ကျွန်ုပ်တို့၏မက်ဆေ့ချ်ပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း အင်္ဂါရပ်များကို အမြဲတစေ အထစ်အငေါ့မရှိ အလုပ်လုပ်စေလိုပါသည်။ သင်ကြုံတွေ့နေရသော ပြဿနာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းနှင့် ပြဿနာဖြေရှင်းရာတွင် ကျွန်ုပ်တို့ကို အကူအညီပေးမည့် အချက်အလက်များကို ပေးအပ်ရန် လိုလားခြင်းအတွက် ကျေးဇူးတင်ပါသည်။
ပြစ်ချက် အစီရင်ခံစာများကို ကျွန်ုပ်တို့ အလေးအနက်ထားပြီး ကျွန်ုပ်တို့၏အက်ပလီကေးရှင်းများ ပိုမိုတည်ငြိမ်စေရန်နှင့် အသုံးပြု၍ရစေရန် ပြုလုပ်ရာတွင် သင်၏အကူအညီကို ကျေးဇူးတင်ပါသည်။ ပြဿနာ သို့မဟုတ် ပျက်စီးမှုတစ်ခုကို သင်ကြုံတွေ့ရပါက ပြဿနာဖြစ်ပြီးပြီးချင်း ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို တင်ပြပေးပါ။ တစ်ခါတစ်ရံ သင်၏အဆက်အသွယ်မှ သို့မဟုတ် သင်၏ဖုန်းနှင့် Signal Desktop နှစ်ခုစလုံးမှ ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို ကျွန်ုပ်တို့ လိုအပ်ပါမည်။
ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းတစ်ခုကို မျှဝေပေးရန် ဤအဆင့်များကို လိုက်နာပါ-
ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းထဲတွင် မည်သည်တို့ပါဝင်သနည်း။
ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းများတွင် အဆင့်နိမ့် အက်ပ်အချက်အလက်များ ပါဝင်ပြီး သင်၏မက်ဆေ့ချ်တွင် ပါရှိသော မည်သည့်အကြောင်းအရာကိုမျှ ထုတ်ဖော်ခြင်းမပြုပါ။ သင်နှင့်ပတ်သက်သော ဒေတာကို ကျွန်ုပ်တို့ စုဆောင်းရယူခြင်းမပြုသောကြောင့် ပြဿနာကို စစ်ဆေးဖော်ထုတ်ရာတွင် အကူအညီပေးခြင်းနှင့် ၎င်းကိုဖြေရှင်းရာတွင် အတူတကွလုပ်ဆောင်ခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။
Android
လော့ခ်ဖွင့်ထားသည့်အခါ Signal မှ ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းတစ်ခုကို မျှဝေပေးရန် အဆင့်များ-
- Signal တွင် သင်၏ပရိုဖိုင်
> အကူအညီ > ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်း > တင်ပြမည်ကို နှိပ်ပါ။
- URL ကို ကူးယူရန် နှိပ်ပြီး ဖိထားပါ။
- ပြဿနာတင်ပြချက်ပုံစံ အသစ်တစ်ခုတွင် URL ကို ကူးထည့်ပါ။
Signal ၏ လော့ခ်မျက်နှာပြင်မှ ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို မျှဝေရန် အဆင့်များ-
- မီနူး > ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်း > တင်ပြမည် သို့သွားပါ။
- URL ကို ကူးယူရန် နှိပ်ပြီး ဖိထားပါ။
- ပြဿနာတင်ပြချက်ပုံစံ အသစ်တစ်ခုတွင် URL ကို ကူးထည့်ပါ။
Signal ၏ စာရင်းသွင်းမှု သို့မဟုတ် PIN ထည့်သွင်းမှုလုပ်ငန်းစဉ်မှ ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို မျှဝေရန် အဆင့်များ-
မျက်နှာပြင်မှ ပံ့ပိုးမှုသို့ ဆက်သွယ်ခြင်းကို ရွေးချယ်ပါ သို့မဟုတ် အောက်ပါအဆင့်များကို လိုက်နာပါ။
- မည်သည့်မျက်နှာပြင်တွင်မဆို ခေါင်းစီးပေါ်တွင် 8 ကြိမ်နှိပ်ပါ။
- URL ကို ကူးယူရန် နှိပ်ပြီး ဖိထားပါ။
- ပြဿနာတင်ပြချက်ပုံစံ အသစ်တစ်ခုတွင် URL ကို ကူးထည့်ပါ။
ဤသည်မှာ Signal Desktop နှင့် ပတ်သက်သည့် ပြဿနာဖြစ်ပါက Signal Desktop ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို ထည့်သွင်းပေးပါ။
