သင့် Signal အကောင့်ဒေတာ၏ အစီရင်ခံစာကို ဒေါင်းလုဒ်လုပ်ပြီး ထုတ်သိမ်းပါ။ ဤအစီရင်ခံစာတွင် မက်ဆေ့ချ် သို့မဟုတ် မီဒီယာတစ်ခုမျှ မပါဝင်ပါ။ Signal တွင် အားလုံးကို End-to-end ကုဒ်ပြောင်းဝှက်ထားသောကြောင့် Signal ဝန်ဆောင်မှုသည် သင်၏ မက်ဆေ့ချ်သို့မဟုတ် ပူးတွဲဖိုင်များကို မည်သည့်အခါမျှ ရယူသုံးစွဲ၍မရပါ။
အစီရင်ခံစာကို ဒေါင်းလုဒ်လုပ်ပြီး ထုတ်သိမ်းခြင်း
- သင့်ဖုန်းတွင် Signal ဆက်တင်
> အကောင့် > သင့်အကောင့်ဒေတာသို့သွားပါ။
- TXT အဖြစ် ထုတ်သိမ်းရန် သို့မဟုတ် JSON အဖြစ် ထုတ်သိမ်းရန် > အစီရင်ခံစာကို ထုတ်သိမ်းရန် > ထုတ်သိမ်းရန်ကို ရွေးပါ။
- ဖိုင်မျှဝေရန် နေရာကို ရွေးပါ။
သင့်အစီရင်ခံစာကို ထုတ်သိမ်းသည့်အချိန်တွင်သာ ထုတ်ယူထားပြီး သင့်စက်တွင် Signal က မသိမ်းထားပါ။