ကျွန်ုပ်တို့သည် ကိုယ်ပိုင်အချက်အလက်လုံခြုံရေး ဦးစားပေးပြီး ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ထားသော (E2EE) မက်ဆေ့ချ်ပေးပို့ခြင်းနှင့် ခေါ်ဆိုမှု ပလက်ဖောင်းကို သင်နှင့် သင်ရည်ရွယ်ထားသော လက်ခံသူများကြား လုံခြုံစွာ ဆက်သွယ်နိုင်စေရန် ဒီဇိုင်းထုတ်ထားပေးပါသည်။ ခိုင်မာသော ကုဒ်ပြောင်းဝှက်ခြင်း စနစ်ရှိထားသော်လည်း တိုက်ခိုက်သူများသည် လူမှုအင်ဂျင်နီယာ၊ ဖြားယောင်းခြင်း သို့မဟုတ် အယောင်ဆောင်ခြင်း နည်းလမ်းများကိုသုံး၍ သင့်အား အရေးကြီးသော အချက်အလက်များကို ဖော်ထုတ်ရန် လှည့်ဖြားနိုင်သေးသည်။
ဤ FAQ သည် ထိုခြိမ်းခြောက်မှုများကို သိရှိရန်၊ တားဆီးရန်၊ တိုင်ကြားရန် နည်းလမ်းများကို ရှင်းပြထားပြီး Signal ၏ ပံ့ပိုးကူညီမှုအဖွဲ့ထံ ဆက်သွယ်ပုံအား ဖော်ပြပေးထားသည်။
Signal ပံ့ပိုးမှုသည် သုံးစွဲသူများထံ တိုက်ရိုက်ဆက်သွယ်ပါသလား။
Signal သည် တရားဝင် Signal ချက်(တ်)မှတစ်ဆင့် လုပ်ဆောင်ချက်အသစ်များအကြောင်းကို အသိပေးပါလိမ့်မည်။ ၎င်းသည် မက်ဆေ့ချ်များ ဖလှယ်နိုင်သော ချက်(တ်)တစ်ခု မဟုတ်ပါ၊ ထူးခြားသော နောက်ခံပုံပါရှိသည့် ကြည့်ရှုရန်သီးသန့် ချက်(တ်)တစ်ခု ဖြစ်ပါသည်။ ဤချက်(တ်)သည် အောက်ခြေတွင် "Signal ၏ တစ်ခုတည်းသောတရားဝင်ချက်(တ်)" ဆိုသည့် အသိပေးချက်တစ်ခုကိုလည်း ပြသပေးပါလိမ့်မည်။
မက်ဆေ့ချ်များဖလှယ်သည့် ချက်(တ်)စကားပြောဆိုမှုမှတစ်ဆင့် ကျွန်ုပ်တို့ ဆက်သွယ်မှုကို မစတင်ပါ။ မက်ဆေ့ချ်ဖလှယ်နိုင်သည့် ချက်(တ်)များတွင် လက်ခံရန်၊ ငြင်းပယ်ရန် သို့မဟုတ် ဘလော့ခ်ရန် ခလုတ်များပါသည့် မက်ဆေ့ချ်ပို့ရန် တောင်းဆိုချက် မျက်နှာပြင်ကို ဦးစွာပြသပါမည်။ Signal ဝန်ထမ်းများသည် ဤနည်းဖြင့် သင့်အား မည်သည့်အခါမျှ ဆက်သွယ်မည်မဟုတ်ပါ။
မက်ဆေ့ချ်ပို့ရန် တောင်းဆိုချက်တစ်ခု၏ပုံစံကို ကြည့်ရန် ဤ FAQ စာမျက်နှာ ကို ကြည့်ပါ။
Signal ဝန်ထမ်းများသည် ဖုန်းခေါ်ဆိုမှုများ၊ SMS သို့မဟုတ် လူမှုမီဒီယာမှတစ်ဆင့် မည်သည့်အခါမျှ ဆက်သွယ်မည်မဟုတ်ပါ။ Signal ဝန်ထမ်းများသည် သင့်အား ချက်(တ်)စကားပြောဆိုမှု (မက်ဆေ့ချ်များဖလှယ်သည့်နေရာ) တွင် PIN သို့မဟုတ် ပြန်လည်ရယူရေးကီးကို အတည်ပြုရန် မည်သည့်အခါမျှ မတောင်းဆိုပါ။
ကျွန်ုပ်တို့အဖွဲ့မှ တစ်စုံတစ်ဦးဖြစ်ကြောင်ပြော၍ သင့်အား မက်ဆေ့ချ်ပေးပို့ပါက-
- အကြောင်းပြန်ခြင်း သို့မဟုတ် အချက်အလက်မျှဝေခြင်း မပြုပါနှင့်။
- အက်ပ်အတွင်း အကောင့်ကို တိုင်ကြား၍ ဘလော့ခ်လိုက်ပါ ။
