အရေးကြီး
သင်၏ ကိုယ်ပိုင်အချက်အလက်အတွက် မက်ဆေ့ချ်များကို သင်၏စက်များတွင်သာ သိမ်းဆည်းထားပါသည်။ Signal တွင် သင့်စကားဝိုင်းမှတ်တမ်း၏ မိတ္တူ မရှိပါ။ Signal ကို အသစ်ပြန်လည်ထည့်သွင်းရာတွင် သင်၏ ယခင် မက်ဆေ့ချ်မှတ်တမ်းကို ပြန်လည်မရယူပါ။ သင့်တွင် စက်အဟောင်းရှိပါက ဖုန်းအသစ်သို့ မက်ဆေ့ချ်မှတ်တမ်းကို လွှဲပြောင်းရန် ဤအဆင့်များကို အသုံးပြုပါ။
ဤသည်တို့ကိုလည်း ဖတ်ရှုပါ-
အတည်ပြုကုဒ်ကို မရရှိဘူးလား။
အတည်ပြုကုဒ် ရောက်လာသောအခါ ၎င်းကို အခြားသူများနှင့် မမျှဝေပါနှင့်။
- သင်သည် သင်၏မိုဘိုင်းကွန်ရက် လွှမ်းခြုံမှုအတွင်း၌ ရှိနေပြီး SMS မက်ဆေ့ချ်များကို လက်ခံနိုင်ကြောင်း အတည်ပြုပါ။
- ဖုန်းနံပါတ်သို့ ခေါ်ဆိုမှုတစ်ခုကို သင် လက်ခံနိုင်ကြောင်း အတည်ပြုပါ။
- သင်၏ဖုန်းနံပါတ်ကို မှန်ကန်စွာရိုက်ထည့်ထားခြင်းရှိမရှိ စစ်ဆေးပါ။
- အမည်မသိ ပေးပို့သူများထံမှ မက်ဆေ့ချ်များကို သင် ဘလော့ခ်မထားကြောင်း အတည်ပြုပါ။
- နိုင်ငံတကာဆက်သွယ်ရေးသုံး ဖုန်းနံပါတ်အပြည့်အစုံကို ရိုက်ထည့်ပြီး နံပါတ်အစရှိ သုညများအားလုံးကို ချန်ထားခဲ့ပါ
- ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှ ဖုန်းနံပါတ်များမှာ +5521 ဖြင့် စသင့်သည်။
- အာဂျင်တီးနားနိုင်ငံမှ ဖုန်းနံပါတ်များမှာ +549 ဖြင့် စသင့်သည်။
- သင့်ကိုဝန်ဆောင်မှုပေးသူထံ ဆက်သွယ်ပြီး သင့်အနေဖြင့် အမည်မသိ ပေးပို့သူများထံမှ မက်ဆေ့ချ်များကို "STOP" ဟု တုံ့ပြန်မထားကြောင်း သို့မဟုတ် စီးပွားရေး (သို့) ငွေလွှဲပြောင်းမှုဆိုင်ရာ အသိပေးချက်များကို လက်ခံခြင်းမပြုရန် ရွေးချယ်မထားကြောင်း အတည်ပြုပါ။
- သင့်ကိုဝန်ဆောင်မှုပေးသူသည် T-Mobile၊ Metro PCS၊ Google Fi (T-Mobile ကို အသုံးပြုထား) သို့မဟုတ် အခြားသော T-Mobile အခြေပြု ဝန်ဆောင်မှုတစ်ရပ် ဖြစ်ပါက
- အတည်ပြုကုဒ်ကို SMS ဖြင့် လက်ခံရန်-
- "ကုဒ်တို ကန့်ကွက်စာရင်း" ("Shortcode Blacklist") ကို သင့်အကောင့်အတွက် ဖယ်ရှားရန် #611# သို့ခေါ်၍ ကိုယ်စားလှယ်သို့ တောင်းဆိုပေးပါ
- အတည်ပြုကုဒ်ကို ဖုန်းခေါ်ဆိုမှုဖြင့် လက်ခံရန်-
