အသိပေးချက်ပရိုဖိုင်များသည် Signal Desktop နှင့် Android တွင် အသိပေးချက်များကို မည်သို့၊ မည်သည့်အချိန်တွင်၊ မည်သူထံမှ လက်ခံရရှိမည်ကို ထိန်းချုပ်နိုင်စေပါသည်။ အခြေအနေတိုင်းအတွက် အသိပေးချက် ဆက်တင်တစ်ခုတည်းကို သတ်မှတ်ထားမည့်အစား သင့်တစ်နေ့တာ၏ အချိန်အပိုင်းအခြားအမျိုးမျိုးနှင့် ကိုက်ညီသော ပရိုဖိုင်များစွာကို ဖန်တီးနိုင်ပါသည်။ ဥပမာ၊ “အလုပ်” ပရိုဖိုင်၊ “အိပ်စက်ချိန်” ပရိုဖိုင် သို့မဟုတ် သင့်နေ့စဉ်လုပ်ရိုးလုပ်စဉ်နှင့် ကိုက်ညီသည့် အခြားပရိုဖိုင်များကို ဖန်တီးနိုင်ပါသည်။
ဤဆက်တင်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။
ဆက်တင် > အသိပေးချက်သို့ သွားပြီး အသိပေးချက်ပရိုဖိုင်များ အပိုင်းကို ရှာပါ။ ထိုနေရာမှ ရှိပြီးသား ပရိုဖိုင်များကို ကြည့်ရှုခြင်း၊ ချိန်ညှိခြင်း သို့မဟုတ် ပရိုဖိုင်အသစ်တစ်ခု ဖန်တီးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
ပရိုဖိုင်အသစ်တစ်ခုကို မည်သို့ဖန်တီးရမည်နည်း။
ပရိုဖိုင်တစ်ခုကို စတင်သတ်မှတ်သည့်အခါ အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည်-
- ထိုပရိုဖိုင်ကို အသုံးပြုနေစဉ် သင့်ထံ အသိပေးချက် ပေးပို့ခွင့်ရှိမည့် လူများ သို့မဟုတ် အဖွဲ့များကို ရွေးချယ်ပါ။
- ထိုပရိုဖိုင်ရှိ အခြားဆက်တင်များ မည်သို့ပင်ရှိစေကာမူ ဖုန်းခေါ်ဆိုမှုများကို အမြဲခွင့်ပြုပါ။
- ထိုပရိုဖိုင်ရှိ အခြားဆက်တင်များ မည်သို့ပင်ရှိစေကာမူ သင့်ကို မန်းရှင်းလုပ်ထားသည်များကို အမြဲခွင့်ပြုပါ။
- ဆန္ဒရှိပါက ပရိုဖိုင်ကို အလိုအလျောက် ဖွင့်ပိတ်နိုင်ရန် အချိန်ဇယားတစ်ခုကို ထည့်သွင်းပါ (အောက်တွင် ကြည့်ပါ)။
ပရိုဖိုင်ကို ကိုယ်တိုင်ဖွင့်နိုင်ပါသလား၊ သို့မဟုတ် အချိန်ဇယား သတ်မှတ်ထားရန် လိုအပ်ပါသလား။
နည်းလမ်းနှစ်မျိုးစလုံးကို အသုံးပြုနိုင်ပါသည်။ ပရိုဖိုင်ကို အလိုရှိသည့်အချိန်တွင် ကိုယ်တိုင်ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အလိုအလျောက် အသက်ဝင်စေရန် အချိန်ဇယားကိုလည်း သတ်မှတ်နိုင်ပါသည်။ ဥပမာ- စနေ၊ တနင်္ဂနွေများတွင်သာ၊ ရုံးဖွင့်ရက်များတွင်သာ သို့မဟုတ် နေ့စဉ် သတ်မှတ်ထားသော အချိန်ကာလအတွင်းသာ အသက်ဝင်စေရန် သတ်မှတ်နိုင်ပါသည်။ အချိန်ဇယားသတ်မှတ်ခြင်းသည် ရွေးချယ်နိုင်သည့်အရာဖြစ်ပါသည်။ ပရိုဖိုင်ကို လိုအပ်သည့်အခါ ကိုယ်တိုင် ဖွင့်ပိတ်အသုံးပြုနိုင်သည့်အတိုင်းလည်း ထားရှိနိုင်ပါသည်။
ပရိုဖိုင်တစ်ခု လက်ရှိအသုံးပြုနေခြင်း ရှိ၊ မရှိကို မည်သို့သိနိုင်ပါသနည်း။
အသိပေးချက်ပရိုဖိုင်ကို ဖွင့်ထားသည့်အခါ ချက်(တ်)စာရင်း၏ ထိပ်ဆုံးတွင် ခရမ်းရောင်အိုင်ကွန်နှင့်အတူ ပြသထားမည်ဖြစ်ပါသည်။ ထို့အပြင် ဆက်တင်အား အမြန်ဝင်ရောက်နိုင်သည့် ရွေးချယ်စရာများလည်း ပါဝင်သောကြောင့် ဆက်တင်မီနူးတစ်ခုလုံးထဲသို့ ပြန်ဝင်ရှာဖွေရန်မလိုဘဲ ပရိုဖိုင်ကို စစ်ဆေးခြင်း သို့မဟုတ် ချိန်ညှိခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
ကျွန်ုပ်၏ အသိပေးချက်ပရိုဖိုင်သည် ကျွန်ုပ်၏ စက်အားလုံးတွင် တစ်ပြိုင်နက်တည်း အပ်ဒိတ်ဖြစ်ပါမည်လား။
၎င်းကို သင်ကိုယ်တိုင် ရွေးချယ်နိုင်ပါသည်။ ဤအရာကို စတင်သတ်မှတ်သည့်အခါ သင့်စက်များအားလုံးတွင် အသိပေးချက်ပရိုဖိုင်များကို တစ်ပြိုင်နက်တည်း အပ်ဒိတ်လုပ်ရန် ရွေးချယ်နိုင်ပါသည်။ ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက စက်ပစ္စည်းတစ်ခုတွင် ပရိုဖိုင်တစ်ခုကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းပြုလုပ်ရုံဖြင့် အခြားစက်ပစ္စည်းများတွင်ပါ ထိုပရိုဖိုင်ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းဖြစ်သွားမည်ဖြစ်ပြီး၊ ပိတ်ထားပါက စက်ပစ္စည်းတစ်ခုစီသည် မိမိ၏ ပရိုဖိုင်အခြေအနေကို သီးခြားစီ စီမံခန့်ခွဲမည်ဖြစ်သည်။
ဤလုပ်ဆောင်ချက်ကို iOS တွင်လည်း အသုံးပြုနိုင်ပါသလား။
အသိပေးချက်ပရိုဖိုင်ကို လက်ရှိအချိန်၌ iOS တွင် အသုံးပြု၍ မရသေးပါ။