Signal ပံ့ပိုးရေးသည် သင့်ထံသို့ မည်သည့်အခါမျှ စတင်ဆက်သွယ်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ထံ ဆက်သွယ်မှသာ တုံ့ပြန်ဖြေကြားပါမည်။
Signal ပံ့ပိုးရေးထံ ဆက်သွယ်ရန် ရွေးချယ်စရာ နှစ်ခုရှိပါသည်-
- အက်ပ်အတွင်းမှ စာရေးခြင်း။ Signal ဆက်တင် (ပရိုဖိုင်) > အကူအညီ > ကျွန်ုပ်တို့ထံ ဆက်သွယ်ရန် သို့ သွားပါ။
- အခြားနည်းအဖြစ် ဤပုံစံကို ဖြည့်စွက်ပါ- ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်။
Signal ထံမှ သို့မဟုတ် Signal ကိုယ်စားလှယ်တစ်ဦးဦးထံမှ ဆက်သွယ်မှုသည် @signal.org အီးမေးလ်လိပ်စာဖြင့်သာ လာမည်ဖြစ်ပြီး အက်ပ်အတွင်းမှ ဆက်သွယ်မည်မဟုတ်ပါ။
တစ်စုံတစ်ယောက်သည် ချက်(တ်)ဘော့တ်၊ လုံခြုံရေး၊ ပံ့ပိုးကူညီမှု သို့မဟုတ် Signal မှ ကိုယ်စားလှယ်အဖြစ် သင့်အား Signal အတွင်း ဆက်သွယ်ပါက ၎င်းသည် လိမ်လည်မှုတစ်ခုဖြစ်သည်။ ချက်ချင်း တိုင်ကြားရန်ကိုရွေးချယ်ပြီး တိုင်ကြားရန်နှင့် ဘလော့ခ်ရန်ကိုရွေးချယ်ပါ။