Signal သည် သင့်ကိုယ်ပိုင်အချက်အလက်နှင့် သင့်ဒေတာလုံခြုံရေးကို ကာကွယ်ပေးရန် ကတိကဝတ်ပြုပါသည်။ Signal သည် သင့်ဒေတာ သို့မဟုတ် အကြောင်းအရာများကို မည်သည့်နည်းနှင့်မျှ – မည်သည့်အခါမျှ ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ၎င်းတို့ဖြင့် ငွေကြေးရယူခြင်းတို့ ပြုလုပ်၍မရနိုင်ပါ။
ပြင်ဆင်မွမ်းမံထားသော စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုယ်ပိုင်အချက်အလက်မူဝါဒ။
Signal သည် အထိခိုက်မခံသော အချက်အလက်များကို စုဆောင်းခြင်း သို့မဟုတ် သိုလှောင်ထားခြင်းကို မည်သည့်အခါမှ မလုပ်ရန် ထုတ်လုပ်ထားပါသည်။ Signal မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများကို ကျွန်ုပ်တို့ကဖြစ်စေ၊ အခြားပြင်ပအဖွဲ့အစည်းများကဖြစ်စေ ရယူသုံးစွဲခြင်း မပြုနိုင်ပါ၊ အကြောင်းမှာ End-to-end ကုဒ်ပြောင်းဝှက်မှု ပြုလုပ်ထား၍ သီးသန့်ဆန်ကာ လုံခြုံသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြင်ဆင်မွမ်းမံထားသော စည်းကမ်းသတ်မှတ်ချက်များ နှင့် ကိုယ်ပိုင်အချက်အလက် မူဝါဒကို ကြည့်ပါ။
ကျွန်ုပ်၏ဒေတာများကို Signal မှ ထုတ်ယူနိုင်ပါသလား။
Signal မက်ဆေ့ချ်များ၊ ပုံများ၊ ဖိုင်များနှင့် အခြားအကြောင်းအရာများကို သင့်စက်တွင်းတွင် သိုလှောင်ပါသည်။ ဤအကြောင်းအရာများကို Open Source Signal သုံးစွဲသူများက ဖတ်နိုင်ပါသည်။ Signal ရှိ အရာရာကို End-to-end ကုဒ်ပြောင်းဝှက်ထားသောကြောင့် Signal ဝန်ဆောင်မှုသည် ဤဒေတာများကို ရယူသုံးစွဲနိုင်မည် မဟုတ်ပါ။
စက်တွင်း သိုလှောင်ထားသော Signal အကြောင်းအရာကို ခွဲခြားဖော်ပြနိုင်သည့်၊ အသိုင်းအဝိုင်း အသီးသီးမှ ဖန်တီးထားသော Open Source အသုံး ဝင်ဝန်ဆောင်မှုများစွာ ရှိပါသည်။ Android သုံးစွဲသူများသည် စက်များအကြား စက်တွင်း Signal ဒေတာတို့ကိုလည်း ရွှေ့နိုင်ပါသည် (Signal ဆက်တင် > ချက်(တ်) > ချက်(တ်) ဘက်ခ်အပ်များ)။
ကျွန်ုပ်အကောင့်ကို အပြီးတိုင် မည်သို့ပိတ်ရမည်နည်း။
သင့်ဖုန်းနံပါတ်ကို စာရင်းသွင်းမှုမှ ဖျက်ခြင်းဖြင့် Signal သုံးစွဲသူအဖြစ် အသိအမှတ်ပြုထားသော သင့်ဖုန်းနံပါတ်ကို အပြီးတိုင် ပိတ်နိုင်ပါသည်။ ဤလုပ်ဆောင်ချက်ကို အတည်ပြုပြီး ပြီးဆုံးအောင်လုပ်ဆောင်ရန် ဤဖုန်းနံပါတ်အား ရယူသုံးစွဲရန် လိုအပ်ပါမည်။
