- သင့်အခက်အခဲအတွက် ပြဿနာဖြေရှင်းရန် အဆင့်များအတိုင်း လုပ်ဆောင်ပါ။
- Android ဖုန်းများတွင် Signal ကို သင် မဖွင့်မချင်း အသိပေးချက်များ ပေါ်မလာစေရန် ကန့်သတ်ထားသော ထုတ်လုပ်သူအလိုက် သီးသန့်ဆက်တင်များ ရှိနိုင်ပါသည်။ သင့်ဖုန်းအတွက် ဆက်တင်များထဲတွင် ရွေးချယ်ဝင်ရောက်ရန် လမ်းညွှန်ချက်များအဖြစ် ဖော်ပြပါ အဆင့်များကို အသုံးပြုပါ။
- သင်၏ OS အတွက် ပြဿနာဖြေရှင်းရန် အဆင့်များကို လိုက်နာပါ။
Asus
- Android ဖုန်းဆက်တင် > ပါဝါစီမံခြင်း > အလိုအလျောက်စတင်မှု မန်နေဂျာ > ဒေါင်းလုပ်လုပ်ထားသည်များ စာမျက်နှာ > Signal အတွက် 'ခွင့်ပြုမည်' ကို ရွေးပါ။
HTC
- Boost+ အက်ပ် > နောက်ခံအက်ပ်များကို အကောင်းဆုံးချိန်ညှိခြင်း > Signal > 'ပိတ်မည်' ကို ရွေးပါ။
Huawei
- Android ဖုန်းဆက်တင် > အက်ပ်များ > အက်ပ်များ > Signal > ပါဝါသုံးစွဲမှု အသေးစိတ်များ > အက်ပ်စတင်မှု > ကိုယ်တိုင်စီမံမည် ဟု သတ်မှတ်ပြီး ဤရွေးချယ်စရာများကို ဖွင့်ပါ- အလိုအလျောက်စတင်မှု၊ တစ်ဆင့်ခံ စတင်မှုနှင့် နောက်ကွယ်တွင် လုပ်ဆောင်မှု။
- ဖုန်းမန်နေဂျာ အက်ပ် > ဘက်ထရီမန်နေဂျာ (သို့မဟုတ် စွမ်းအင်ချွေတာမှု) > ကာကွယ်ပေးထားသော အက်ပ်များ > Signal ကိုဖွင့်ပါ။
- Android ဖုန်းဆက်တင် > အဆင့်မြင့်ဆက်တင်များ > ဘက်ထရီမန်နေဂျာ (သို့မဟုတ် စွမ်းအင်ချွေတာမှု) > ကာကွယ်ပေးထားသော အက်ပ်များ > Signal ကိုဖွင့်ပါ။
- Android ဖုန်းဆက်တင် > 'အားလုံး' တက်ဘ် > ကာကွယ်ပေးထားသော အက်ပ်များ > Signal ကိုဖွင့်ပါ။
- ဖုန်းမန်နေဂျာ အက်ပ် > ကာကွယ်ပေးထားသော အက်ပ်များ > Signal ကိုဖွင့်ပါ။
- Android ဖုန်းဆက်တင် > အက်ပ်များ > အဆင့်မြင့်/အထူးအသုံးပြုခွင့် > ဘက်ထရီအကောင်းဆုံးချိန်ညှိမှုများကို လျစ်လျူရှုပါ > အက်ပ်အားလုံး (အောက်တွဲ) > Signal ကိုဖွင့်ပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ > စတင်မှု > Signal။
- Android ဖုန်းဆက်တင် > အက်ပ်များ > Signal > ဒေတာသုံးစွဲမှု > နောက်ခံဒေတာ > ဖွင့်မည်။
- Android ဖုန်းဆက်တင် > အသိပေးချက်ဘောင်နှင့် အခြေအနေပြ ဘား > အသိပေးချက်စင်တာ၊ Signal ကို ရှာဖွေပြီး အသိပေးချက်များ ခွင့်ပြုခြင်းနှင့် ဦးစားပေးပြသခြင်းတို့ကို စတင်ပါ။
Lenovo
