Signal သည် ကိုယ်ပိုင်ဆက်သွယ်ရေးအားလုံးအတွက် သင့်ဖုန်း၏ အင်တာနက်ချိတ်ဆက်မှုကို အသုံးပြုသည်။ သင့်ဖုန်းကို အင်တာနက်ချိတ်ဆက်ထားချိန်တွင် မက်ဆေ့ချ်များကို လက်ခံ၍မရသည့် အဖြစ်အများဆုံးအကြောင်းရင်းများမှာ Signal ၏ အင်တာနက်အသုံးပြုခွင့်ကို သင် ကန့်သတ်ထားခြင်း သို့မဟုတ် ၎င်းသည် နောက်ခံတွင် လည်ပတ်၍ (သို့) ဒေတာပို့ဆောင်၍ မရခြင်းတို့ကြောင့် ဖြစ်ပါသည်။
- သင့်ဖုန်းတွင် Signal အတွက် အက်ပလီကေးရှင်းခွင့်ပြုချက်များ ကို ပြန်ဖွင့်ပေးပါ။
- Signal ၏ အင်တာနက်ချိတ်ဆက်မှုကို ကန့်သတ်နေသော ပြင်ပအဖွဲ့အစည်းအက်ပ်၊ VPN သို့မဟုတ် firewall များကို ပိတ်ပါ သို့မဟုတ် ဆက်တင်များကို မွမ်းမံပါ။
- Signal ကို နောက်ခံတွင်အလုပ်လုပ်ရန်နှင့် သင့်စက် ဘက်ထရီအားနည်းနေချိန်တွင် အလုပ်လုပ်ရန် ခွင့်ပြုပါ။ အချို့ဖုန်းများတွင် ၎င်းကို doze mode၊ ဒေတာချွေတာရေး၊ ဘက်ထရီအကောင်းဆုံးချိန်ညှိမှု သို့မဟုတ် ပါဝါစီမံခန့်ခွဲမှု ဆက်တင်များဟု ဖော်ပြထားသည်။
- အဆက်အသွယ်တစ်ခုကို ဘလော့ခ်ဖြေပါ။
ဖော်ပြပါတို့အတွက် ထပ်ဆောင်းအဆင့်များကို ကြည့်ပါ-
- Android
- iOS
- Desktop
- မက်ဆေ့ချ်ပေးပို့ခြင်းနှင့်ပတ်သက်၍ ပြဿနာဖြေရှင်းခြင်း
- OS အလိုက် သီးသန့်နည်းဖြင့် ပြဿနာဖြေရှင်းခြင်း
Android
အခြေခံပြဿနာဖြေရှင်းခြင်း
- Signal Android နောက်ဆုံးထွက်ဗားရှင်း သို့ အပ်ဒိတ်လုပ်ပြီး အထက်ဖော်ပြပါ အက်ပလီကေးရှင်းခွင့်ပြုချက်အားလုံးကို ဖွင့်ပေးပါ။
- သင့်ဖုန်းတွင် Google Play services အက်ပ် ကို အပ်ဒိတ်လုပ်ပြီး အက်ပလီကေးရှင်းခွင့်ပြုချက်အားလုံးကို ဖွင့်ပေးပါ။
- Signal ကို နောက်ခံတွင် အလိုအလျောက်စတင်ပြီး အလုပ်လုပ်ရန် ခွင့်ပြုပါ။ ဖုန်းတစ်ခုချင်းအလိုက် ဆက်တင်များ ကို ဖွင့်ပါ။
- OS အလိုက် သီးသန့်ဆက်တင်များကို စစ်ဆေးပါ။
Signal မက်ဆေ့ချ်များကို ပေးပို့၍ရသော်လည်း လက်ခံ၍မရခြင်းမှာ ဘာကြောင့်နည်း။
သင်၏မက်ဆေ့ချ်များကို ပေးပို့လိုက်ပုံရသော်လည်း Signal မက်ဆေ့ချ်များကို သင် လက်ခံရရှိခြင်းမရှိပါက ဤမျက်နှာပြင်ထိပ်ဆုံးရှိ မီနူးတွင် ကျွန်ုပ်တို့ထံဆက်သွယ်ရန် ရွေးချယ်စရာကို အသုံးပြုကာ ကျွန်ုပ်တို့အကူအညီပေးနိုင်ရန် အောက်ပါမေးခွန်းများကို ဖြေကြားပေးပါ။
- ၎င်းသည် တစ်ဦးချင်းပြောထားသည့် ချက်(တ်)မှာ ဖြစ်သလား အဖွဲ့ချက်(တ်)မှာ ဖြစ်သလား၊ နှစ်ခုစလုံးမှာဖြစ်သလား။
- သင် မကြာသေးမီက စာရင်းသွင်းမှုပယ်ဖျက်ခဲ့သလား။
- Signal Android ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ခဲ့သလား။
- မည်သည့်ပလက်ဖောင်း (Android၊ ချိတ်ထားသော Desktop သို့မဟုတ် ချိတ်ထားသော iPad) မှ မက်ဆေ့ချ်ပို့နေခြင်း ဖြစ်ပါသလဲ။
iOS
