Signal ကို မိုဘိုင်းစက်တစ်လုံးနှင့် Signal Desktop ငါးလုံးအထိသာ တွဲသုံးနိုင်သည်။
အခြားစက်တစ်လုံးကို သင် စီစဉ်သတ်မှတ်ထားပါက သင့်ပလက်ဖောင်းအတွက် ဖြေရှင်းရန် အဆင့်များအတိုင်း လုပ်ဆောင်ပါ-
Android
Signal ကို အခြားဖုန်းတစ်လုံးတွင် ကျွန်ုပ် စီစဉ်သတ်မှတ်ထားသည်။ ဤ Andriod ဖုန်းတွင် Signal ကို မည်သို့ ပြန်လည်အသုံးပြုနိုင်သနည်း။
လက်ရှိသုံးနေသောစက်အဖြစ် သတ်မှတ်ရန်အတွက် Signal ကို ဖုန်းတွင် ပြန်လည်စာရင်းသွင်းရန် "စက်ကို စာရင်းသွင်းထားခြင်း မရှိတော့ပါ" ဟူသော ခေါင်းစီးကို နှိပ်ပါ။ ထပ်မံစာရင်းသွင်းပြီးသောအခါ ယခုဖုန်းကို ချိတ်ဆက်လိုက်မည်ဖြစ်ပြီး သင်၏အခြားစက်မှာ အော့ဖ်လိုင်းဖြစ်သွားပါမည်။
ကျွန်ုပ်၏ကင်မရာသည် QR ကုဒ်ကို စကန်ဖတ်ခြင်း မရှိပါ။ ဘာလုပ်ရမည်လဲ။
- သင်၏ဖုန်းကို ကုဒ်မှ ပို၍ဝေးအောင် သို့မဟုတ် ပို၍နီးအောင် ရွှေ့ထားကြည့်ပါ။
- မော်နီတာ သို့မဟုတ် လက်ပ်တော့ပ် မျက်နှာပြင်၏ အရောင်တောက်ပမှုကို တင်ပါ။
- Signal Desktop ဝင်းဒိုးကို အရွယ်အစားပြန်ချိန်ပါ။
QR ကုဒ်ကို စကန်ဖတ်ပြီးနောက် ချို့ယွင်းချက်တစ်ခု တွေ့ရပါက မည်သို့ဖြစ်မည်နည်း။
ကွန်ရက်ချို့ယွင်းချက် ကို သင်တွေ့ရပါက
- သင်၏ဖုန်းတွင် Signal ကို နောက်ဆုံးထွက်ဗားရှင်းဖြစ်အောင် အပ်ဒိတ်လုပ်ပါ။
- သင်၏ Signal နံပါတ်ကို စာရင်းသွင်းထားကြောင်းနှင့် Signal မက်ဆေ့ချ်များကို သင် ပေးပို့နိုင်၊ လက်ခံနိုင်ကြောင်း အတည်ပြုပါ။
- Signal Desktop ကို ထပ်မံထည့်သွင်းပါ။
iOS
ကျွန်ုပ်၏ မက်ဆေ့ချ်မှတ်တမ်းကို အခြားစက်သို့ ကူးယူလိုသည်။
- အကောင့်လွှဲပြောင်းမှုများသည် သင်၏အကောင့်ကို အခြားစက်တစ်လုံးသို့ ရွှေ့ပြောင်းပေးသည်။ လွှဲပြောင်းမှုများသည် ဒေတာကို စက်အသစ်သို့ ရွှေ့ပြောင်းပေးပြီး စက်အဟောင်းမှ ဒေတာကို ဖျက်ပစ်သည်။
- စက်အများအပြားဖြင့် အသုံးပြုရန်အတွက် iPad သို့မဟုတ် Desktop ကို စက်အသစ်တစ်လုံးအဖြစ် ချိတ်ဆက်ရပါမည်။ ချက်(တ်)များနှင့် သင့်ဖုန်းတွင်ရှိနေသည့် 45 ရက်ကြာမီဒီယာများကို ချိတ်ဆက်ထားသောစက်သို့ တူအောင်ညှိရန် ရွေးချယ်နိုင်သည်။
