အောက်ပါတို့သည် အသိပေးချက်များအပေါ် သက်ရောက်မှုရှိစေနိုင်သော Xiaomi စက်များအတွက် OS-သီးသန့်ဆက်တင်များဖြစ်သည်။
ဘက်ထရီ အကောင်းဆုံးချိန်ညှိခြင်း
ပါဝါ ချွေတာရေးစနစ်ကို ဖွင့်ထားပါက သို့မဟုတ် ပါဝါအသုံးပြုမှုကို နောက်ခံတွင် စီမံခန့်ခွဲပါက အသိပေးချက်များ ကောင်းမွန်စွာ အလုပ်မလုပ်ပါ။
- Android ဖုန်းဆက်တင် > ဘက်ထရီ >လျှပ်စီးစနစ် > စွမ်းဆောင်မှုစနစ် ကို ရွေးချယ်သင့်သည်။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > အပိုအင်္ဂါရပ်> စွမ်းဆောင်ရည်စနစ် > စက်လော့ခ်ချထားသောအခါတွင် မိုဘိုင်းဒေတာကို ပိတ်ပါ > ဘယ်တော့မှ ကို ရွေးချယ်သင့်သည်။
အသိပေးချက်အိုင်ကွန်များကို ပြရန်
၎င်းသည် အခြေအနေပြ ဘားတွင် အသိပေးချက်များပြသပုံကို ပြောင်းသွားစေမည်။ ၎င်းကို "မည်သည့်အရာမျှ" ဟု သတ်မှတ်ထားပါက အခြေအနေပြ ဘားတွင် အသိပေးချက်များအတွက် အက်ပ်အိုင်ကွန်များကို တွေ့ရမည်မဟုတ်ပါ။
- Android ဖုန်း ဆက်တင် > အသိပေးချက်များနှင့် ထိန်းချုပ်ရေးစင်တာ > အခြေအနေပြ ဘား > အသိပေးချက် အိုင်ကွန်များကို ပြရန် ဖွင့်ပါ။
ပေါ်နေသော အသိပေးချက်များ
၎င်းသည် မျက်နှာပြင်၏ ထိပ်တွင် ပေါ်နေသော အသိပေးချက်များကို ပြသပုံကို ပြောင်းလဲစေပါမည်။
- Android ဖုန်း ဆက်တင် > အသိပေးချက်များနှင့် ထိန်းချုပ်ရေးစင်တာ > ပေါ်နေသောအသိပေးချက်များ > Signal > ပေါ်နေသော အသိပေးချက်များကို ခွင့်ပြုပါ။
ပေါ်နေသော အသိပေးချက်ဆက်တင်တွင် Signal ရှိ ချက်(တ်)တစ်ခုခုအတွက် အသိပေးချက်များကို ပိတ်ရန် ရွေးချယ်နိုင်သည်။
- Android ဖုန်း ဆက်တင် > အသိပေးချက်များနှင့် ထိန်းချုပ်ရေးစင်တာ > ပေါ်နေသော အသိပေးချက်များ > Signal > ချက်(တ်) > သင့်ချက်(တ်)ကို နှိပ်ပါ > "အသိပေးချက်များကိုပြမည်" ကိုခွင့်ပြုပါ ထို့နောက် "ပေါ်နေသော အသိပေးချက်များကို ခွင့်ပြုပါ"။
အသိပေးချက် ဘဲ့ဂျ်များ
သင့်တွင် မဖတ်ရသေးသော မက်ဆေ့ချ်အသစ်မည်မျှရှိသည်ကို ပြသည့် အက်ပ်အိုင်ကွန်တွင် ညွှန်ပြချက်တစ်ခုကို မြင်လိုပါက အသိပေးချက်ဘဲ့ဂျ်များ ကို ခွင့်ပြုပေးရပါမည်။
- Android ဖုန်း ဆက်တင် > အသိပေးချက်များနှင့် ထိန်းချုပ်ရေးစင်တာ > ဘဲ့ဂျ် > Signal > အသိပေးချက် ဘဲ့ဂျ်များကို ခွင့်ပြုပါ။