ပုံမှန်အားဖြင့် သင့်ဖုန်းနံပါတ်ကို လုံခြုံစွာထိန်းသိမ်းပေးရန် ရည်ရွယ်ချက်ဖြင့် Signal သည် သင့်ဖုန်းနံပါတ်ကို ပင်မမျက်နှာပြင်တွင် ထင်ထင်ရှားရှား မဖော်ပြထားပါ။ သို့သော် ကြည့်ရမည့်နေရာကို သိထားပါက အလွယ်တကူ ရှာတွေ့နိုင်ပါသည်။
Android
- Signal ကို ဖွင့်ပါ။
- သင့် (ဘယ်ဘက်အပေါ်ထောင့်ရှိ) ပရိုဖိုင်အိုင်ကွန်
ကို နှိပ်ပါ။
- သင့်ဖုန်းနံပါတ်ကို သင့်ပရိုဖိုင်အမည်နှင့် ရုပ်ပုံတို့နှင့်အတူ ထိုနေရာတွင် ဖော်ပြထားသည်။
iOS
- Signal ကို ဖွင့်ပါ။
- သင့် (ဘယ်ဘက်အပေါ်ထောင့်ရှိ) ပရိုဖိုင်အိုင်ကွန်
ကို နှိပ်ပါ။
- ဆက်တင်ကို နှိပ်ပါ။
- သင့်ဖုန်းနံပါတ်ကို သင့်ပရိုဖိုင်အမည်နှင့် ရုပ်ပုံတို့နှင့်အတူ ထိုနေရာတွင် ဖော်ပြထားသည်။
Desktop
- Signal Desktop ကို ဖွင့်ပါ။
- ဆက်တင် အိုင်ကွန် ကို နှိပ်ပါ။
- သင့်ဖုန်းနံပါတ်ကို သင့်ပရိုဖိုင်အမည်နှင့် ရုပ်ပုံတို့နှင့်အတူ ထိုနေရာတွင် ဖော်ပြထားသည်။
မူလသတ်မှတ်ချက်အနေဖြင့် သင့်ဖုန်းနံပါတ်ကို မသိမ်းထားရသေးသူများသည် သင့်ပရိုဖိုင် အသေးစိတ်အချက်များ စာမျက်နှာတွင် ထိုနံပါတ်ကို မြင်တွေ့ရမည်မဟုတ်ပါ။ ဤဆက်တင်ကို လူတိုင်းမြင်နိုင်စေရန် ပြောင်းလဲလိုပါက ဖုန်းနံပါတ် ကိုယ်ပိုင်အချက်အလက်နှင့် သုံးစွဲသူအမည် ဆိုင်ရာ ကျွန်ုပ်တို့၏ အမေးများသောမေးခွန်းများ စာမျက်နှာကို ကြည့်ပါ။