- ခေါ်ဆိုမှု အဆင့်များ
- ခေါ်ဆိုနေဆဲ သို့မဟုတ် ချိတ်ဆက်နေဆဲ ဟုသာ ပြနေခြင်း
- ခေါ်ဆိုမှုတွင် ဖြေကြားခြင်းမရှိပါဟု ပြပြီး ဖုန်းချလိုက်ခြင်း
- ခေါ်ဆိုမှုအရည်အသွေးကို မြှင့်တင်ခြင်း
- ခေါ်ဆိုမှုများအတွက် ဒေတာလျှော့သုံးခြင်း
- ကျွန်ုပ်၏အဆက်အသွယ်ထံမှ ဘာမှမကြားရခြင်း
- လွတ်သွားသောခေါ်ဆိုမှု သတိပေးချက်များ
- ကျွန်ုပ်၏အဆက်အသွယ်ကို မမြင်ရခြင်း
- ဗီဒီယိုကို လွဲမှားစွာလှည့်ထားခြင်း
- Desktop ခွင့်ပြုချက်များ ဖွင့်ခြင်း
- Desktop OS ဆက်တင်ကို စစ်ဆေးခြင်း
ခေါ်ဆိုမှု အဆင့်များ
သင့် Signal ခေါ်ဆိုမှု မျက်နှာပြင်သည် ဖော်ပြပါတို့ကို ပြသပါမည်
- ခေါ်ဆိုနေဆဲ သို့မဟုတ် ချိတ်ဆက်နေဆဲ - ဖုန်းခေါ်ဆိုမှု ချိတ်ဆက်မိရန် စောင့်ဆိုင်းနေစဉ်။
- ဖုန်းသံမြည်နေသည် - သင့်အဆက်အသွယ်၏ ဖုန်းသည် အွန်လိုင်းတွင် ရှိနေပြီး ဖုန်းသံမြည်နေစဉ်။
- အချိန်ပြ ကိန်းဂဏန်းများ - သင်၏ ခေါ်ဆိုမှုကို ဖြေဆိုလိုက်သည့်နောက်ပိုင်း။
ကျွန်ုပ်၏ ခေါ်ဆိုမှုမျက်နှာပြင်တွင် ခေါ်ဆိုနေဆဲ သို့မဟုတ် ချိတ်ဆက်နေဆဲ ဟုသာ ပြသနေသည်မှာ ဘာကြောင့်နည်း။
- သင်၏ခေါ်ဆိုမှုတွင် ဖုန်းသံစတင်မြည်စေရန်အတွက် သင်နှင့် သင်၏အဆက်အသွယ် နှစ်ဦးစလုံးမှာ အင်တာနက်ချိတ်ဆက်ထားရပါမည်။ သင် ခေါ်ဆိုမှု ပြုလုပ်လိုက်ချိန်တွင် သင်၏အဆက်အသွယ်မှာ အင်တာနက်ချိတ်မထားခြင်း သို့မဟုတ် သူက သင့်ကို ဘလော့ခ်ထားခြင်း ဖြစ်နိုင်ပါသည်။ စစ်ဆေးရန်-
- သင် ပေးပို့သော မက်ဆေ့ချ်များမှာ သင်၏အဆက်အသွယ်ထံသို့ ရောက်ရှိသွားကြောင်း အတည်ပြုပါ။
- ဤအဆက်အသွယ်ထံမှ မက်ဆေ့ချ်များကို သင် လက်ခံနိုင်ကြောင်း အတည်ပြုပါ။
- ဖုန်းနှစ်လုံးထဲမှ တစ်လုံး၏ အချိန်ဇုန်အတွက် ရက်စွဲနှင့် အချိန်ဆက်တင်များကို မှန်ကန်စွာသတ်မှတ်မထားပါ။
ခေါ်ဆိုမှုမျက်နှာပြင်တွင် ဖြေကြားခြင်းမရှိပါဟု ပြပြီး ချက်ချင်းဖုန်းချလိုက်ခြင်းမှာ ဘာကြောင့်နည်း။
သင်၏စက်မှာ အင်တာနက်ချိတ်ဆက်ထားခြင်းမရှိပါ။ သင်၏ ဝိုင်ဖိုင် သို့မဟုတ် မိုဘိုင်းဒေတာ ချိတ်ဆက်မှုကို စစ်ဆေးပါ။
ဖုန်းမြည်သံ တိုးနေပါက ဘာလုပ်ရမလဲ။