- ကျွန်ုပ်တို့၏ တရားဝင် နည်းလမ်းဖြင့်သာ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။
ပံ့ပိုးကူညီသည့်ပုံစံ အယောင်ဆောင်သည့် လိမ်လည်မှုက မည်သို့နည်း။
လိမ်လည်သူများသည် အောက်ပါတို့ကို ပြုလုပ်နိုင်သည်-
- ကျွန်ုပ်တို့၏ ပရိုဖိုင်အတု သို့မဟုတ် ဆင်တူရိုးမှားပုံစံကို ဖန်တီးမည်။
- ပြဿနာတစ်ခု သို့မဟုတ် အတည်ပြုချက်လုပ်ရန် လိုအပ်သည်ဟုဆိုကာ သင့်အကောင့် အတည်ပြုကုဒ်ကို တောင်းဆိုမည်။
- အကောင့်ဝင်ရောက်ခွင့်ကို “အတည်ပြုရန်” သို့မဟုတ် “ပြန်လည်ရယူရန်” လင့်ခ်များ ပေးပို့မည်။
သတိပေးချက်- အတည်ပြုကုဒ်များ၊ ပြန်လည်ရယူရေးကီးများ သို့မဟုတ် ငွေပေးချေမှုအသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ ဘယ်သောအခါမျှ တောင်းဆိုမည်မဟုတ်ပါ။
ဖြားယောင်းခြင်းဆိုသည်မှာ အဘယ်နည်း။
ဖြားယောင်းခြင်းသည် အီးမေးလ်များ၊ လင့်ခ်များ သို့မဟုတ် ခေါ်ဆိုမှုများမှတစ်ဆင့် အချက်အလက်များကို ခိုးယူရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သူများသည် ယုံကြည်ရသောအဆက်အသွယ်များ သို့မဟုတ် ဝန်ဆောင်မှုများအဖြစ် အယောင်ဆောင်သည့် လိမ်လည်မှုအမျိုးအစားတစ်ခုဖြစ်သည်။
သတိပေးလက္ခဏာများ-
- SMS ကုဒ်များ သို့မဟုတ် စကားဝှက်များကဲ့သို့ အရေးကြီးသော အချက်အလက်များကို တောင်းဆိုသည့် မမျှော်လင့်ထားသော စာတိုများ သို့မဟုတ် ခေါ်ဆိုမှုများ။
- အရေးတကြီးခံစားချက်- "ထိုသို့ မပြုလုပ်ပါက သင့်အကောင့်ကို လော့ခ်ချမည် / ဆုံးရှုံးသွားမည်။"
- သံသယဖြစ်ဖွယ်လင့်ခ်များ၊ စာလုံးပေါင်းမှားနေသော လိပ်စာများ။
သံသယရှိလျှင် တရားဝင်ချန်နယ်များသို့ ဝင်ရောက်စစ်ဆေးပါ။
ကျွန်ုပ်၏ Signal အတည်ပြုကုဒ်၊ Signal PIN နှင့်/သို့မဟုတ် ဘက်ခ်အပ် ပြန်လည်ရယူရေးကီးကို တောင်းဆိုလာပါသည်။ ဘာလုပ်ရမည်နည်း။
၎င်းသည် ဖြားယောင်းရန် ကြိုးစားမှုတစ်ခုဖြစ်သည်။ သင့်ကုဒ်သည် သင့်အကောင့်အတွက် သော့ဖြစ်သည်၊ ၎င်းကို ဘယ်တော့မှ မမျှဝေပါနှင့်။
သတိပေးချက်- အက်ပ်အတွင်း မှတ်ပုံတင်ခြင်းအဆင့်အတွင်းသာ သင်၏ Signal အတည်ပြုကုဒ်ကို လိုအပ်ပါသည်။ ၎င်းတို့သည် ဘော့တ် သို့မဟုတ် Signal ၏ ကိုယ်စားလှယ်ဟု ဆိုစေကာမူ မည်သူ့ကိုမျှ သင့်အတည်ပြုကုဒ်ကို မည်သည့်အခါမျှ မပေးမိပါစေနှင့်။
အဖြစ်များသော လိမ်လည်မှုများ
ခိုင်မာသော ကုဒ်ပြောင်းဝှက်ခြင်းဖြင့်ပင် လိမ်လည်သူများသည် မှားယွင်းသောအချက်ပြမှုများကို ပေးပို့နိုင်ပြီး လူများ၏ယုံကြည်မှုကို အသုံးချနိုင်သည်။