- Android ဖုန်းဆက်တင် > ပါဝါမန်နေဂျာ > နောက်ခံအက်ပ် စီမံမှု > တားမြစ်ကန့်သတ်မထားသော စာရင်းထဲသို့ Signal ကို ထည့်သွင်းပါ သို့မဟုတ် Signal ကို အလိုအလျောက်စတင်ခွင့်ပြုပါ။
Nokia
- Android ဖုန်းဆက်တင် > ဘက်ထရီ > နောက်ခံလှုပ်ရှားမှု မန်နေဂျာ > Signal အတွက် ခလုတ်ပိတ်ထားကြောင်း သေချာအောင်လုပ်ပါ။
OnePlus
- Android ဖုန်းဆက်တင် > အက်ပ်များ > စက်သွား အိုင်ကွန် > အက်ပ်များကို အလိုအလျောက်စတင်မှု > နောက်ခံတွင် Signal စတင်မှုကို ဖွင့်ပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ > မီနူး > Aggressive Doze & App Hibernation > ဤစနစ်ကို ပိတ်ထားပါ သို့မဟုတ် စနစ်ထဲတွင် Signal ကို ကန့်သတ်ခြင်းအား တားမြစ်ပါ။
- Android ဖုန်းဆက်တင် > အက်ပ်များ > မီနူး > အလိုအလျောက်လုပ်ဆောင်မှု > ဤစနစ်ကို ပိတ်ထားပါ သို့မဟုတ် စနစ်ထဲတွင် Signal ကို ကန့်သတ်ခြင်းအား တားမြစ်ပါ။
Oppo
- အက်ပ်များ > လုံခြုံရေးစင်တာ > ကိုယ်ပိုင်အချက်အလက် ခွင့်ပြုချက်များ > အလိုအလျောက်လုပ်ဆောင်မှု စီမံခြင်း (သို့မဟုတ် စတင်မှု မန်နေဂျာ) > Signal ကိုဖွင့်ပါ။
- Android ဖုန်းဆက်တင် > အက်ပလီကေးရှင်း စီမံမှု > လုပ်ဆောင်နေသည်များ တက်ဘ် > Signal ကိုဖွင့်ပါ။
Samsung
- Android ဖုန်းဆက်တင် > အက်ပ်များ > Signal > မိုဘိုင်းဒေတာ > နောက်ခံ ဒေတာသုံးစွဲမှုကို ခွင့်ပြုပါ
- Android ဖုန်းဆက်တင် > လုံခြုံရေး > အလိုအလျောက်စတင်မှု စီမံခြင်း > Signal ကို ဖွင့်ပါ။
- Android ဖုန်းဆက်တင် > ဝိုင်ဖိုင် > အဆင့်မြင့် > ဖုန်းခေတ္တပိတ်ထားစဉ် ဝိုင်ဖိုင်ကို အမြဲဖွင့်ထားပါ။
- Android ဖုန်းဆက်တင် > စက် ပြုပြင်ထိန်းသိမ်းမှု > ဘက်ထရီ > မီနူး > အက်ပ် ပါဝါစောင့်ကြည့်မှု > ပိတ်ပါ သို့မဟုတ် ဆက်တင် > စက်ပြုပြင်ထိန်းသိမ်းမှု > ဘက်ထရီမှ ခေတ္တပိတ်မည့် အက်ပ်များကို တစ်ခုချင်းရွေးချယ်ပါ။ ခေတ္တပိတ်မည့်စာရင်းထဲမှ Signal ကို ဖယ်ထုတ်ထားကြောင်း သေချာပါစေ။
- Android ဖုန်းဆက်တင် > စက် ပြုပြင်ထိန်းသိမ်းမှု > ဘက်ထရီ > ပါဝါချွေတာရေးစနစ် > ပိတ်ပါ သို့မဟုတ် MID ဟု ချိန်ညှိပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ > အသေးစိတ် > Signal > ပိတ်မည်
- အက်ပ်အံဆွဲ > စမတ်မန်နေဂျာ > ဘက်ထရီ > အသေးစိတ် > Signal > ပိတ်မည်။
