Signal သည် ဖော်ပြပါတို့ကို ပံ့ပိုးပါသည်
- ပလက်ဖောင်းအားလုံးအတွက် သီးသန့်အဖွဲ့များ။
- Android တွင် မလုံခြုံသော MMS အဖွဲ့များ။ မှတ်ချက်- Signal သည် Android မှ SMS/MMS ပံ့ပိုးမှုကို ဖယ်ရှားလျက်ရှိပါသည်။ ဤနေရာတွင် ဆက်လက် ဖတ်ရှုပါ။
Signal အဖွဲ့ဆိုသည်မှာ အဘယ်နည်း။
Signal အဖွဲ့ကို သီးသန့်အဖွဲ့ စနစ် နည်းပညာအပေါ်တွင် တည်ဆောက်ထားပါသည်။ Signal ဝန်ဆောင်မှုထံတွင် သင့်အဖွဲ့ဝင်များ၊ အဖွဲ့ခေါင်းစဉ်များ၊ အဖွဲ့ရုပ်ပုံများ သို့မဟုတ် အဖွဲ့ဝိသေသများနှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းမျှ မရှိပါ။
အဖွဲ့၏ အင်္ဂါရပ်များတွင် ဖော်ပြပါတို့ ပါဝင်ပါသည်-
- အဖွဲ့လင့်ခ် သို့မဟုတ် QR ကုဒ်မှတစ်ဆင့် ဖိတ်ကြားမှု
- မန်းရှင်းများ
- အဖွဲ့ ဖော်ပြချက်များ
- အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ကို ဖယ်ရှားခြင်းကို အက်ဒ်မင်က ထိန်းချုပ်ပါသည်
- ပျောက်သွားမည့် မက်ဆေ့ချ် တိုင်မာ နှင့် အဖွဲ့အချက်အလက်များကို မည်သူက တည်းဖြတ်နိုင်သည်ကို အက်ဒ်မင်က ထိန်းချုပ်ပါသည်
- မည်သူက မက်ဆေ့ချ်များ ပေးပို့နိုင်ပြီး ခေါ်ဆိုမှုများ စတင်နိုင်သည်ကို အက်ဒ်မင်က ထိန်းချုပ်ပါသည်
- အဖွဲ့လင့်ခ် တစ်ခုဖြင့် ဝင်ရောက်သည့် အဖွဲ့ဝင်များအတွက် အက်ဒ်မင်၏ အတည်ပြုချက် ရွေးချယ်စရာ
- ဦးရေ 1000 အထိ အဖွဲ့ဝင်ဦးရေကန့်သတ်ချက်
ဖော်ပြတို့ကိုလည်း ကြည့်နိုင်သည်-
Signal အဖွဲ့ချက်(တ်)တစ်ခုကို စတင်ရန်
- Signal တွင်
သို့မဟုတ်
ကို နှိပ်ပါ၊ ထို့နောက်
အဖွဲ့အသစ်ကို နှိပ်ပါ။
- အဆက်အသွယ်များ ရွေးပါ သို့မဟုတ် ဖုန်းနံပါတ်များ ရိုက်ထည့်ပါ။
- ရှေ့သို့ သို့မဟုတ်
ကို နှိပ်ပါ။
- အဖွဲ့အမည်တစ်ခုကို ရိုက်ထည့်ပါ။
- Android တွင် ဤရွေးချယ်စရာကို မတွေ့ပါက ၎င်းသည် မလုံခြုံသော MMS အဖွဲ့ဖြစ်ပါသည်။
- ပျောက်သွားမည့် မက်ဆေ့ချ်အတွက် အချိန်ကို ရွေးချယ်ပါ။
- Android တွင် ဤရွေးချယ်စရာကို မတွေ့ပါက ၎င်းသည် မလုံခြုံသော MMS အဖွဲ့ဖြစ်ပါသည်။
- ဖန်တီးရန်ကို နှိပ်ပါ။
- အဖွဲ့သည် သင့်ချက်(တ်)စာရင်းတွင် ချက်ချင်းပေါ်လာမည်ဖြစ်ပြီး အဖွဲ့ဝင်များအတွက် ချက်(တ်)စာရင်းသည်လည်း ပေါ်လာပါမည်။
- အဖွဲ့ဝင်တစ်ဦးအနေဖြင့် အဖွဲ့ထဲတွင် မက်ဆေ့ချ်မပို့နိုင်မီ မက်ဆေ့ချ်တောင်းဆိုချက် သို့မဟုတ် ဖိတ်ကြားမှုကို လက်ခံရန် လိုအပ်နိုင်ပါသည်။
Android သုံးစွဲသူများက လုံခြုံမှု မရှိသော MMS ပေးပို့ခြင်း-
- ဆက်သွယ်မှုသည် မလုံခြုံပါ။
- မက်ဆေ့ချ်များကို သင့်ဆယ်လူလာ ပံ့ပိုးသူမှတစ်ဆင့် ပေးပို့ပါသည်။
- ကုန်ကျစရိတ်များနှင့် အခကြေးငွေများကို သင့်မိုဘိုင်းပလန်ဖြင့် သတ်မှတ်ပါသည်။
- မလုံခြုံသော MMS အဖွဲ့၏ အဖွဲ့ဝင်ဦးရေကန့်သတ်ချက်သည် 10 ဦးဖြစ်ပါသည်။
- မလုံခြုံသော MMS အဖွဲ့များသည် Signal မသုံးသော အဆက်အသွယ်အောက်တွင် SMS အဆက်အသွယ်ကို ဖော်ပြပါမည်။
- မလုံခြုံသော MMS သည် အမည်များကို မပံ့ပိုးပေးပါ။
- ချက်(တ်)တွင် လုံခြုံမှုမရှိသော MMS ကို ပြသပါသည်။
- မက်ဆေ့ချ် ရိုက်ပြီးနောက် ပေးပို့ရန် အိုင်ကွန်သည် မီးခိုးရောင်ဖြစ်၍ လော့ခ်ပွင့်နေသည့်ပုံစံ
ဖြစ်နေပါမည်။
- မက်ဆေ့ချ် Bubble တစ်ခုစီသည် လော့ခ်ပွင့်အိုင်ကွန်
ကို ပြသပါမည်။