အခြေခံပြဿနာဖြေရှင်းခြင်း
- Signal iOS နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပြီး အထက်ဖော်ပြပါ အက်ပလီကေးရှင်းခွင့်ပြုချက်အားလုံးကို ဖွင့်ပေးပါ။
- Signal အတွက် အသိပေးချက်ဆိုင်ရာ ခွင့်ပြုချက်များကို ဖွင့်ထားကြောင်း အတည်ပြုပါ။
- iPhone ဆက်တင် > Signal > အသိပေးချက်များ > အသိပေးချက်များကို ခွင့်ပြုပါ။
- လော့ခ်မျက်နှာပြင်အတွက် အသံများ၊ ဘဲ့ဂျ်များနှင့် သတိပေးချက်များကို ဖွင့်ပါ။
- တွန်းပို့အသိပေးချက်များအတွက် ပြန်လည်စာရင်းသွင်းပါ- Signal ဆက်တင် > အသိပေးချက်များ > တွန်းပို့အသိပေးချက်များအတွက် ပြန်လည်စာရင်းသွင်းခြင်း > အိုကေ။
- အက်ပ်ကို ပွတ်ဆွဲလျက် ပိတ်ပြီး ပြန်ဖွင့်ပါ။
- အသံ အသိပေးချက်များအတွက်
- အထက်ဖော်ပြပါအဆင့်များ တွင် စာရင်းပြုစုထားသည့် OS ခွင့်ပြုချက်များထဲတွင် အသံများကို ဖွင့်ပါ။
- ပြင်ပခလုတ်မှာ လိမ္မော်ရောင်ပြနေခြင်းမရှိပါက သင့်စက်ကို အသံတိတ်/တုန်ခါ စနစ်မှ ထွက်ပါ။
- Signal ဆက်တင် > အသိပေးချက်များ > မက်ဆေ့ချ်အသံထဲတွင် အသံများကို ဖွင့်ထားပါ။
Desktop
အခြေခံပြဿနာဖြေရှင်းခြင်း
- သင့်ဖုန်းတွင် Signal ကို ထည့်သွင်းထားကြောင်းနှင့် Signal ဆက်တင် > ချိတ်ထားသည့် စက်များထဲတွင် သင်၏ Desktop စက်ကို စာရင်းသွင်းထားကြောင်း အတည်ပြုပါ။
- Firewall ကန့်သတ်ချက်များ ချမှတ်ထားသည့် ဝိုင်ဖိုင်ကို သင်သုံးနေပါက ကွန်ရက်စီမံခန့်ခွဲသူကို ဆက်သွယ်ပါ။
- Signal Desktop ကို ရက် 30 နှင့်အထက်ကြာအောင် သက်ဝင်လုပ်ဆောင်မှုမရှိပါက
- ၎င်းထံသို့ပေးပို့ရန် တန်းစီထားသော မက်ဆေ့ချ်အားလုံးကို ဖြုတ်လိုက်ပါသည်။
- ၎င်းသည် အော့ဖ်လိုင်းဖြစ်နေသည့်အချိန်မှစ၍ မည်သည့်မက်ဆေ့ချ်ကိုမျှ လက်ခံရရှိတော့မည်မဟုတ်ပါ။
- ၎င်းကို ချိတ်ထားသည့် စက်အသစ်တစ်လုံးအဖြစ် သတ်မှတ်လိုက်ပါသည်။
Signal မက်ဆေ့ချ်များကို ပေးပို့၍ရသော်လည်း လက်ခံ၍မရခြင်းမှာ ဘာကြောင့်နည်း။
သင်၏မက်ဆေ့ချ်များကို ပေးပို့ လိုက်ပုံရသော်လည်း Signal မက်ဆေ့ချ်များကို သင် လက်ခံရရှိခြင်းမရှိပါက
- Signal ကို သင့်ဖုန်းတွင် လက်ရှိအသုံးပြုနေကြောင်း သေချာအောင်လုပ်ပြီး ဖုန်းမှနေ၍ မက်ဆေ့ချ်တစ်စောင် ပေးပို့ပါ။
- အဖွဲ့ချက်(တ်)များတွင် အခြားအဖွဲ့ဝင်တစ်ဦးကို သင့်ကို အဆက်အသွယ်အဖြစ် မှတ်ထားသည့် ရေးသွင်းချက်ကို ရွေးခြင်းဖြင့်မဟုတ်ဘဲ သင့်ဖုန်းနံပါတ်ကို ရိုက်ထည့်ခြင်းဖြင့် အဖွဲ့ထဲသို့ထည့်ပေးရန် တောင်းဆိုပါ။
- တစ်ဦးချင်းပြောထားသည့် ချက်(တ်)များအတွက် သင့်ကွန်ပျူတာနှင့် Signal Desktop ကို ပြန်လည်စတင်ပါ။ သင့်ဖုန်းတွင် Signal ကို လတ်တလော ပြန်လည်ထည့်သွင်းထားခြင်းဖြစ်ပါက Signal Desktop ကို ပြန်ချိတ်ရန်လိုပါမည်။