့သည့်အခါ ၎င်းတို့က မြင်ရမည်ပုံမှာ ဤအတိုင်း ဖြစ်ပါသည်။
ကျွန်ုပ် Signal ပရိုဖိုင်ကို မည်သို့ ပြသသနည်း။
၎င်းကို သင်၏ ရှိနှင့်ပြီးသော ဖုန်းနံပါတ်နှင့် ဘေးချင်းကပ်လျက် ပြသပါမည်။ စကားဝိုင်းများသည် ပုဂ္ဂိုလ်ရေးအရ ပို၍ ပတ်သက်မှုရှိသည်ဟု ခံစားရပါမည်။ အဖွဲ့စာတွဲများသည် ပို၍ ရှင်းရှင်းလင်းလင်း မြင်ရတွေ့ရပါမည်။
ကျွန်ုပ်၏ Signal ပရိုဖိုင်ကို မည်သူက မြင်နိုင်ပါသနည်း။
၎င်းကို ဖော်ပြပါတို့နှင့် အလိုအလျောက် ဝေမျှထားပါသည်
- သင့်လိပ်စာစာအုပ်တွင် သိမ်းထားသည့် အဆက်အသွယ်တိုင်း ၊
- သင်ဖန်တီးသည့် စကားဝိုင်းများရှိ လူပုဂ္ဂိုလ်တိုင်း သို့မဟုတ် အဖွဲ့တိုင်း၊
- သင်ရှင်းရှင်းလင်းလင်း လက်ခံထားသည့် လူပုဂ္ဂိုလ်တိုင်း သို့မဟုတ် အဖွဲ့တိုင်း၊
- ထို့အပြင် ယခင်က သင့်ပရိုဖိုင်ကို ဝေမျှထားဖူးသူ တစ်ဦးက သင့်ကို ထည့်ထားသည့် အဖွဲ့တိုင်း။
ကျွန်ုပ် Signal ပရိုဖိုင်ကို ဝေမျှရန် လိုအပ်ပါသလား။
လိုအပ်ပါသည်၊ ချက်(တ်)များ ဆက်လက်လုပ်ဆောင်ရန်အတွက် သင့်ပရိုဖိုင်ကို ဝေမျှရန် လိုအပ်ပါသည်။
Signal ဆာဗာများက ကျွန်ုပ်၏ Signal ပရိုဖိုင်ကို မြင်နိုင်ပါသလား။
Signal ဝန်ဆောင်မှုသည် သင်ရွေးချယ်ထားသော အမည် သို့မဟုတ် သင်သတ်မှတ်ထားသော ရုပ်ပုံအကြောင်း မည်သည့်အချက်အလက်မျှ သိမ်းထားခြင်း မရှိပါ။ သင့်ပရိုဖိုင်အချက်အလက်သည် သင့်စကားဝိုင်းများနှင့် ခေါ်ဆိုမှုများကို ကာကွယ်ပေးထားသည့် တူညီသော Signal Protocol မက်ဆေ့ချ်ပေးပို့ခြင်း ချန်နယ်မှတစ်ဆင့် လုံခြုံစွာ ဝေမျှထားသည့် ထူးခြားသော ပရိုဖိုင်ကီးဖြင့် End-to-end ကုဒ်ပြောင်းဝှက်ထားပါသည်။
မက်ဆေ့ချ်တောင်းဆိုချက်ဆိုသည်မှာ အဘယ်နည်း။
မက်ဆေ့ချ်တောင်းဆိုချက်များသည် သင့်ထံ ဆက်သွယ်ရန် ကြိုးပမ်းနေသည့် တစ်စုံတစ်ဦးထံမှ မက်ဆေ့ချ်များကို တားမြစ်ရန်၊ ဖျက်ရန် သို့မဟုတ် လက်ခံရန် ရွေးချယ်မှုအား ပေးစွမ်းပါသည်။
- တစ်ဦးချင်း စကားဝိုင်းများအတွက် သင့်ထံ မက်ဆေ့ချ် ပေးပို့ရန် သို့မဟုတ် ဖုန်းခေါ်ဆိုရန် ကြိုးပမ်းသူ၏ အမည် (ထို့အပြင် ဓာတ်ပုံ) ကို သင်မြင်ရပါသည်။
- အဖွဲ့လိုက် စကားဝိုင်းများအတွက် အဖွဲ့တစ်ခုတွင် ပါဝင်မည် မပါဝင်မည်ကို ပိုမိုထိန်းချုပ်နိုင်စေပြီး ဖုန်းနံပါတ်တစ်ပုံတစ်ပင်တို့အစား ပရိုဖိုင်များသုံးခြင်းကြောင့် အဖွဲ့ဝင်များသည်လည်း ပို၍ ရှင်းရှင်းမြင်ရပါမည်။
- တစ်ဦးချင်း စကားဝိုင်းများအတွက် သင်၏စက်တွင် ဤအဆက်အသွယ်နှင့် သင်တို့ အတူပါဝင်သော အခြားအဖွဲ့တစ်ခုခု ရှိပါက Signal က စာရင်းဖော်ပြပါသည်။ ၎င်းကို စက်တွင် တွေ့ရပါသည်။
- ၎င်းသည် စကားဝိုင်းတစ်ခုကို သင် ဆက်လက်ပြောဆိုလိုခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် အကူအညီပေးရန် ဖြစ်ပါသည်။
- သင့်အနေဖြင့် အချိန်မရွေး ၎င်းတို့ကို ချက်(တ်)မှ ပိတ်ပင် ပြီးနောက် သင့်အဆက်အသွယ်စာရင်းထဲမှ ဖျက်ပစ် နိုင်ပါသည်။
တူညီသောအဖွဲ့များ ရှိ၊ မရှိ သိရရန် ၎င်း၏ ပရိုဖိုင်း အမည်အောက်တွင်ရှိသော သတိပေးချက်ကို ကြည့်ပါ။ |
ဖော်ပြပါကို လုပ်ဆောင်သည့်အခါ မည်သို့ ဖြစ်မည်နည်း ...
ဘလော့ လုပ်မည် |
|
ဖျက်ရန် |
|
လက်ခံသည် |
|