အောက်ဖော်ပြပါတို့သည် အသိပေးချက်များအပေါ် သက်ရောက်မှုရှိစေနိုင်သော Huawei P20 စက်များအတွက် သီးသန့်ဆက်တင်များဖြစ်သည်။
ဘက်ထရီ အကောင်းဆုံးချိန်ညှိမှု
Signal သည် ပါဝါစုစည်းထည့်သွင်းထားပါက သို့မဟုတ် ပါဝါအသုံးပြုမှုကို နောက်ခံတွင် စီမံခန့်ခွဲပါက အသိပေးချက်များ ကောင်းမွန်စွာ အလုပ်မလုပ်ပါ။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > ပါဝါချွေတာရေးစနစ်နှင့် ပါဝါအထူးချွေတာရေးစနစ်တို့ကို ပိတ်ထားသင့်သည်။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > စတင်မှု > Signal > နောက်ကွယ်တွင်လုပ်ဆောင်မှုကို ဖွင့်ထားသင့်သည်။
အသိပေးချက်နှင့် အခြေအနေပြဘား
၎င်းသည် အခြေအနေပြဘားတွင် အသိပေးချက်များအပြင် အက်ပ်အိုင်ကွန် ဘဲ့ဂျ်များနှင့် မျက်နှာပြင်၏ ထိပ်တွင် ပေါ်နေသော နဖူးစည်းများအားပြသပုံကိုလည်း ပြောင်းလဲစေပါမည်။
- Android ဖုန်း ဆက်တင် > အက်ပ်များနှင့် အသိပေးချက်များ > အသိပေးချက်များနှင့် အခြေအနေပြ ဘား > "အသိပေးချက် နည်းလမ်း > အိုင်ကွန်များ သို့မဟုတ် အရေအတွက်များကို ရွေးချယ်သင့်သည်။
- Android ဖုန်း ဆက်တင် > အက်ပ်များနှင့် အသိပေးချက်များ > အသိပေးချက်များ စီမံခန့်ခွဲမှု > Signal > ရွေးချယ်မှုအားလုံးကို ဖွင့်ထားသင့်သည်။
အသိပေးချက်များ မျက်နှာပြင်ကို ဖွင့်ခြင်း
ဤဆက်တင်ကို ပိတ်ထားပါက အသိပေးချက်များ ရောက်ရှိလာသည့်အခါ သင့်စက်မျက်နှာပြင်ကို ဖွင့်မည်မဟုတ်ပါ။
- Android ဖုန်း ဆက်တင် > အက်ပ်များနှင့် အသိပေးချက်များ > အသိပေးချက်များနှင့် အခြေအနေပြ ဘား > "အသိပေးချက်များမှ မျက်နှာပြင်ကို ဖွင့်ရန်" ကို ဖွင့်ထားသင့်သည်။