အောက်ပါတို့သည် အသိပေးချက်များအပေါ် သက်ရောက်မှုရှိစေနိုင်သော Xiaomi Redmi Note 9 စက်များအတွက် သီးသန့်ဆက်တင်များဖြစ်သည်။
ဘက်ထရီ အကောင်းဆုံးချိန်ညှိမှု
ပါဝါချွေတာရေးစနစ်ကို ဖွင့်ထားပါက သို့မဟုတ် ပါဝါအသုံးပြုမှုကို နောက်ခံတွင် စီမံခန့်ခွဲပါက အသိပေးချက်များ ကောင်းမွန်စွာ အလုပ်မလုပ်ပါ။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > လျှပ်စီးစနစ် > စွမ်းဆောင်မှုစနစ်ကို ရွေးချယ်သင့်သည်။
- Android ဖုန်း ဆက်တင်များ > ဘက်ထရီ > အပို အင်္ဂါရပ်> စက်လော့ခ်ချထားသောအခါတွင် မိုဘိုင်းဒေတာကို ပိတ်ပါ > ဘယ်တော့မှ ကို ရွေးချယ်သင့်သည်။
အသိပေးချက်အိုင်ကွန်များကို ပြရန်
၎င်းသည် အခြေအနေပြ ဘားတွင် အသိပေးချက်များပြသပုံကို ပြောင်းသွားစေမည်။ ၎င်းကို "မည်သည့်အရာမျှ" ဟု သတ်မှတ်ထားပါက အခြေအနေပြဘားတွင် အသိပေးချက်များအတွက် အက်ပ်အိုင်ကွန်များကို တွေ့ရမည်မဟုတ်ပါ။
- Android ဖုန်း ဆက်တင်များ > အသိပေးချက်များနှင့် ထိန်းချုပ်ရေးစင်တာ > အခြေအနေပြဘား > အသိပေးချက် အိုင်ကွန်များကို ပြရန် ဖွင့်ပါ။
ပေါ်နေသော အသိပေးချက်များ
၎င်းသည် မျက်နှာပြင်၏ ထိပ်တွင် ပေါ်နေသော အသိပေးချက်များ ပြသပုံကို ပြောင်းလဲစေပါမည်။
- Android ဖုန်း ဆက်တင် > အသိပေးချက်များနှင့် ထိန်းချုပ်ရေးစင်တာ > ပေါ်နေသော အသိပေးချက်များ > Signal >ပေါ်နေသော အသိပေးချက်များကို ခွင့်ပြုပါ။
ပေါ်နေသော အသိပေးချက်ဆက်တင်တွင် Signal ရှိ ချက်(တ်)တစ်ခုခုအတွက် အသိပေးချက်များကို ပိတ်ရန် ရွေးချယ်နိုင်သည်။
- Android ဖုန်း ဆက်တင် > အသိပေးချက်နှင့် ထိန်းချုပ်ရေးစင်တာ > ပေါ်နေသော အသိပေးချက် > Signal > ချက်(တ်) > သင့်ချက်(တ်)ကို နှိပ်ပါ > "အသိပေးချက်ကိုပြမည်" ကိုခွင့်ပြုပါ ထို့နောက် "ပေါ်နေသော အသိပေးချက်ကို ခွင့်ပြုပါ"။
အသိပေးချက် ဘဲ့ဂျ်များ
သင့်တွင် မဖတ်ရသေးသော မက်ဆေ့ချ်အသစ်မည်မျှရှိသည်ကို ပြသသည့် အက်ပ်အိုင်ကွန်တွင် ညွှန်ပြချက်တစ်ခုကို မြင်လိုပါက အသိပေးချက် ဘဲ့ဂျ်များကိုခွင့်ပြုရပါမည်။
Android ဖုန်း ဆက်တင် > အသိပေးချက်များနှင့် ထိန်းချုပ်ရေးစင်တာ > ဘဲ့ဂျ် > Signal > အသိပေးချက် ဘဲ့ဂျ်များကို ခွင့်ပြုပါ။