- iOS အတွက် သင်၏စက်ကို ကြည့်လိုက်သောအခါ အသံမှာ ပို၍တိုးနေပါက Attention Aware အင်္ဂါရပ်ကို ပိတ်ပါ။
ခေါ်ဆိုမှုအရည်အသွေးကို မည်သို့မြှင့်တင်ရမည်နည်း။
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- Wi-Fi နှင့် ဆယ်လူလာဖြင့် ခေါ်ဆိုမှုများအတွက် ဒေတာသုံးစွဲမှု လျှော့ချခြင်းကို ဖွင့်ပါ။ Signal ဆက်တင် > ဒေတာနှင့် သိုလှောင်မှု (Android) သို့မဟုတ် ဒေတာသုံးစွဲမှု (iOS) သို့ သွားပါ > ဒေတာသုံးစွဲမှု လျှော့ချခြင်းကို နှိပ်ပါ > Wi-Fi နှင့် ဆယ်လူလာကို ရွေးချယ်ပါ။
ဖုန်းခေါ်ဆိုမှုများတွင် ဒေတာ မည်သို့လျှော့သုံးရမည်နည်း။
- Signal ဆက်တင် > ဒေတာနှင့် သိုလှောင်မှု (Android) သို့မဟုတ် ဒေတာသုံးစွဲမှု (iOS) သို့ သွားပါ > ဒေတာသုံးစွဲမှု လျှော့ချခြင်းကို နှိပ်ပါ > Wi-Fi နှင့် ဆယ်လူလာကို ရွေးချယ်ပါ။
ကျွန်ုပ်၏အဆက်အသွယ်ထံမှ ဘာမှမကြားရပါက ဘာလုပ်သင့်သနည်း။
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- သင့်ဖုန်း၏ အသံအတိုးအကျယ်ကို မြှင့်ပါ။
- မိုက်ကရိုဖုန်း ခွင့်ပြုချက်များကို ဖွင့်ထားကြောင်း အတည်ပြုပါ။
- သင်၏ firewall သို့မဟုတ် ပြင်ပအဖွဲ့အစည်းအက်ပ်တစ်ခုက Signal ၏ အင်တာနက်သုံးစွဲခွင့်ကို ကန့်သတ် သို့မဟုတ် ပိတ်ပင်နေခြင်း ရှိမရှိ စစ်ဆေးပါ။
- စပီကာကို အခြားရွေးချယ်စရာတစ်ခုသို့ ပြောင်းပါ ဆိုလိုသည်မှာ စပီကာဖုန်းကို ပိတ်/ဖွင့်ပြီးနောက် မူလ စပီကာရွေးချယ်မှုသို့ ပြန်ပြောင်းပါ။
လွတ်သွားသောခေါ်ဆိုမှုကို ဘာကြောင့်မြင်တွေ့ရသနည်း။
- ခေါ်ဆိုမှုကို သင် လက်ခံရရှိခဲ့ချိန်က သင့်စက်မှာ အော့ဖ်လိုင်းဖြစ်နေနိုင်ပါသည်။
- မနှောင့်ယှက်ရ စနစ်ကို ပိတ်ပါ။
- iOS တွင် ပါဝါအားနည်း စနစ်ကို ပိတ်ပါ- iPhone ဆက်တင် > ဘက်ထရီ > ပါဝါအားနည်း စနစ်ကို ပိတ်မည်။
- သင်နှင့် သင်၏အဆက်အသွယ် နှစ်ဦးစလုံး မှာ Signal ၏ အပ်ဒိတ်အဖြစ်ဆုံးဗားရှင်းကို သုံးနေခြင်းဖြစ်ကြောင်း အတည်ပြုပါ။
- သင့်ဖုန်း၏ ရက်စွဲနှင့် အချိန် ဆက်တင်များကို သင့်အချိန်ဇုန်အတွက် မှန်ကန်စွာသတ်မှတ်ထားခြင်းရှိမရှိ စစ်ဆေးပါ။