iOS
ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းတစ်ခုကို မျှဝေရန် အဆင့်များ
- Signal တွင် သင်၏ပရိုဖိုင်
ကို နှိပ်ပါ > ဆက်တင် > အကူအညီ > ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို တင်ပြမည် > လင့်ခ်ကို ကူးယူပါ။
- မည်သို့ဖြစ်နေကြောင်း ရှင်းလင်းဖော်ပြလျက် အီးမေးလ်ပို့ပါ။
Signal ၏ စာရင်းသွင်းမှု သို့မဟုတ် PIN ထည့်သွင်းမှုလုပ်ငန်းစဉ်မှ ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို မျှဝေရန် အဆင့်များ-
မျက်နှာပြင်မှ ပံ့ပိုးမှုသို့ ဆက်သွယ်ခြင်းကို ရွေးချယ်ပါ သို့မဟုတ် အောက်ပါအဆင့်များကို လိုက်နာပါ။
- မျက်နှာပြင်ပေါ်ရှိ နေရာလွတ်တစ်ခုကို 8 ကြိမ် နှိပ်ပါ။
- URL ကို ကူးယူရန် နှိပ်ပြီး ဖိထားပါ။
- ပြဿနာတင်ပြချက်ပုံစံ အသစ်တစ်ခုတွင် URL ကို ကူးထည့်ပါ။
ပျက်စီးမှုအစီရင်ခံစာကို မျှဝေရန် အဆင့်များ
- iOS ဆက်တင်
> ကိုယ်ပိုင်အချက်အလက် (နှင့် လုံခြုံရေး) > ပိုင်းခြားသုံးသပ်ချက် (နှင့် တိုးတက်မှုများ) > ပိုင်းခြားသုံးသပ်မှု ဒေတာသို့ သွားပါ။
- နောက်ဆုံး Signal-(ရက်စွဲအချိန်).ips ဖိုင်ကို ရှာဖွေပြီး ရွေးချယ်ပါ။ ဖိုင်သည် Signal ဖြင့် အစပြုကြောင်း သေချာပါစေ၊ နှိုးဆော်မှုများ ပါဝင်သော ဖိုင်မှန်သမျှကို လျစ်လျူရှုပါ၊ လက်ရှိနှင့်အနီးစပ်ဆုံး ရက်စွဲနှင့် အချိန် ပါဝင်ကြောင်း သေချာအောင်လုပ်ပါ။
- ညာဘက်ထိပ်ရှိ မျှဝေမည်
ကို နှိပ်ပါ။
- support@signal.org သို့ အီးမေးလ်ပို့ပါ။
ဤသည်မှာ Signal Desktop နှင့် ပတ်သက်သည့် ပြဿနာဖြစ်ပါက Signal Desktop ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို ထည့်သွင်းပေးပါ။
Desktop
ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းတစ်ခုကို မျှဝေရန် အဆင့်များ
- Signal > ကြည့်ရှုမည် > ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို ဖွင့်ပါ။
- သင်၏ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို စစ်ဆေးပါ သို့မဟုတ် တည်းဖြတ်ပါ။
- တင်ပြမည် ကို ရွေးချယ်ပါ။
- ကူးယူမည်ကို ရွေးပါ။
- ပြဿနာတင်ပြချက်ပုံစံ အသစ်တစ်ခုတွင် URL ကို ကူးထည့်ပါ။
- သင့်စကားဝိုင်းများသို့ ပြန်သွားရန် ညာဘက်ထိပ်ရှိ
ပိတ်မည်ကို ရွေးပါ။
Signal Desktop မပွင့်ပါက ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို မျှဝေရန်အဆင့်များ
- သင်၏ အက်ပလီကေးရှင်းဒေတာ ပါရှိသော ဖိုင်တွဲကို ရှာဖွေပါ
- macOS-
~/Library/Application Support/Signal
- Linux-
~/.config/Signal
- Windows 10-
C:\Users\<YourName>\AppData\Roaming\Signal
- macOS-
- ရွေးချယ်နိုင်သည်- ZIP/
logs
ဖိုင်တွဲကို ချုံ့ပါ -
logs
ဖိုင်တွဲ သို့မဟုတ်logs
ဖိုင်တွဲထဲမှ မှတ်တမ်းတစ်ခုခုကို support@signal.org သို့ ပူးတွဲဖိုင်အဖြစ် မျှဝေပေးပါ။
ဤသည်မှာ သင့်မိုဘိုင်းနှင့် ပတ်သက်သည့် ပြဿနာဖြစ်ပါက Signal Android ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်း သို့မဟုတ် Signal iOS ပြစ်ချက်ရှာဖွေပြုပြင်မှု မှတ်တမ်းကို ထည့်သွင်းပေးပါ။