စက်အများအပြားကို ကျွန်ုပ် မည်သို့ ချိတ်သုံးနိုင်သနည်း။
- စက်အများအပြားဖြင့် အသုံးပြုရန်အတွက် iPad သို့မဟုတ် Desktop ကို စက်အသစ်တစ်လုံးအဖြစ် ချိတ်ဆက်ရပါမည်။
- ဆက်လုပ်ရန်အတွက် iPad ပေါ်တွင် စက်အသစ်အဖြစ် ထည့်သွင်းမှုကို ရွေးလိုက်ကြောင်း သေချာပါစေ။
iPad ကို ကျွန်ုပ် မချိတ်ဆက်လိုပါ။ ၎င်းကို သီးခြားစက်တစ်လုံးအဖြစ် မည်သို့စီစဉ်သတ်မှတ်ရမည်နည်း။
သီးခြားစက်တစ်လုံးအဖြစ် ထည့်သွင်းရန် ပံ့ပိုးမှု စာမျက်နှာရှိ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
ကျွန်ုပ်၏ iPad ကို အဘယ်ကြောင့် ချိတ်၍မရသနည်း။
- သင်၏ဖုန်းတွင် Signal ကို နောက်ဆုံးထွက်ဗားရှင်းဖြစ်အောင် အပ်ဒိတ်လုပ်ပါ။
- ချိတ်ထားသည့် စက် 5 လုံးအထိ ကန့်သတ်ချက်ရှိပါသည်။ ထိုကန့်သတ်ချက် မပြည့်သေးကြောင်း အတည်ပြုပါ။
- Firewall နှင့် ကွန်ရက် ဆက်တင်ကို စစ်ဆေးပါ။ သင့်တွင် VPN သို့မဟုတ် firewall ရှိနေပါက *.signal.org နှင့် TCP port 443 ကို သင် ခွင့်ပြုထားကြောင်း သေချာပါစေ။ နောက်ကွယ်မှ IP များသည် အမြဲမပြတ် ပြောင်းလဲနေသောကြောင့် တိကျသော firewall စည်းမျဉ်းများကို သတ်မှတ်ရန် ခက်ခဲနိုင်ပါသည်။ သင့်တွင် ပွင့်လင်းမြင်သာသော သို့မဟုတ် ပြောင်းပြန်ဖြစ်သော Proxy တစ်ခု ရှိပါက WebSockets ကို ၎င်းက ပံ့ပိုးပေးရန် လိုအပ်သည်။
ယခင်က iPad တစ်လုံးကို သီးခြားစက်အဖြစ် ကျွန်ုပ် အသုံးပြုခဲ့သည်၊ ၎င်းကို ကျွန်ုပ်၏ဖုန်းနှင့် မည်သို့ချိတ်ရမည်နည်း။
- သင်၏ iPad သည် ချိတ်ထားသည့် စက်တစ်လုံး ဖြစ်ပါက မက်ဆေ့ချ်များအား ဖုန်းတစ်လုံးသို့ လွှဲပြောင်းမှုကို မပံ့ပိုးပေးပါ။
- သင့် iPad ကို သီးခြားစက်တစ်လုံးအဖြစ် သုံးခဲ့ပါက အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။
- Signal ကို သင့်ဖုန်းတွင် ထည့်သွင်းပြီး အကောင့်နှင့် မက်ဆေ့ချ် လွှဲပြောင်းမှုတစ်ခုကို ပြီးအောင်လုပ်ပါ။
- သင်၏ iPad တွင် Signal ကို ပြန်လည်ထည့်သွင်းပါ၊ ယင်းကသင်၏ မက်ဆေ့ချ်မှတ်တမ်းကို ရှင်းလိုက်ပါမည်။
