- Signal ကို ပြန်လည်ထည့်သွင်းထားခြင်း ဖြစ်ပါသလား။ သင့်စက်အတွက် အဖွဲ့အချက်အလက်များကို ပြန်ဖွင့်ရန် အဆင့်များ။
- ပုံစံသစ်အဖွဲ့တစ်ခုကို မည်သို့ဖွဲ့စည်းရမည်နည်း။ ဗားရှင်းအဟောင်းသုံးသူများအဖွဲ့ဟုသာ ပြနေသေးသည်။
- တစ်စုံတစ်ဦးကို ပုံစံသစ်အဖွဲ့ထဲသို့ မည်သို့ထည့်ရမည်နည်း။ ဗားရှင်းအဟောင်းသုံးသူများအဖွဲ့ဟုသာ ပြနေသေးသည်။
- ကျွန်ုပ်၏အဆက်အသွယ်က ကျွန်ုပ်ထံမှ အဖွဲ့ဖိတ်ခေါ်ချက်ကို ဘာကြောင့်လက်ခံ၍မရသနည်း။
- အဖွဲ့ဖိတ်ခေါ်ချက်ကို ကျွန်ုပ် ဘာကြောင့်လက်ခံ၍မရသနည်း။
- ပုံစံသစ်အဖွဲ့အဖြစ် မည်သို့အဆင့်မြှင့်တင်ရမည်နည်း။
- နဂိုရှိသော အဖွဲ့တစ်ဖွဲ့ကို မည်သို့အဆင့်မြှင့်တင်ရမည်နည်း။
- အဆင့်မြှင့်တင်မှုကို အပြီးသတ်နိုင်ခြင်းမရှိပါဟု အဘယ်ကြောင့်ပြောနေသနည်း။
- အဖွဲ့ကို အဆင့်မြှင့်တင်နေချိန်တွင် အခြားသူများ မည်သည်ကိုတွေ့မြင်ရသနည်း။
- အဖွဲ့၏စီမံသူမှာ မည်သူနည်း။
- အခြားသူများကို စီမံသူအဖြစ် မည်သို့သတ်မှတ်ရမည်နည်း။
- အဖွဲ့အမည်၊ ဓာတ်ပုံ သို့မဟုတ် အဖွဲ့ဝင်များကို ပြင်ဆင်ရန် ရွေးချယ်စရာများအား မမြင်တွေ့ရပါက မည်သို့ဖြစ်မည်နည်း။
ဖော်ပြတို့ကိုလည်း ကြည့်နိုင်သည်-
Signal ကို ပြန်လည်ထည့်သွင်းထားခြင်း ဖြစ်ပါသလား။ သင့်စက်အတွက် အဖွဲ့အချက်အလက်များကို ပြန်ဖွင့်ရန် အဆင့်များ။
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- အဖွဲ့၏ အခြားအဖွဲ့ဝင်နှင့် တစ်ဦးချင်းပြောသည့် ချက်(တ်)တစ်ခုကို ဖွင့်ပါ။
- နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် ထိုအဖွဲ့ဝင်ကိုပြောပါ။
- ထို့နောက် ထိုအဖွဲ့ဝင်ကို အဖွဲ့အတွင်း မက်ဆေ့ချ်နှစ်စောင်ခန့် ပို့ရန် သို့မဟုတ် ၎င်း၏ဖုန်းမှတစ်ဆင့် အဖွဲ့အမည် သို့မဟုတ် ဓာတ်ပုံကို အပ်ဒိတ်လုပ်ရန် ပြောပါ။
ပုံစံသစ်အဖွဲ့တစ်ခုကို မည်သို့ဖွဲ့စည်းရမည်နည်း။ ရွေးချယ်စရာအသစ်တစ်ခုမှ မတွေ့ရပါ သို့မဟုတ် ဗားရှင်းအဟောင်းသုံးသူများအဖွဲ့ နဖူးစည်းကိုသာ ပြသနေသည်။
- သင်၏ဖုန်းနှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။
- အကြံပြုချက်- သင် မသုံးတော့သည့် စက်မှန်သမျှကို ချိတ်ဆက်မှုဖြုတ်ပါ။ သင်၏ ချိတ်ထားသည့် စက်စာရင်းကို ပြန်လည်သုံးသပ်ပါ- သင်၏ဖုန်းတွင် သင့်ပရိုဖိုင်
> ဆက်တင် (iOS သာ) > ချိတ်ထားသည့် စက်များကို နှိပ်ပါ။
- အဖွဲ့ ဖွဲ့ပါ။
