သင်၏ Signal အကောင့်ကို စတင်အသုံးပြုရန် ပြင်ဆင်ခဲ့သော ဖုန်းတွင် အပြီးအပိုင် ဖျက်နိုင်သည်။
အရေးကြီးသည်- Signal အကောင့်များကို ရက်ပေါင်း 120 ကြာ အသုံးမပြုပါက ဖျက်ပစ်မည်ဖြစ်သည်။ သင့်အကောင့်ကို ဆက်လက်အသုံးပြုနိုင်စေရန် မူလဖုန်းတွင် Signal ကို ပုံမှန်ဖွင့်ပါ။
သင်၏ Signal အကောင့်ကို ဖျက်ရန်
သင့်ကိုယ်စား Signal အကောင့်ကို ကျွန်ုပ်တို့ ဖျက်ပေး၍ မရပါ။ သင်၏ Signal အကောင့်ကို စတင်ဖွင့်လှစ်ခဲ့သော ဖုန်းရှိ Signal အက်ပ်မှ သင်ကိုယ်တိုင် ဖျက်ရပါမည်။ အကောင့်သည် သင်ပိုင်ဆိုင်ကြောင်း အတည်မပြုနိုင်သောကြောင့် အီးမေးလ် သို့မဟုတ် အခြားနည်းလမ်းများဖြင့် ပေးပို့လာသော အကောင့်ဖျက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ လက်ခံဆောင်ရွက်ပေး၍ မရပါ။
လိုအပ်ချက်- အကောင့်ကို ပြောင်းလဲမှုများ ပြုလုပ်ရန် သင်၏ Signal အကောင့်ကို စတင်အသုံးပြုရန် ပြင်ဆင်ခဲ့သော ဖုန်းတွင် Signal သည် ပုံမှန်အလုပ်လုပ်နေသည့် အခြေအနေဖြစ်ရပါမည်။ သင့်ဖုန်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းမဟုတ်သည့် Signal အကောင့်ကို အပြောင်းအလဲလုပ်၍မရပါ။
သင့်အကောင့်ကို ဖျက်ရန်-
- သင်၏ Signal အကောင့်ကို စတင်အသုံးပြုရန် ပြင်ဆင်ခဲ့သော ဖုန်းတွင် Signal ကို ဖွင့်ပါ။
- ဆက်တင် > အကောင့် > အကောင့်ဖျက်ရန်သို့ သွားပါ။
- သင့်ဖုန်းနံပါတ်ကို ထည့်သွင်းပြီး အတည်ပြုပါ။
သင့်အကောင့်ကို ဖျက်လိုက်ပါက သင့်ဖုန်းနံပါတ်ကို Signal အသုံးပြုသူအဖြစ် အသိအမှတ်ပြုတော့မည် မဟုတ်ပါ။
Signal Desktop ဒေတာကို ဖျက်ရန်
Signal Desktop ဒေတာကို ဖျက်ခြင်းသည် သင်၏ Signal အကောင့်ကို ဖျက်မည်မဟုတ်ပါ။ ၎င်းသည် ထိုကွန်ပျူတာမှ သင့်မက်ဆေ့ချ်များနှင့် အခြား Signal ဒေတာများကိုသာ ဖယ်ရှားပေးသည်။
သင်၏ Signal အကောင့်သည် သင့်ဖုန်းနှင့် ချိတ်ဆက်ထားသော အခြားစက်များတွင် ဆက်လက်အသုံးပြုနိုင်သည့် အခြေအနေတွင် ရှိနေမည်ဖြစ်သည်။
- Signal ကို ဖွင့်ပါ။
- စိတ်ကြိုက်ဦးစားပေးများသို့ သွားပါ။
- Mac- Signal > Settings သို့သွားပါ။
- Window- ဖိုင် > စိတ်ကြိုက်ဦးစားပေးများသို့ သွားပါ။
- Linux- ဖိုင် > ဆက်တင်သို့ သွားပါ။
- ကိုယ်ပိုင်အချက်အလက်ကို ရွေးပါ။
- အတည်ပြုရန် အက်ပလီကေးရှင်းဒေတာကို ဖျက်မည်ကို ရွေးချယ်ပါ။
သင်၏ Signal အကောင့်ကို ဖျက်ရန် သင်၏ Signal အကောင့်ကို စတင်အသုံးပြုရန် ပြင်ဆင်ခဲ့သော ဖုန်းတွင် အထက်ပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။။
Signal Desktop ကို ဖြုတ်ရန်
သင့်ကွန်ပျူတာမှ Signal Desktop အက်ပ်နှင့် ၎င်း၏ စက်တွင်းဒေတာများကို ဖယ်ရှားရန်-
Windows
အောက်ပါအဆင့်များတွင် <YourName> ကို သင့် Windows အသုံးပြုသူအမည်ဖြင့် အစားထိုးပါ-
-
C:\Users\<YourName>\AppData\Local\Programs\signal-desktopတွင် Uninstall Signal.exe ကို ရွေးပါ။ - ကိုယ်တိုင်ဖျက်ရန်
C:\Users\<YourName>\AppData\Local\Programs\signal-desktop။
macOS
-
/Applicationသို့မဟုတ်~/Applicationဖိုင်လမ်းကြောင်းတွင် Signal.app ဖိုင်ကို ဖျက်ပါ။ -
~/Library/Application Support/Signalတွင် စက်တွင်းဒေတာကို ဖျက်ပါ။
Linux
-
apt-get remove signal-desktopကို သုံးပါ။ -
~/.config/Signalကို ဖျက်ပါ။
Signal ကို စတင်အသုံးပြုရန် ပြင်ဆင်ခဲ့သောဖုန်း မရှိတော့ဘူးလား။
သင်၏ Signal အကောင့်ကို ဖျက်ရန် သို့မဟုတ် ပြောင်းလဲမှုများ ပြုလုပ်ရန် Signal အကောင့်ကို စတင်အသုံးပြုရန် ပြင်ဆင်ခဲ့သော ဖုန်းတွင် Signal သည် ပုံမှန်အလုပ်လုပ်နေသည့် အခြေအနေဖြစ်ရပါမည်။ အကောင့်သည် သင်ပိုင်ဆိုင်ကြောင်း အတည်မပြုနိုင်သောကြောင့် သင့်ဖုန်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်း မဟုတ်သည့် အကောင့်ကို ဖျက်၍ မရပါ။
သင်၏ Signal အကောင့်ကို စတင်အသုံးပြုရန် ပြင်ဆင်ခဲ့သော ဖုန်းတွင် အသုံးပြု၍မရတော့ပါက သင့်အကောင့်သည် ရက်ပေါင်း 120 ကြာ အသုံးမပြုဘဲ ရှိနေပြီးနောက် ဖျက်ပစ်မည်ဖြစ်သည်။ ထို့နောက် သင့်ဖုန်းနံပါတ်ကို Signal အသုံးပြုသူအဖြစ် ထပ်မံအသိအမှတ်ပြုတော့မည် မဟုတ်ပါ။