- သင်၏ဖုန်းနှင့် iPad ကို ချိတ်ပါ။
- သင်၏ iPhone တွင် သင်ပို့ခဲ့သော မက်ဆေ့ချ်မှတ်တမ်း ရှိနေမည်ဖြစ်ပြီး သင့် iPad တွင်မူ ယခင်မှတ်တမ်း တစ်စုံတစ်ရာရှိမည်မဟုတ်ပါ။
QR ကုဒ်ကို စကန်ဖတ်ပြီးနောက် သတိပေးချက် သို့မဟုတ် ချို့ယွင်းချက်တစ်ခုကို တွေ့ရပါက မည်သည်ကိုလုပ်ဆောင်ရမည်နည်း။
QR ကုဒ်ကို သိရှိပါသည် - သုံး၍ရသော ဒေတာကို မတွေ့ရှိပါ ဟူသည်ကို မြင်တွေ့ရပါက သင်သည် Signal မဟုတ်သော အက်ပ်တစ်ခုမှ QR ကုဒ်ကို စကန်ဖတ်နေခြင်း ဖြစ်သည်။
- Signal တွင် သင်၏ပရိုဖိုင်
> ဆက်တင် > ချိတ်ထားသည့် စက်များ ကို နှိပ်ပါ။
- စက်အသစ် ချိတ်ဆက်မှုကို ရွေးချယ်ပြီး QR ကုဒ်ကို စကန်ဖတ်ရန် သင်၏ iPhone ကို အသုံးပြုပါ။
Signal ကို အခြားဖုန်းတစ်လုံးတွင် ကျွန်ုပ် စီစဉ်သတ်မှတ်ထားသည်။ ဤ iPhone တွင် Signal ကို ကျွန်ုပ် မည်သို့ပြန်လည်အသုံးပြုနိုင်သနည်း။
ဖုန်းအများအပြား ချိတ်သုံးခြင်းကို မပံ့ပိုးပေးပါ။ လက်ရှိသုံးနေသောစက်အဖြစ် သတ်မှတ်ရန်အတွက် Signal ကို ဖုန်းတွင် ပြန်လည်စာရင်းသွင်းရန် "စက်ကို စာရင်းသွင်းထားခြင်း မရှိတော့ပါ" ဟူသော ခေါင်းစီးကို နှိပ်ပါ။ ထပ်မံစာရင်းသွင်းပြီးသောအခါ ယခုဖုန်းကို ချိတ်ဆက်လိုက်မည်ဖြစ်ပြီး သင်၏အခြားစက်မှာ အော့ဖ်လိုင်းဖြစ်သွားပါမည်။
Desktop
Signal Desktop ကို ချိတ်ဆက်နိုင်ခြင်းမရှိပါ။ မည်သို့ဖြေရှင်းရမည်နည်း။
ချို့ယွင်းချက် | ဤပြဿနာဖြေရှင်းနည်း အဆင့်များ |
"Signal သည် သင့်လက်ရှိကွန်ရက်ကို အသုံးပြု၍ ဤစက်ကို ချိတ်ဆက်မရပါ။" |
|
"QR ကုဒ်ကို ဖွင့်၍မရပါ။ ချိတ်ဆက်မှုကို စစ်ဆေးပြီး ထပ်ကြိုးစားကြည့်ပါ။" |
|
အလုပ်မလုပ်သေးဘူးလား။
- Signal Desktop ၏ နောက်ဆုံးဗားရှင်းကို သင်အသုံးပြုနေကြောင်း သေချာပါစေ။ Signal Desktop ၏ နောက်ဆုံးဗားရှင်းကို https://signal.org/download မှ ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းနိုင်ပါသည်။
- ဖုန်းတစ်လုံးလျှင် ကန့်သတ်ထားသည့် စက် 5 လုံးထက် ကျော်လွန်ပြီး မချိတ်ဆက်ကြောင်း အတည်ပြုပါ။