- သင် သို့မဟုတ် သင်၏အဆက်အသွယ်တွင် Signal ၏ အင်တာနက်သုံးစွဲခွင့်ကို ကန့်သတ် သို့မဟုတ် ပိတ်ပင်နေသော firewall သို့မဟုတ် ပြင်ပအဖွဲ့အစည်းအက်ပ်တစ်ခုရှိနေသလား စစ်ဆေးပါ။
- သင်နှင့် သင်၏အဆက်အသွယ်သည် ခွင့်ပြုချက် စာရင်းအပြည့်အစုံ ကို ဖွင့်ပေးထားကြောင်း အတည်ပြုပါ။
- မတူညီသော အင်တာနက်ချိတ်ဆက်မှုတစ်ခုကို ပြောင်းသုံးပါ။ ဥပမာ မိုဘိုင်းဒေတာမှ ဝိုင်ဖိုင်သို့ ပြောင်းခြင်း။
- iOS တွင် CallKit ကို အသုံးပြုသော ဒေသများ၌ မျက်နှာပြင်ကို လော့ခ်ချထားသောအခါ ဗီဒီယိုခေါ်ဆိုမှုများတွင် အသိပေးချက် + တုန်ခါမှုကို ပြသသော်လည်း ဖုန်းသံမြည်ခြင်းမရှိပါ။ iPhone ဆက်တင် > Signal > အသိပေးချက်များ > သတိပေးချက် ကဏ္ဍအောက်တွင် လော့ခ်မျက်နှာပြင်ကို ရွေးချယ်ခြင်းဖြင့် သင်၏ လော့ခ်မျက်နှာပြင်အတွက် အသိပေးချက်များကို ပြသပါ။
ဗီဒီယိုခေါ်ဆိုမှုတွင် ကျွန်ုပ်၏အဆက်အသွယ်ကို မည်သို့မြင်တွေ့နိုင်သနည်း။ ကျွန်ုပ်အဆက်အသွယ်၏ ဗီဒီယိုက ဘယ်မှာနည်း။
သင့်ကို မည်သူတွေ့မြင်နိုင်ကြောင်း သင် အပြည့်အဝထိန်းချုပ်ခွင့်ရှိသည်။ သင်၏အဆက်အသွယ်မှာလည်း အလားတူရွေးချယ်ခွင့်ရှိသည်။
- သင်၏ဗီဒီယိုကို ပြသရန်အတွက် သင့်ဘက်ခြမ်းတစ်ဘက်တည်းတွင် ဗီဒီယိုဖွင့်ရန် ဗီဒီယိုအိုင်ကွန် ကို နှိပ်ပါ။ သင့်စက်အတွက် ခွင့်ပြုချက် စာရင်းအပြည့်အစုံကို ဖွင့်ပေးထားကြောင်း အတည်ပြုရန် လိုအပ်နိုင်ပါသည်။
- သင့်အဆက်အသွယ်၏ ဗီဒီယိုကို မြင်ရရန်အတွက် ၎င်း၏ဘက်ခြမ်းမှ ဗီဒီယိုအိုင်ကွန် ကို နှိပ်ရန်လိုအပ်ပါမည်။ ၎င်း၏စက်အတွက် ခွင့်ပြုချက် စာရင်းအပြည့်အစုံကို ဖွင့်ပေးထားကြောင်း အတည်ပြုရန် လိုအပ်နိုင်ပါသည်။
ကျွန်ုပ်အဆက်အသွယ်၏ ဗီဒီယိုမှာ တစ်စောင်းဖြစ်နေပြီး မျက်နှာပြင်အပြည့်မပေါ်ခြင်းမှာ ဘာကြောင့်နည်း။
- ၎င်း၏ဖုန်းတွင် အလိုက်သင့်လှည့်၍ဖော်ပြမှုကို လော့ခ်ချထားသလား စစ်ဆေးခိုင်းပါ။
ဖုန်းခေါ်ဆိုမှုအတွက် Desktop ခွင့်ပြုချက်များကို မည်သို့ဖွင့်ရမည်နည်း။
-
အက်ပ် ခွင့်ပြုချက်များထဲတွင် ခွင့်ပြုခြင်း။
- Signal Desktop တွင် သင်၏ပရိုဖိုင် > ဦးစားပေးများကို နှိပ်ပြီး မိုက်ကရိုဖုန်းနှင့် ကင်မရာ အသုံးပြုခွင့်ပေးပါ။
