အောက်ပါတို့သည် အသိပေးချက်များအပေါ် သက်ရောက်မှုရှိစေနိုင်သော Samsaung A54 စက်များအတွက် OS-သီးသန့်ဆက်တင်များဖြစ်သည်။
ဘက်ထရီ အကောင်းဆုံးချိန်ညှိခြင်း
ပါဝါ ချွေတာရေးစနစ်ကို ဖွင့်ထားပါက သို့မဟုတ် ပါဝါအသုံးပြုမှုကို နောက်ခံတွင် စီမံခန့်ခွဲပါက အသိပေးချက်များ ကောင်းမွန်စွာ အလုပ်မလုပ်ပါ။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > ပါဝါ ချွေတာရေးစနစ်ကို ပိတ်ပါ။
- Android ဖုန်း ဆက်တင် > ဘက်ထရီ > နောက်ခံအသုံးပြုမှု ကန့်သတ်ချက်များ > "အသုံးမပြုသောအက်ပ်များကို ခေတ္တပိတ်ရန်" ကိုပိတ်ပါ သို့မဟုတ် "ဘယ်တော့မှ အလိုအလျောက် ခေတ္တမပိတ်ထားသောအက်ပ်များ" စာရင်းတွင် Signal ကိုထည့်ပါ။
အသိပေးချက်
အောက်ပါ ဆက်တင်များသည် လော့ခ်မျက်နှာပြင် အသိပေးချက်၊ နဖူးစည်း၊ အက်ပ်အိုင်ကွန် ဘဲ့ဂျ်နှင့် မနှောင့်ယှက်ရန်တို့အတွက် ဖြစ်သည်။
- Android ဖုန်း ဆက်တင် > အသိပေးချက်များ > အက်ပ် အသိပေးချက် > Signal ကို ဖွင့်ထားသင့်သည်။
- Android ဖုန်း ဆက်တင် > အသိပေးချက်များ > လော့ခ်မျက်နှာပြင် အသိပေးချက်များကို ဖွင့်ထားသင့်သည်။
- Android ဖုန်းဆက်တင် > အသိပေးချက်များ > အဆင့်မြင့် ဆက်တင် > အက်ပ်အိုင်ကွန် ဘဲ့ဂျ်များကို ဖွင့်ထားသင့်သည်။
- Android ဖုန်းဆက်တင် > အသိပေးချက်များ > မနှောင့်ယှက်ရ > မနှောင့်ယှက်ရစာရင်းအတွင်း ခွင့်ပြုထားသည်ကို ပြန်လည်သုံးသပ်ပါ။
အသံနှင့် တုန်ခါမှု
၎င်းသည် အသိပေးချက်များတွင် ကြားနိုင်သော အသိပေးချက် သို့မဟုတ် အသံဖြင့် အသိပေးချက် ရှိမရှိနှင့် ဖုန်းဝင်လာစဉ် စက်သည် တုန်ခါမှုရှိမရှိကို ဆုံးဖြတ်ပေးမည်။
- Android ဖုန်း ဆက်တင် > အသံနှင့် တုန်ခါမှု > သင့်အသံ၊ တုန်ခါမှုနှင့် အသံအတိုးအကျယ် ရွေးချယ်စရာများကို ပြန်လည်သုံးသပ်ပါ။