- သင့်အဆက်အသွယ်များထဲမှ မည်သူတို့သည် ၎င်းတို့၏ဖုန်း နှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် လိုအပ်နေကြောင်း တွေ့မြင်ရရန် ပိုမိုလေ့လာမည်ကို နှိပ်ပါ။
တစ်စုံတစ်ဦးကို ပုံစံသစ်အဖွဲ့ထဲသို့ မည်သို့ထည့်ရမည်နည်း။ ဗားရှင်းအဟောင်းသုံးသူများအဖွဲ့ဟုသာ ပြနေသေးသည်။
- ၎င်း၏ဖုန်းနှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် သင်၏အဆက်အသွယ်ကိုပြောပါ။
- အဖွဲ့ကို ပြင်ဆင်ရန် အဆင့်များအတိုင်း လုပ်ဆောင်ပါ။
ကျွန်ုပ်၏အဆက်အသွယ်က ကျွန်ုပ်ထံမှ အဖွဲ့ဖိတ်ခေါ်ချက်ကို ဘာကြောင့်လက်ခံ၍မရသနည်း။
- ၎င်း၏ဖုန်းနှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် သင်၏အဆက်အသွယ်ကိုပြောပါ။
- သင့်အဆက်အသွယ်ကို ၎င်း၏ Signal ပရိုဖိုင်ကို သတ်မှတ် သို့မဟုတ် ပြန်ဖွင့်ရန် ပြောပါ။
အဖွဲ့ဖိတ်ခေါ်ချက်ကို ကျွန်ုပ် ဘာကြောင့်လက်ခံ၍မရသနည်း။
- သင်၏ဖုန်းနှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။ အလားတူ သင်၏ ချိတ်ထားသည့် စက်များအားလုံးကို ချိတ်ဆက်မှုဖြုတ် သို့မဟုတ် ဖယ်ရှားနိုင်သည်။
- သင်၏ Signal ပရိုဖိုင်ကို သတ်မှတ်ပါ သို့မဟုတ် ပြန်ဖွင့်ပါ။
ပုံစံသစ်အဖွဲ့အဖြစ် မည်သို့အဆင့်မြှင့်တင်ရမည်နည်း။
အဖွဲ့သစ်တစ်ခုကို သင် ဖွဲ့စည်းနိုင်သည် သို့မဟုတ် သင်၏ ဗားရှင်းအဟောင်း သုံးသူများအဖွဲ့အတွင်း အဆင့်မြှင့်တင်ရန် တောင်းဆိုသည့် နဖူးစည်းကို စောင့်နိုင်သည်။
- သင်၏ဖုန်းနှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။
- Signal တွင် ရေးသားမည်
သို့မဟုတ်
ကို နှိပ်ပြီးနောက် ပုံစံသစ်အဖွဲ့ ကို နှိပ်ပြီး အဆက်အသွယ် 1000 အထိ ရွေးပါ။
သို့မဟုတ် နောက်သို့ ကို နှိပ်ပြီး အဖွဲ့အမည်သတ်မှတ်ပါ။
- ဗားရှင်းအဟောင်း သုံးသူများအဖွဲ့အတွင်း နဖူးစည်းပေါ်လာပါက မည်သည့်အဆက်အသွယ်များသည် Signal ဗားရှင်းအဟောင်းကို သုံးနေကြောင်း တွေ့ရရန် ပိုမိုလေ့လာမည် ကို နှိပ်ပါ။ ပုံစံသစ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် ထိုအဆက်အသွယ်များအား ဖယ်ရှားပါ။
- ဖွဲ့စည်းရန်ကို နှိပ်ပါ။
- အဖွဲ့ဝင်တစ်ဦးအနေဖြင့် အဖွဲ့ထဲတွင် မက်ဆေ့ချ်မပို့နိုင်မီ မက်ဆေ့ချ်တောင်းဆိုချက် သို့မဟုတ် ဖိတ်ခေါ်ချက်ကို လက်ခံရန် လိုအပ်နိုင်ပါသည်။
နဂိုရှိသော အဖွဲ့တစ်ဖွဲ့ကို မည်သို့အဆင့်မြှင့်တင်ရမည်နည်း။
- ဗားရှင်းအဟောင်းသုံးသူများအဖွဲ့ ချက်(တ်)ကို ဖွင့်ပါ။