| လိမ်လည်မှု အမျိုးအစား | ပုံစံ | ကိုယ့်ကိုယ်ကိုယ် ကာကွယ်နည်း |
| ဖြားယောင်းခြင်း သို့မဟုတ် အယောင်ဆောင်ခြင်း။ | တစ်စုံတစ်ဦးသည် သင်၏ အတည်ပြုကုဒ် သို့မဟုတ် စကားဝှက်ကို ခိုးယူရန် သူငယ်ချင်း၊ ကုမ္ပဏီ သို့မဟုတ် ပံ့ပိုးကူညီသူအဖြစ် ဟန်ဆောင်ထားမည်။ | အခြားနေရာများတွင် ၎င်းတို့၏ အထောက်အထားကို အမြဲစစ်ဆေးအတည်ပြုပါ။ သင့်ကုဒ်များကို ဘယ်တော့မှ မမျှဝေပါနှင့်။ |
| အန္တရာယ်ရှိသော လင့်ခ်များ သို့မဟုတ် အက်ပ်များ | အကောင့်တု စာမျက်နှာများဆီသို့ ဦးတည်စေသော လင့်ခ်များ သို့မဟုတ် ဒေါင်းလုဒ်များ သို့မဟုတ် သင့်စက်တွင် ထည့်သွင်းရန် Malware များ။ | သင် မျှော်လင့်မထားသော လင့်ခ်များကို မနှိပ်ပါနှင့်။ မဖွင့်မီ URL များကို သေချာစစ်ဆေးပါ။ |
| ဆု၊ အလုပ် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများ | သင်ဆုရရှိသည်၊ အလုပ်တစ်ခုရသည်၊ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်များရသည်ဟု ပေးပို့လာသော မက်ဆေ့ချ်များ။ | မဖြစ်နိုင်လောက်အောင် ကောင်းလွန်းနေလျှင် လိမ်လည်မှုဖြစ်နိုင်သည်။ သံသယဖြစ်ပါ။ |
| အချစ်ဇာတ်လမ်း သို့မဟုတ် ယုံကြည်မှုအခြေခံ လိမ်လည်မှုများ | တစ်စုံတစ်ယောက်သည် သင့်ထံမှ ငွေ သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူရန် စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုကို အသုံးပြုမည်။ | အဆက်အသွယ်အသစ်များနှင့် ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များကို မျှဝေသည့်အခါ သတိထားပါ။ |
ဘေးကင်းစွာနေပါ
- အတည်ပြုကုဒ်များ၊ ဘက်ခ်အပ်ပြန်လည်ရယူရေးကီးများ သို့မဟုတ် စကားဝှက်များကို ဘယ်တော့မှ မမျှဝေပါနှင့်။
- ကျွန်ုပ်တို့၏ တရားဝင်အီးမေးလ်မှသာ ပံ့ပိုးကူညီမှုကို ဆက်သွယ်ပါ။
- မမျှော်လင့်ထားသော မက်ဆေ့ချ်များသည် ဖြားယောင်းခြင်း ဖြစ်နိုင်သည်ဟု ယူဆပါ။
- မနှိပ်မီ သို့မဟုတ် မဖွင့်မီ လင့်ခ်များနှင့် ဖိုင်များကို စစ်ဆေးပါ။
- အမည်မသိ သို့မဟုတ် သံသယဖြစ်ဖွယ် အဆက်အသွယ်များကို ဘလော့ခ်ပါ။
- သင့် အက်ပ်ကို အပ်ဒိတ်လုပ်ပြီး ကိုယ်ပိုင်အချက်အလက် ဆက်တင်များကို ပုံမှန်စစ်ဆေးပါ။
- လိမ်လည်မှုဟု သံသယရှိပါက- ဆက်သွယ်မှုကို ရပ်ပြီး မည်သည့်အချက်အလက်ကိုမှ မမျှဝေပါနှင့်။
- ငွေကြေး သို့မဟုတ် ကိုယ်ရေးအထောက်အထား လိမ်လည်မှုအတွက် ဒေသအာဏာပိုင်များထံ အသိပေးရန် စဉ်းစားပါ။