မြန်ဆန်၊ ရိုးရှင်း၊ စိတ်ချရသည်။ Signal သည် သင့်အိတ်ကပ်ထဲတွင် (သို့မဟုတ် သင့်စားပွဲပေါ်တွင်) ဆံ့သော ကိုယ်ပိုင်အချက်အလက်ပင် ဖြစ်ပါသည်။
ဤနေရာတွင် Signal ကို ဒေါင်းလုဒ်လုပ်ပါ သို့မဟုတ် သင်၏ပလက်ဖောင်းအတွက် ထည့်သွင်းရန်အဆင့်များကို လိုက်နာဆောင်ရွက်ပါ။
Signal သုံးစွဲသူများသည် ကမ္ဘာပေါ်ရှိ နေရာတိုင်းမှ အခြား Signal သုံးစွဲသူများသို့ ကိုယ်ပိုင်သီးသန့် မက်ဆေ့ချ်များ ပေးပို့ခြင်း၊ လုံခြုံသော ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်းတို့ကို အင်တာနက်မှတစ်ဆင့် အခမဲ့လုပ်နိုင်သည်။
- Signal-to-Signal ဆက်သွယ်မှုအားလုံးသည် ကိုယ်ပိုင်သီးသန့်ဖြစ်ပြီး ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ထားပါသည်။
- Signal-to-Signal မက်ဆေ့ချ်များသည် လုံခြုံပြီး သင့်ဖုန်းတွင် ဖွင့်ထားသည့် ဝိုင်ဖိုင်နှင့် မိုဘိုင်းဒေတာအပါအဝင် မည်သည့်အင်တာနက်ချိတ်ဆက်မှုကိုမဆို သုံးလျက် အခမဲ့ပေးပို့နိုင်၊ လက်ခံနိုင်သည်။
Android
စတင်ဆောင်ရွက်ပုံ
- သင့်ဖုန်းသည် Android 6.0 နှင့် အထက်ဖြင့် လုပ်ဆောင်နေကြောင်း အတည်ပြုပါ။
မှတ်ချက်- Android တက်ဘလက်များအတွက် ပံ့ပိုးမပေးပါ။ - Google Play Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
- စာရင်းသွင်းမှုလုပ်ငန်းစဉ်ကို ပြီးစီးအောင်လုပ်ဆောင်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
Android ဖုန်းတွင် ထည့်သွင်းရန် အခက်အခဲရှိပါသလား။ ဤ ပြဿနာဖြေရှင်းနည်း အဆင့်များအတိုင်း လုပ်ဆောင်ပါ။
ပြန်လည်ထည့်သွင်းခြင်း ဖြစ်ပါသလား။ ယခင်က ဖန်တီးခဲ့သည့် အရန်သိမ်းဆည်းမှုတစ်ခုမှ ပြန်လည်ရယူရန် သို့မဟုတ် နဂိုရှိနေသော ဖုန်းတစ်လုံးမှ လွှဲပြောင်းရန် ဤအဆင့်များကို လိုက်နာလုပ်ဆောင်ပါ။
iOS
စတင်ဆောင်ရွက်ပုံ
- သင်၏ iOS စက်သည် iOS 15 နှင့် အထက်ဖြစ်ကြောင်း အတည်ပြုပါ။
- Apple App Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
- စာရင်းသွင်းမှုလုပ်ငန်းစဉ်ကို ပြီးစီးအောင်လုပ်ဆောင်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
iPhone ဖုန်းတွင် ထည့်သွင်းရန် အခက်အခဲရှိပါသလား။ ဤ ပြဿနာဖြေရှင်းနည်း အဆင့်များအတိုင်း လုပ်ဆောင်ပါ။
စက်အသစ်တစ်လုံးတွင် ပြန်လည်ထည့်သွင်းခြင်းလား။ အခြား iOS စက်တစ်လုံးမှ လွှဲပြောင်းပေးပို့ရန် ဤအဆင့်များကို လိုက်နာလုပ်ဆောင်ပါ။
iPad နှင့် ဖုန်း ချိတ်ဆက်ထားခြင်း
- သင်၏ iPad သည် iPadOS 15 နှင့် အထက်ဖြစ်ကြောင်း အတည်ပြုပါ။
- Apple App Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
-
iPad ကို သင့်ဖုန်းနှင့် ချိတ်ဆက်ရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်ပါ။