- အချက်ပြပါက သင်၏ Signal ပရိုဖိုင်ကို အဖွဲ့ထံသို့ မျှဝေပေးပါ။
- ဆက်လုပ်မည်ကို နှိပ်ပါ။
- ဤအဖွဲ့ကို အဆင့်မြှင့်တင်မည်ကို နှိပ်ပါ။
အဆင့်မြှင့်တင်မှုကို အပြီးသတ်နိုင်ခြင်းမရှိပါဟု အဘယ်ကြောင့်ပြောနေသနည်း။
- သင်သည် အဖွဲ့ဝင် မဟုတ်တော့ပါ။
အဖွဲ့ကို အဆင့်မြှင့်တင်နေချိန်တွင် အခြားသူများ မည်သည်ကိုတွေ့မြင်ရသနည်း။
- ၎င်းတို့၏ချက်(တ်)စာရင်းထဲတွင် ဗားရှင်းအဟောင်း သုံးသူများအဖွဲ့ မရှိတော့ပါက ၎င်းတို့ကို အဖွဲ့သို့ထည့်သွင်းနိုင် သို့မဟုတ် ဖိတ်ခေါ်နိုင်ပါသည်။
- ထိုအချိန်၌ ၎င်းတို့၏ချက်(တ်)စာရင်းထဲတွင် ဗားရှင်းအဟောင်း သုံးသူများအဖွဲ့ ရှိနေပါက အဖွဲ့အတွက် မက်ဆေ့ချ်တောင်းဆိုမှုတစ်ခုကို ၎င်းတို့ တွေ့မြင်ရနိုင်ပါသည်။
- အဆင့်မြှင့်တင်ပြီးသောအခါ ချက်(တ်)တွင် အချိန်တံဆိပ်ကို အပ်ဒိတ်လုပ်လိုက်ပါမည်။
- အဝင်စာ မြင်ကွင်းထဲတွင် ချက်(တ်)သည် အချိန်တံဆိပ်အသစ်ဖြင့် ပေါ်နေပါမည်။
အဖွဲ့၏စီမံသူမှာ မည်သူနည်း။
- သင်၏ အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည်ကို နှိပ်ပါ။
- အဖွဲ့ဝင်များစာရင်းသို့ ရွှေ့သွားပါ။
- အဖွဲ့ဝင်စာရင်းအပြည့်အစုံကို ကြည့်ရှုရန် အဖွဲ့ဝင်အားလုံးကို ကြည့်မည်ကို နှိပ်ပါ။
- အဖွဲ့၏စီမံသူ မည်သူမဆို၏ ဘေးတွင် စီမံသူဟူ၍ ပေါ်နေပါမည်။
အခြားသူများကို စီမံသူအဖြစ် မည်သို့သတ်မှတ်ရမည်နည်း။
- သင်၏ အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည်ကို နှိပ်ပါ။
- အဖွဲ့ဝင်စာရင်းအပြည့်အစုံကို ကြည့်ရှုရန် အဖွဲ့ဝင်အားလုံးကို ကြည့်မည်ကို နှိပ်ပါ။
- အဆက်အသွယ်အမည်ကို နှိပ်ပါ။
စီမံသူအဖြစ် သတ်မှတ်ခြင်းကို နှိပ်ပါ။
- အတည်ပြုရန် စီမံသူအဖြစ် သတ်မှတ်မည်ကို နှိပ်ပါ။
အဖွဲ့အမည်၊ ဓာတ်ပုံ သို့မဟုတ် အဖွဲ့ဝင်များကို ပြင်ဆင်ရန် ရွေးချယ်စရာများအား မမြင်တွေ့ရပါက မည်သို့ဖြစ်မည်နည်း။
- အဖွဲ့အချက်အလက်ကို မည်သူတို့မွမ်းမံနိုင်ကြောင်းနှင့် ဆိုင်းငံ့ထားသော အဖွဲ့အချက်အလက်ကို မည်သူတို့ကြည့်ရှုနိုင်ကြောင်း စီမံသူများ ရွေးချယ်နိုင်သည်။ စီမံသူထံသို့ မက်ဆေ့ချ်ပို့ပြီး အပြောင်းအလဲလုပ်ရန် တောင်းဆိုပါ။
- Android အတွက် မလုံခြုံသော MMS အဖွဲ့များတွင် ထိုရွေးချယ်စရာများ မရှိပါ။ ဤသည်မှာ Signal နှင့်သီးသန့်မသက်ဆိုင်ဘဲ MMS ၏ ကန့်သတ်ချက်တစ်ရပ်သာ ဖြစ်ပါသည်။