- Android ဖုန်းဆက်တင် > ဘက်ထရီ > ဘက်ထရီသုံးစွဲမှု > မီနူး > ဘက်ထရီသုံးစွဲမှုကို အကောင်းဆုံးချိန်ညှိမည် > 'အက်ပ်အားလုံး' ကို ရွေးပါ > Signal ကို ပိတ်ပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ > စောင့်ကြည့်မထားသော အက်ပ်များ > အက်ပ်များထည့်သွင်းမည် > Signal > ပြီးပြီ > သင့်ဖုန်းကို ပြန်စတင်ပါ။
- Samsung 8- Android ဖုန်းဆက်တင် > အက်ပ်များ > မီနူး > အထူးအသုံးပြုခွင့် > ဘက်ထရီအသုံးပြုမှုကို အကောင်းဆုံးချိန်ညှိခြင်း > 'အကောင်းဆုံးချိန်ညှိမထားသော အက်ပ်များ' ဟု ဖော်ပြနိုင်ခြေရှိသည့် အောက်တွဲမီနူးကို ရွေးချယ်ပြီး 'အက်ပ်များအားလုံး' သို့ ပြောင်းပါ > Signal ကို ရှာဖွေပြီး ခလုတ်ကိုပိတ်ရန်အတွက် နှိပ်ပါ။
Sony
- Android ဖုန်းဆက်တင် > သိုလှောင်မှုနှင့် မမ်မိုရီ > 'စမတ် သန့်ရှင်းရေးကိရိယာ' ရွေးချယ်စရာကို ပိတ်ပါ သို့မဟုတ် ညာဘက်ထိပ်ရှိ အစက်သုံးစက် > အဆင့်မြင့် > ခွင့်ပြုထားသည့်စာရင်းသို့ Signal ကိုထည့်ရန်အတွက် ဆက်လက်၍နှိပ်ပါ။
- Android ဖုန်းဆက်တင် > ပါဝါစီမံမှု > STAMINA စနစ်ကို နှိပ်ပါ > အသင့်ဖွင့်ထားသော အနေအထားတွင် အလုပ်လုပ်သော အက်ပ်များ > ခွင့်ပြုထားသည့်စာရင်းသို့ Signal ကိုထည့်ပါ။
Vivo
- အက်ပ်အံဆွဲ > iManager > အက်ပ်မန်နေဂျာ > အလိုအလျောက်စတင်မှု မန်နေဂျာ > Signal ကို နောက်ခံတွင် အလိုအလျောက်စတင်ရန် ခွင့်ပြုပါ။
Xiaomi / MIUI
- အက်ပ်အံဆွဲ > လုံခြုံရေး အက်ပ် > ခွင့်ပြုချက်များ > အလိုအလျောက်စတင်မှုကို နှိပ်ပါ > Signal ကို ဖွင့်ပါ။
- Android ဖုန်းဆက်တင် > ဝန်ဆောင်မှုများ > လုံခြုံရေး > ခွင့်ပြုချက်များ > အလိုအလျောက်စတင်မှု > Signal ကို ဖွင့်ပါ။
- Android ဖုန်းဆက်တင် > ထပ်ဆောင်းဆက်တင်များ > ဘက်ထရီနှင့် စွမ်းဆောင်ရည် > အက်ပ်များ၏ ဘက်ထရီသုံးစွဲမှုကို စီမံခြင်း > 'ပါဝါချွေတာရေး စနစ်များ' ကို ပိတ်ပါ > လုံခြုံရေး အက်ပ်ကို ဖွင့်ပါ > ခွင့်ပြုချက်များသို့ ရွေးချယ်ဝင်ရောက်ပါ > Signal ကို အလိုအလျောက်စတင်မှုထဲသို့ ထည့်ပါ > Task Manager ကိုခေါ်ပါ > Signal ကိုရှာပါ > သော့ခလောက်အိုင်ကွန် ပေါ်လာသည်အထိ အောက်သို့ဖိဆွဲပါ
- Android ဖုန်း လုံခြုံရေးအက်ပ် > ဆက်တင် > ဒေတာသုံးစွဲမှု > နောက်ခံဒေတာကို ခွင့်ပြုပါ။