မှတ်ချက်- ချက်(တ်) မှတ်တမ်းကို ဖုန်းမှ လွှဲပြောင်းပေးပို့ခြင်း မရှိပါ။
iPad တစ်လုံးကို အသုံးပြုနေပါသလား။ နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ သို့မဟုတ် ချိတ်ဆက်ရန် ဤပြဿနာဖြေရှင်းရေး အဆင့်များအတိုင်း လုပ်ဆောင်ပါ။
သီးခြားစက်တစ်လုံးအဖြစ် iPad ကို အသုံးပြုခြင်း
- သင်၏ iPad သည် iPadOS 15 နှင့် အထက်ဖြစ်ကြောင်း အတည်ပြုပါ။
- ထိုနံပါတ်သို့ SMS (iMessage မဟုတ်) သို့မဟုတ် ဖုန်းခေါ်ဆိုမှုများကို သင် လက်ခံနိုင်ကြောင်း အတည်ပြုပါ။
- Apple App Store မှ Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ။
- ညာဘက်ထိပ်ရှိ ချိတ်ဆက်မှုဖြုတ်ရန် အိုင်ကွန်
ကို နှိပ်ပါ။
-
စာရင်းသွင်းမှုလုပ်ငန်းစဉ်ကို ပြီးစီးအောင်လုပ်ဆောင်ရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။
ချိတ်ဆက်ထားသော Desktop
သင့်ကွန်ပျူတာမှ မက်ဆေ့ချ်များ ပေးပို့လက်ခံရန်အတွက် Signal Desktop ကို သင့်မိုဘိုင်းစက်နှင့် ချိတ်ဆက်နိုင်ပါသည်။
Signal Desktop ကို အသုံးမပြုမီ Android သို့မဟုတ် iPhone ရှိ Signal နှင့် ချိတ်ဆက်ထားရမည်။
မစတင်မီ
အောက်ပါတို့ကို ဂရုပြုပါ-
- Signal ကို သင့်Android သို့မဟုတ် iPhone တွင် ထည့်သွင်းပြီး အလုပ်လုပ်နေကြောင်းသေချာစေရန်
- သင့်ကွန်ပျူတာသည် အောက်ပါစနစ်လိုအပ်ချက်များနှင့် ကိုက်ညီကြောင်းသေချာစေရန်
စနစ်လိုအပ်ချက်များ
- Windows- Windows 10 သို့မဟုတ် 11
- macOS- macOS 12 (Monterey) နှင့်အထက်
- Linux- 64-bit ဖြန့်ချိမှုများ
Signal Desktop ကို ဒေါင်းလုဒ်လုပ်ရန်
- ကျွန်ုပ်တို့၏ တရားဝင်ဒေါင်းလုဒ်စာမျက်နှာ မှ Signal Desktop ကို ဒေါင်းလုဒ်လုပ်ပါ။
- ဒေါင်းလုဒ်လုပ်ထားသော Installer သို့မဟုတ် AppImage ကိုဖွင့်ပါ။
- သင့် Operating System အတွက် စခရင်ပေါ်တွင် ပြသထားသော ညွှန်ကြားချက်များ သို့မဟုတ် ထည့်သွင်းမှု အဆင့်များအတိုင်း လုပ်ဆောင်ပါ။
Linux
Signal Desktop ကို Linux အတွက် Debian Package သို့မဟုတ် AppImage အနေဖြင့် ရရှိနိုင်ပါသည်။
- Debian Package: Debian package ကို Ubuntu နှင့် Debian ကဲ့သို့သော Debian-based ဖြန့်ချိမှုများအတွက် အကြံပြုထားပါသည်။
- AppImage- AppImage ကို 64-bit Linux ဖြန့်ချိမှု အများစုတွင် အသုံးပြုနိုင်ပါသည်။
Debian Package
Ubuntu နှင့် Debian ကဲ့သို့သော Debian-based Linux ဖြန့်ချိမှုများအတွက် Debian Package ကို အသုံးပြု၍ ထည့်သွင်းနည်းကို အကြံပြုထားသည်။
Debian Package ထည့်သွင်းခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။
Linux AppImage
AppImage ကို 64-bit Linux ဖြန့်ချိမှုအများစုတွင် အသုံးပြုနိုင်ပါသည်။
