TCP port 443 နှင့် UDP port အားလုံးတွင် *.signal.org နှင့် အသွားအပြန်ချိတ်ဆက်မှုကို ခွင့်ပြုပါ။ သင့်တွင် ပွင့်လင်းမြင်သာသော သို့မဟုတ် ပြောင်းပြန်ဖြစ်သော Proxy တစ်ခု ရှိပါက WebSockets ကို ၎င်းက ပံ့ပိုးပေးရန် လိုအပ်သည်။ Signal သည် အချက်ပြသည့်အဆင့်တွင် စစ်ထုတ်မှုပြဿနာများကို ဖမ်းယူရန် စံမဟုတ်သော TCP port တစ်ခုကို အသုံးပြုပြီး ကျပန်း UDP port တစ်ခုကိုလည်း အသုံးချပါသည်။
*.signal.org အပြင် Signal သည် အဖွဲ့လင့်ခ်များ၊ စတစ်ကာအတွဲများ၊ အသုံးပြုသူအမည်များ စသည်တို့ မျှဝေခြင်းကို ပံ့ပိုးရန်အတွက် အခြားဒိုမိန်းများကို အသုံးပြုသည်။ အောက်ဖော်ပြပါ ဒိုမိန်းများသို့ အသွားအလာကိုလည်း ခွင့်ပြုနိုင်သည်-
- signal.art
- signal.group
- signal.link
- signal.me
- signal.tube
Wildcard FQDN config မှာ မှန်ကန်စွာ အလုပ်မလုပ်ဘဲ ခေါ်ဆိုမှုပိုင်း ပြဿနာများကို သင် သတိပြုမိပါက turn3.voip.signal.org နှင့် sfu.voip.signal.org ကို ခွင့်ပြုပါ။ ၎င်းတို့သည် အချိန်မရွေးပြောင်းလဲနိုင်သည်။
ပို၍တိတိကျကျဆိုလျှင်-
- အဖွဲ့လိုက်ခေါ်ဆိုမှုများအတွက် REQUIRED- TCP 443 ၊ UDP 10000
- တစ်ဦးချင်းခေါ်ဆိုမှုများအတွက် REQUIRED- TCP 443 သာ
- တစ်ဦးချင်းခေါ်ဆိုမှုများအတွက် RECOMMENDED ၊ ထပ်ဆင့်လွှင့်ခြင်းသာ- TCP 443 ၊ UDP 3478
- တစ်ဦးချင်းခေါ်ဆိုမှုများအတွက် RECOMMENDED- TCP 443 ၊ UDP အားလုံး
- အခြား port များရှိပါက ၎င်းတို့ကို အသုံးပြုနိုင်သည်။
သင်၏ ကွန်ရက် သို့မဟုတ် Firewall ဆက်တင်များကို စစ်ဆေးသင့်ကြောင်း ပြသနေနိုင်သည့် အဖြစ်များသောပြဿနာများ-
- သင့်ထံတွင် Google Play Services က အလုပ်လုပ်နေသော်လည်း Signal Android အတွက် စာရင်းသွင်း၍မရခြင်း။
- Signal Desktop နှင့် ချိတ်ဆက်သောအခါ စကန်ဖတ်ရန် QR ကုဒ် မတွေ့ခြင်း။
- စာရင်းသွင်းသောအခါ captcha တစ်ခုကို တွေ့ရခြင်း။
- သတ်မှတ်အချိန်ကာလတစ်ခု ကုန်ဆုံးပြီးနောက် ဖုန်းခေါ်ဆိုမှုများ ရပ်သွားခြင်း။
- တစ်ဦးချင်း ချက်(တ်)များတွင် သင့်အဆက်အသွယ်၏ အမည်ကို မပြသပါ၊ ဖုန်းနံပါတ်ကိုသာ ပြပါမည်။
- အဖွဲ့ချက်(တ်)များကို မြင်တွေ့ရခြင်းမရှိပါ။