-
OS ခွင့်ပြုချက်များကို ပြင်ဆင်ပြောင်းလဲခြင်း-
- macOS- Apple မီနူး > စနစ် ဆက်တင်ကို ရွေးပါ > လုံခြုံရေးနှင့် ကိုယ်ပိုင်အချက်အလက်ကို နှိပ်ပါ > ကိုယ်ပိုင်အချက်အလက်ကို ရွေးပါ > ကင်မရာကို ရွေးပါ > Signal ဘေးရှိ အကွက်ကို ရွေးပါ။ ဤဆက်တင် သက်ဝင်လုပ်ဆောင်ရန်အတွက် Signal သည် ပြန်လည်စတင်ရန် လိုပါမည်။
- macOS- Apple မီနူး > စနစ် ဆက်တင်ကို ရွေးပါ > လုံခြုံရေးနှင့် ကိုယ်ပိုင်အချက်အလက်ကို နှိပ်ပါ > ကိုယ်ပိုင်အချက်အလက်ကို ရွေးပါ > မျက်နှာပြင်မျှဝေခြင်းကို ရွေးပါ > Signal ဘေးရှိ အကွက်ကို ရွေးပါ။ ဤဆက်တင် သက်ဝင်လုပ်ဆောင်ရန်အတွက် Signal သည် ပြန်လည်စတင်ရန် လိုပါမည်။
အခြား OS ဆက်တင်များကို စစ်ဆေးခြင်း-
-
- macOS- သင်၏ iPhone ကို webcam အဖြစ် အသုံးပြုရန် ကြိုးစားနေပါက- Apple မီနူး > စနစ် ဆက်တင် > အထွေထွေ > AirPlay & Handoff ကို ရွေးချယ်ပြီး ၎င်းကို ခွင့်ပြုထားကြောင်း သေချာပါစေ။
- Windows- အသံအတိုးအကျယ် ဆက်တင်ကို စစ်ဆေးပါ။
- Signal Desktop ကို ပိတ်ပါ။
- ဆက်တင် အက်ပ် > အသံ > နောက်ထပ် အသံဆက်တင်များ > ဆက်သွယ်ရေးကို ဖွင့်ပါ။
- "ဘာမှမလုပ်ပါ" ကို ရွေးချယ်ပြီး သုံးမည်ကို နှိပ်ပါ။
- Signal Desktop ကို ဖွင့်ပါ။ ခေါ်ဆိုမှုတစ်ခု လုပ်ကြည့်ပြီး အသံအတိုးအကျယ် အနေအထား ပိုကောင်းလာခြင်း ရှိ၊ မရှိကို စစ်ဆေးပါ။
- Windows- အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း "ဆက်သွယ်ရေးလုပ်ဆောင်ချက်" ထိန်းချုပ်မှုကို "ဘာမှမလုပ်ပါ" ဟု သတ်မှတ်ထားပြီးသော်လည်း ပြဿနာဆက်ရှိနေပါက အောက်ပါအဆင့်များကို စမ်းလုပ်ကြည့်ပါ-
- ဆက်တင် အက်ပ် > စနစ် > အသံ > စပီကာများကို ဖွင့်ပြီး သင်၏ အသံထွက်သည့်စက်အတွက် "မြှင့်တင်မှုများ" / "အသံပိုင်းမြှင့်တင်မှု" ဆက်တင်ကို ပိတ်ကြည့်ပါ။
- ဆက်တင် အက်ပ် > စနစ် > အသံ > စပီကာများ ကို ဖွင့်ပြီး သင်၏ အသံပိုင်း Driver များ အပ်ဒိတ် ဖြစ်၊ မဖြစ် စစ်ဆေးပါ။ အချို့သော ထုတ်လုပ်သူများမှာ ယခင်က ပြဿနာများ ရှိခဲ့ပြီး ၎င်းတို့ကို အပ်ဒိတ်များဖြင့် ဖြေရှင်းပေးထားသည်။