Optional AppImage setup: System launcher integration
AppImages သည် System Application Launcher နှင့် ပေါင်းစပ်ရန်အတွက် အပိုဆောင်းစနစ်ထည့်သွင်းမှု လိုအပ်ပါသည်။
- .desktop တစ်ခု ဖန်တီးပါ ဖိုင်-
touch ~/.local/share/applications/signal-appimage.desktop- Exec Path ကို သင့် AppImage ၏ Path ဖြင့် အစားထိုးပြီး အောက်ပါအကြောင်းအရာများကို ထည့်သွင်းပါ။ ဖိုင်အစတွင် စာကြောင်းအလွတ် တစ်ကြောင်းမျှ မပါပါစေနှင့်။
[Desktop Entry]
Name=Signal AppImage
Exec=/home/your-username/.local/bin/signal-desktop.AppImage %U
Terminal=false
Type=Application
Icon=signal-desktop
StartupWMClass=signal
Comment=Private messaging from your desktop
MimeType=x-scheme-handler/sgnl;x-scheme-handler/signalcaptcha;
Categories=Network;InstantMessaging;Chat;ယခု သင့် System Application Launcher မှ Signal Desktop ကို စတင်အသုံးပြုနိုင်ပါပြီ။
- AppImage မှ sgnl:// URI များကို ကိုင်တွယ်နိုင်ရေးအတွက် System Launcher ကို အပ်ဒိတ်လုပ်ရန် အောက်ပါ Command ကို လုပ်ဆောင်ပါ-
update-desktop-database ~/.local/share/applications/AppImage ကန့်သတ်ချက်များ
OS အတည်ပြုချက်တောင်းသည့် အချက်ပေးချက်များ
Signal ဘက်ခ်အပ်ကီးကို ကြည့်ရှုခြင်းကဲ့သို့သော စိတ်ကြိုက်ရွေးချယ်နိုင်သည့် လုပ်ဆောင်ချက်များအတွက် OS အတည်ပြုချက်တောင်းသည့် အချက်ပေးချက်များသည် သီးခြားပြင်ဆင်မှုမလုပ်ဘဲ အလုပ်မလုပ်ပါ။
Debian Package တွင် ၎င်းလုပ်ဆောင်ချက်များကို /usr/share/polkit-1/actions အတွင်း ထည့်သွင်းထားသော Polkit Policy များဖြင့် အကောင်အထည်ဖော်ထားပါသည်။
Signal Desktop Repository တွင်ရှိသော Template များကို အခြေခံ၍ Policy ဖိုင်များကို ကိုယ်တိုင်ဖန်တီးနိုင်သော်လည်း ၎င်းကို အကြံမပြုထားပါ-
ဖြန့်ချိမှုပေါ်မူတည်၍ သီးခြားဖော်ပြထားသော အချက်အလက်များ
Ubuntu 24
Ubuntu 24 အတွက် User Namespace ခွင့်ပြုချက်များကို မှန်ကန်စွာ ထိန်းချုပ်ရန် AppArmor profile ကို အသုံးပြုရန်လိုအပ်သည်။
- အောက်ပါဖိုင်ကို ဖန်တီးပါ-
sudo nano /etc/apparmor.d/signal-desktop-appimage- အောက်ပါ အကြောင်းအရာကို ထည့်ပါ၊ /path/to နေရာတွင် သင့် AppImage ဖိုင်ရှိရာ Path ကို ပြောင်းလဲအသုံးပြုပါ-
profile signal-desktop-appimage /path/to/signal-desktop.AppImage flags=(unconfined) {
userns,
}- AppArmor ကို ပြန်လည်စတင်ပါ-
sudo apparmor_parser -r /etc/apparmor.d/signal-desktop-appimage
sudo systemctl reload apparmor
sudo systemctl daemon-reload