Signal Desktop တွင် ဂရပ်ဖစ်ပြဿနာများကို ကြုံတွေ့နေရပါက သင့်ပလက်ဖောင်းအတွက် ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
- Signal ၏ ဖိုင်လမ်းကြောင်းအပြည့်အစုံကို ရှာပြီး ကူးယူပါ။
- သင်၏ပင်မမျက်နှာပြင်ပေါ်တွင် Signal ရှော့တ်ကတ်ရှိပါက လမ်းကြောင်းအပြည့်အစုံကို ဤသို့ရှာဖွေနိုင်သည်-
-
- ပရိုဂရမ်၏ ရှော့တ်ကတ်ပေါ်တွင် ညာဘက်ကလစ်နှိပ်ပါ။
- Properties ရွေးချယ်စရာကို ရွေးပါ။
- Properties ဝင်းဒိုးထဲတွင် Shortcut တက်ဘ်ကို ဝင်ပါ။
- Target အကွက်ထဲတွင် ပရိုဂရမ်တည်နေရာ သို့မဟုတ် လမ်းကြောင်းကို တွေ့မြင်ရပါမည်။
- ထိုလမ်းကြောင်းကို ကူးယူပါ။
-
- ပင်မမျက်နှာပြင်ပေါ်တွင် Signal ရှော့တ်ကတ်မရှိပါက ဖိုင်လမ်းကြောင်းကို ရှာဖွေရန် Start menu ကို သုံးနိုင်သည်-
-
- Start menu ကို ဖွင့်ပါ။
- Signal ကို ရှာပြီး ညာဘက်ကလစ်နှိပ်၊ More သို့ ဝင်ရောက်ပြီး Open file location ကို ရွေးပါ။
- Program ဖိုင်တွဲ ပွင့်လာပါမည်၊ Signal ကို ညာဘက်ကလစ်နှိပ်ပါ။
- Properties ကို ရွေးပါ။
- "Target" ဘေးရှိ ဖိုင်လမ်းကြောင်းအပြည့်အစုံကို ကူးယူပါ။
-
- သင်၏ပင်မမျက်နှာပြင်ပေါ်တွင် Signal ရှော့တ်ကတ်ရှိပါက လမ်းကြောင်းအပြည့်အစုံကို ဤသို့ရှာဖွေနိုင်သည်-
- Signal Desktop ကို ပိတ်ပါ။
- Start ကို နှိပ်ပြီး ရှာဖွေမှုဘားထဲတွင် "cmd" ဟု ရိုက်ထည့်ခြင်းဖြင့် command prompt ကို ရှာဖွေပါ။
- ဖော်ပြပါ ခိုင်းစေချက်ကို ရိုက်ထည့်ပါ။
start Full File Path For Signal --disable-gpu
- "Full Path For Signal" ၏ နေရာတွင် အစောပိုင်းက သင် ကူးယူထားသည့် လမ်းကြောင်းဖြင့် အစားထိုးကာ Enter နှိပ်ပါ။ ၎င်းသည် ဟာ့ဒ်ဝဲအရှိန်မြှင့်ခြင်းကို မဖွင့်ဘဲ Signal Desktop ကို စတင်စေပါမည်။
- Signal Desktop ကို ပိတ်ပါ။
- သင်၏ Terminal ကို ဖွင့်ပါ။
- ဖော်ပြပါ ခိုင်းစေချက်ကို ရိုက်ထည့်ပါ။
open /Applications/Signal.app/ --args --disable-gpu
- Return ကို နှိပ်ပါ။ ၎င်းသည် ဟာ့ဒ်ဝဲအရှိန်မြှင့်ခြင်းကို မဖွင့်ဘဲ Signal Desktop ကို စတင်စေပါမည်။
- Signal Desktop ကို ပိတ်ပါ။
- သင်၏ Terminal ကို ဖွင့်ပါ။
- ဖော်ပြပါ ခိုင်းစေချက်ကို ရိုက်ထည့်ပါ။
open /Applications/Signal.app/ --args --disable-gpu
- Enter နှိပ်ပါ။ ၎င်းသည် ဟာ့ဒ်ဝဲအရှိန်မြှင့်ခြင်းကို မဖွင့်ဘဲ
Signal Desktop ကို စတင်စေပါမည်။