- လိမ်လည်မှု ဘလော့ခ်ခြင်း ကို ပိတ်ထားရန် #632# သို့ ခေါ်ဆိုပါ။
- iOS သုံးစွဲသူများ- iOS ဆက်တင် > ဖုန်း သို့သွားပါ > အမည်မသိ ခေါ်ဆိုသူများကို အသံပိတ်ထားခြင်း ဆက်တင်ကို ပိတ်ပေးပါ။
- Google-Fi သုံးစွဲသူများသည် အရင်းခံ ဆက်သွယ်ရေးကယ်ရီယာကို ပြောင်းနိုင်သည်။ သင်၏ Fi ချိတ်ဆက်မှုကို ပံ့ပိုးပေးထားသည့် ဆက်သွယ်ရေးကယ်ရီယာကို ပြောင်းရန် သုံးနိုင်သော ဒိုင်ခွက် ရှော့တ်ကတ်အချို့မှာ ယခုအတိုင်းဖြစ်သည်။
- သင်၏ လက်ရှိ ဆက်သွယ်ရေးကယ်ရီယာ အချက်အလက်ကို ကြည့်ရန်- ##fiinfo##
- T-Mobile သို့ ပြောင်းရန်- ##fitmo##
- Sprint သို့ ပြောင်းရန်- ##fispr##
- US Cellular သို့ ပြောင်းရန်- ##fiusc##
- အလိုအလျောက် သို့ ပြန်ပြောင်းရန်- ##fiauto##
- အတည်ပြုကုဒ်ကို SMS ဖြင့် လက်ခံရန်-
စာရင်းသွင်းခြင်းဆိုင်ရာ ထပ်ဆောင်း ပြဿနာဖြေရှင်းခြင်း
Android
အတည်ပြုကုဒ် ရောက်လာသောအခါ ၎င်းကို အခြားသူများနှင့် မမျှဝေပါနှင့်။
- သင်သည် Signal ၏ နောက်ဆုံးထွက် ဗားရှင်းကို သုံးနေကြောင်း အတည်ပြုပါ။
- သင်၏ Android ဖုန်း ဆက်တင်များမှတစ်ဆင့် Signal အတွက် ခွင့်ပြုချက်များ အားလုံးကို ဖွင့်ပေးထားပါ။ ထိုခွင့်ပြုချက်များကို ဖွင့်ထားပြီးသား ဖြစ်လျှင်ပင် ပိတ်ပြီးနောက် ပြန်ဖွင့်ပြီး သင့်ဖုန်းကို ပြန်လည်စတင်ပါ။
- သင်၏ဖုန်းတွင် Google Play ဝန်ဆောင်မှုများ အက်ပ် ကို အပ်ဒိတ်လုပ်ပါ။
- သင်၏ VPN အက်ပ်ကို ပိတ်ထားပါ သို့မဟုတ် *.signal.org နှင့် TCP port 443 တို့ကို ၎င်းက ခွင့်ပြုထားခြင်း ရှိမရှိ စစ်ဆေးပါ။
- ကြိုးစားမှုအကြိမ်ရေ အလွန်များနေပါသလား။ ထပ်မံစာရင်းသွင်းရန် မကြိုးစားမီ အချိန်အနည်းငယ် (1 နာရီ၊ 1 ရက် စသည်ဖြင့်) စောင့်ဆိုင်းပါ။
- သင့်ဖုန်း၏ (ဝင်ဆံ့မှုများသော) SD ကတ်မဟုတ်ဘဲ (ဝင်ဆံ့မှုနည်းသော) ဒေတာသိုလှောင်သည့်အပိုင်းခွဲတွင် နေရာလွတ်ရှိမရှိ စစ်ဆေးပါ။ စက်အဟောင်းများတွင် ၎င်းကို အလွယ်တကူရောထွေးသွားနိုင်သည်။ သင် မသုံးတော့သည့် အက်ပ်များကို ဖြုတ်ခြင်းဖြင့် မမ်မိုရီလွတ်သွားအောင် လုပ်နိုင်သည်။
