အောက်ပါတို့သည် အသိပေးချက်များအပေါ် သက်ရောက်မှုရှိစေနိုင်သော Zenfone 9 နှင့် Zenfone 10 စက်များအတွက် သီးသန့်ဆက်တင်များဖြစ်သည်။
ဘက်ထရီ အကောင်းဆုံးချိန်ညှိမှု
ဘက်ထရီ ချွေတာရေးစနစ်ကို ဖွင့်ထားပါက သို့မဟုတ် ပါဝါအသုံးပြုမှုကို နောက်ခံတွင် စီမံခန့်ခွဲပါက အသိပေးချက်များ ကောင်းမွန်စွာ အလုပ်မလုပ်ပါ။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > နောက်ခံအက်ပ်စီမံခန့်ခွဲမှုကို ပိတ်ပါ။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > အလိုအလျောက်စတင်မှု မန်နေဂျာ > Signal အလိုအလျောက်စတင်မှုကို ခွင့်ပြုထားကြောင်း သေချာစေပါ။
အသိပေးချက်အိုင်ကွန်များကို ပြသရန်
၎င်းသည် အခြေအနေပြ ဘားတွင် အသိပေးချက်များပြသပုံကို ပြောင်းသွားစေမည်။ ၎င်းကို "မည်သည့်အရာမျှ" ဟု သတ်မှတ်ထားပါက အခြေအနေပြဘားတွင် အသိပေးချက်များအတွက် အက်ပ်အိုင်ကွန်များကို တွေ့ရမည်မဟုတ်ပါ။
- Android ဖုန်း ဆက်တင် > အက်ပ်များနှင့် အသိပေးချက်များ > အသိပေးချက် အိုင်ကွန် ပြသမှု > "နောက်ဆုံး 3 ခု" သည် သင့်ဖုန်းရှိ နောက်ဆုံး အသိပေးချက် 3 ခုထဲမှ တစ်ခုဖြစ်ခဲ့ပါက Signal မှ အသိပေးချက်များကို အခြေအနေဘားတွင်သာ ပြသပါမည်။
- Android ဖုန်း ဆက်တင်များ > အက်ပ်များ နှင့် အသိပေးချက်များ > အသိပေးချက် အိုင်ကွန်များ ပြသမှု > "အသိပေးချက် အရေအတွက်များသာ" သည် အက်ပ်၏ သီးခြားအိုင်ကွန်များအစား အခြေအနေဘားတွင် နံပါတ်တစ်ခုကိုသာ ပြသပါမည်။
အသိပေးချက်အသစ်
“အသိပေးချက်အသစ်များ - အသိပေးချက်များလက်ခံရရှိသည့်အခါ မျက်နှာပြင်ကိုနှိုးမည်” ကို ပိတ်ထားပါက စက်သည် အသံဖြင့် အသိပေးချက်ရရှိပြီး တုန်ခါမှုရှိမည်ဖြစ်သော်လည်း အသိပေးချက်အသစ် ရောက်လာသောအခါတွင် မျက်နှာပြင်ကိုနှိုးမည်မဟုတ်ပါ။
- Android ဖုန်း ဆက်တင် > ပြသချက် > အသိပေးချက်အသစ်များကို ဖွင့်ထားသင့်သည်။
အသိပေးချက်များနှင့်ပတ်သက်၍ ပြဿနာများ ရှိနေပါသေးသလား။ ဤပြဿနာဖြေရှင်းနည်းအဆင့်များအတိုင်း လုပ်ဆောင်ပါ။။