ကျွန်ုပ်၏ အဆက်အသွယ်များထံသို့ ကျွန်ုပ်၏ ဖုန်းနံပါတ်ကို Signal က ပေးပို့ပါသလား။
သင့်ဖုန်းနံပါတ်ကို အခြားသူများ မြင်တွေ့နိုင်သည်ဟု ဖွင့်ထားခြင်းမရှိသလို အခြားသူများထံ သင် မက်ဆေ့ချ်ပို့ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်းလည်း မရှိပါက Signal သည် သင့်ဖုန်းနံပါတ်ကို မည်သူ့ထံမျှ မပေးပို့ပါ။ သင့်အဖွဲ့ချက်(တ်)များ၏ အခြားသော မန်ဘာများသည် သင့်ပရိုဖိုင်နှင့် ဖုန်းနံပါတ်ကို မြင်နိုင်ပါသည်။ Signal ဝန်ဆောင်မှုသည် သင့်အဆက်အသွယ်များအကြောင်း မည်သည့်အချက်အလက်မျှ မသိရှိထားပါ။ ဒေတာများကို သင့်ဖုန်းက အလုံးစုံပိုင်ဆိုင်ပါသည်။ စာရင်းသွင်းခြင်း အသိပေးချက်များကို မည်သည့်ရည်ရွယ်ချက်အတွက်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ထံမျှ ကူးပြောင်းပေးခြင်း လုံးဝ မရှိပါ၊ ဤအသိပေးချက်များကို သင့်ဖုန်းကသာ ဖန်တီးပါသည်။
ကျွန်ုပ်၏ အဆက်အသွယ်သည် Signal အသုံးပြုနေကြောင်း မည်သို့ သိရှိနိုင်သနည်း။
Signal သည် သီးသန့်အဆက်အသွယ် ရှာဖွေလေ့လာမှု လုပ်ငန်းစဉ်ကို ရေးသား ဖန်တီးထားပြီး Signal သုံးစွဲသူများအနေဖြင့် Signal ဝန်ဆောင်မှုအား ၎င်းတို့၏ လိပ်စာစာအုပ်ရှိ အဆက်အသွယ်များကို ဖော်ပြခြင်း မရှိဘဲ ၎င်းတို့၏ လိပ်စာစာအုပ်ထဲရှိ အဆက်အသွယ်များသည် Signal သုံးစွဲသူဖြစ်ခြင်း ရှိ မရှိ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆုံးဖြတ်နိုင်စေပါသည်။ သင့်ဖုန်းသည် သင့်အဆက်အသွယ်များထဲမှ Signal သုံးစွဲသူကို သိရှိသည်နှင့် အဆက်အသွယ်အသစ်တစ်ဦးသည် Signal စတင်သုံးစွဲသည့်အခါ သင့်အား သင့်ရွေးချယ်မှုအရ အသိပေးအကြောင်းကြားပေးနိုင်ပါသည်။
ကျွန်ုပ်သည် Signal တွင် ချိတ်ဆက်ပါဝင်ထားကြောင်း တစ်စုံတစ်ဦးက အဘယ်ကြောင့် မြင်ရသနည်း။
သင့်ဖုန်းနံပါတ်ကို သိရှိထားပြီးသော သူများနှင့် ၎င်းတို့၏ အဆက်အသွယ်များထဲတွင် သင့်ကိုထည့်ထားသော သူများသည် သင့်ကို Signal တွင် ဆက်သွယ်နိုင်ကြောင်း မြင်တွေ့ရပါသည်။ သင့် Signal အက်ပ် သို့မဟုတ် Signal ဝန်ဆောင်မှုက ၎င်းတို့ထံ မည်သည်ကိုမျှ မပေးပို့ပါ။ ၎င်းတို့သိသော ဖုန်းနံပါတ်တစ်ခုသည် စာရင်းသွင်းထားကြောင်းသာ ၎င်းတို့ မြင်ရပါသည်။ အကယ်၍ တစ်စုံတစ်ဦးသည် လုံခြုံမှုမရှိသော SMS ဖြင့် သင့်ထံစာပို့နိုင်လျှင် ၎င်းအစား Signal မက်ဆေ့ချ်ဖြင့် ပေးပို့နိုင်ကြောင်း ထိုသူတို့အား မြင်တွေ့စေလိုပါသည်။
ကျွန်ုပ်၏ အဆက်အသွယ်သည် Signal တွင် ပါဝင်ထားကြောင်း အဘယ်ကြောင့် ကျွန်ုပ်က မြင်ရသနည်း။
သင့်အဆက်အသွယ်စာရင်းတွင်း သိမ်းဆည်းလိုက်သော တစ်စုံတစ်ဦးသည် Signal သုံးစွဲသူအသစ် ဖြစ်သည့်အခါ သင့်အား အသိပေးအကြောင်းကြားပါသည်။ သင့်အဆက်အသွယ်ထံ လုံခြုံမှု မရှိသော SMS ပေးပို့နိုင်ပါက ၎င်းအစား Signl မက်ဆေ့ချ်ဖြင့် ပေးပို့နိုင်ကြောင်း သင့်အား သိရှိစေလိုပါသည်။
ကျွန်ုပ်၏ အဆက်အသွယ်သည် Signal တွင် ပါဝင်ထားကြောင်း သတိပေးချက်များကို မည်သို့ ပိတ်ရမည်နည်း။
သင့်ဖုန်းတွင် Signal ဆက်တင် > အသိပေးချက် > ...ဖြစ်သည့်အခါ အသိပေးရန်သို့ ဆွဲသွားပြီး အဆက်အသွယ်သည် Signal တွင် ပါဝင်ထားသည်အား ပိတ်ရန်သို့ သွားခြင်းဖြင့် ဤသတိပေးချက်များကို ပိတ်နိုင်ပါသည်။
အဆက်အသွယ်တစ်ဦးသည် Signal သုံးနေကြောင်း မည်သို့ သိနိုင်သနည်း။
Android၊ iOS နှင့် Desktop တွင် သင့်ဖုန်း၏ အဆက်အသွယ်စာရင်းတွင် သိုလှောင်ထားသော Signal အဆက်အသွယ်များကို သင်စကားစတင်ပြောနိုင်သည့် တစ်စုံတစ်ဦးအဖြစ် ပြသပါမည်။