- သီးခြား-ဖုန်းအလိုက် အကောင်းဆုံးချိန်ညှိမှု စာရင်းများကို စစ်ဆေးပြီး ဖော်ပြပါ အခြေအနေများ မှန်ကန်ကြောင်း သေချာပါစေ-
- နောက်ကွယ်တွင်ရှိနေစဉ် အလိုအလျောက် အကောင်းဆုံးချိန်ညှိသည့် အက်ပ်စာရင်းထဲမှ Signal ကို ဖယ်ထုတ်ထားခြင်း။
- အလိုအလျောက် စတင်ခွင့်ပြုထားသည့် အက်ပ်စာရင်းထဲတွင် Signal ပါဝင်ခြင်း။
- Huawei ဖုန်းများအတွက် Signal ကို သတ်မှတ်ထားသော အဆင့်များမှတစ်ဆင့် ဖွင့်ထားခြင်း-
- ဆက်တင် > အက်ပ်များ > အက်ပ်များ > Signal > ပါဝါသုံးစွဲမှု အသေးစိတ်များ > အက်ပ်စတင်မှု > ကိုယ်တိုင်စီမံမည်ဟု သတ်မှတ်ပါ > အလိုအလျောက် စတင်မှု၊ တစ်ဆင့်ခံ စတင်မှုနှင့် နောက်ကွယ်တွင် လုပ်ဆောင်မှုကို ဖွင့်ပါ - Xiaomi ဖုန်းများအတွက် Signal နှင့် Google Play ဝန်ဆောင်မှုများကို သတ်မှတ်ထားသော အဆင့်များမှတစ်ဆင့် ဖွင့်ထားခြင်း-
- လုံခြုံရေး > ခွင့်ပြုချက်များ > အလိုအလျောက်စတင်မှု > ခွင့်ပြုမည်
- ဆက်တင် > အားလုံး > စတင်မှု မန်နေဂျာ > ခွင့်ပြုမည်
iOS
အတည်ပြုကုဒ် ရောက်လာသောအခါ ၎င်းကို အခြားသူများနှင့် မမျှဝေပါနှင့်။
- သင်သည် Signal ၏ နောက်ဆုံးထွက် ဗားရှင်းကို သုံးနေကြောင်း အတည်ပြုပါ။
- သင်၏ VPN သို့မဟုတ် ဒေတာစောင့်ကြည့်ရေး အက်ပ်ကို ပိတ်ထားပါ၊ သို့မဟုတ် ထိုအက်ပ်တွင် *.signal.org နှင့် TCP port 443 တို့ကို ခွင့်ပြုထားခြင်းရှိမရှိ စစ်ဆေးပါ။
- အမည်မသိ ပေးပို့သူများအတွက် အဝင်စာပုံးကို သင်၏ မက်ဆေ့ချ်အက်ပ်ထဲတွင် စစ်ဆေးပါ သို့မဟုတ် iOS ဆက်တင် > မက်ဆေ့ချ်များ > အမည်မသိပေးပို့သူများကို စစ်ထုတ်မည် သို့ သွားခြင်းဖြင့် ထိုအင်္ဂါရပ်ကို ပိတ်လိုက်ပါ။
- iPhone ဆက်တင် > Signal မှတစ်ဆင့် သင် ဖွင့်ပေးနိုင်သော ခွင့်ပြုချက်အားလုံးကို ဖွင့်လိုက်ပါ။
- စာရင်းသွင်းထားသည့်အကြိမ်ရေ များလွန်းနေပါသလား။ ထပ်မံစာရင်းသွင်းရန် မကြိုးစားမီ အချိန်အနည်းငယ် (1 နာရီ၊ 1 ရက် စသည်ဖြင့်) စောင့်ဆိုင်းပါ။
- Error 0 ကို တွေ့မြင်ရပါသလား။ အထက်ပါ အဆင့် 1-4 ကို စစ်ဆေးပါ။
Desktop
Signal Desktop ကို မက်ဆေ့ချ်ပို့ခြင်းအတွက် အသုံးပြု၍ရစေရန် Signal Android သို့မဟုတ် Signal iOS နှင့် ချိတ်ထားရပါမည်။