Signal ရှိ ကျွန်ုပ်အဆက်အသွယ်များမှာ မည်သို့ဖြစ်မည်နည်း။
သင့်လိပ်စာစာအုပ်ထဲရှိ မည်သည့်အဆက်အသွယ်များက သင့်အဆက်အသွယ်များ၏ ကိုယ်ပိုင်အချက်အလက်ကို ကာကွယ်ရန် ထုတ်လုပ်ထားသော ဝန်ဆောင်မှုကို သုံးနေသည့် Signal သုံးစွဲသူများဖြစ်ကြောင်း Signal က စိတ်ကြိုက် ရှာဖွေပေးနိုင်ပါသည်။ သင့်အဆက်အသွယ်များထဲမှ မည်သည့်အဆက်အသွယ်များကို စာရင်းသွင်းထားကြောင်း ဆုံးဖြတ်နိုင်ရန် သင့်စက်ရှိ အဆက်အသွယ်များမှ အချက်အလက်များကို လျှို့ဝှက်ကုဒ်ဖြင့် Hash လုပ်ပြီး ဆာဗာသို့ လွှဲပြောင်းနိုင်ပါသည်။
GDPR အတိုင်း လိုက်နာရန် Signal အနေဖြင့် မည်သည့်အားထုတ်မှုမျိုး ပြုလုပ်ရပါသနည်း။
Signal ကို သုံးစွဲသူ ကိုယ်ပိုင်အချက်အလက် ကာကွယ်ရန် အထူးထုတ်လုပ်ထားခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ပေးရန်အတွက် လိုအပ်သော အချက်အလက်အနည်းဆုံးကိုသာ သုံးပါသည်။ ဤသည်မှာ ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်ဖြစ်ပြီး Signal ၏ ကိုယ်ပိုင်အချက်အလက် မူဝါဒနှင့် စည်းကမ်းသတ်မှတ်ချက်များကို ကျွန်ုပ်တို့၏ ပံ့ပိုးရေးစင်တာ အချက်အလက်များနှင့်အညီ ဆက်လက်၍ ပြင်ဆင်မွမ်းမံပါမည်။
သင့်ဒေတာကာကွယ်ရေး အရာရှိကို မည်သို့ဆက်သွယ်ရမည်နည်း။
ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေး အရာရှိကို privacy@signal.org သို့အီးမေးလ် ပို့ခြင်းဖြင့် ဆက်သွယ်နိုင်ပါသည်။
Signal ကို သုံးရန် အနိမ့်ဆုံးအသက်အရွယ်မှာ အဘယ်နည်း။
Signal ကို သုံးရန် အနည်းဆုံး အသက် 13 နှစ် ရှိရပါမည်။ မိဘ၏ သဘောတူခွင့်ပြုချက် မပါဘဲ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သုံးရန် အနိမ့်ဆုံးအသက်အရွယ်သည် သင်နေထိုင်ရာနိုင်ငံတွင် ပိုမြင့်ကောင်းမြင့်နိုင်ပါသည်။
မပြောင်းလဲသည့်အရာမှာ အဘယ်နည်း။
အဆင့်မြင့်ဆုံး လုံခြုံရေးနှင့် End-to-end ကုဒ်ပြောင်းဝှက်မှုကို သုံးနေသော သင့်ကိုယ်ပိုင်အချက်အလက် ကာကွယ်ပေးရေးဆိုင်ရာ Signal ၏ တည်မြဲနေဆဲ ကတိကဝတ်သည် ပြောင်းလဲမည် မဟုတ်ပါ။ Signal သည် ကမ္ဘာအနှံ့ ဆက်သွယ်ရေးကို လုံခြုံစိတ်ချရစေပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်ပေးသည့် ဖွံ့ဖြိုးဆဲ Open Source Privacy နည်းပညာကို အလေးအနက်ထားပါသည်။
မေးမြန်းစရာများ ရှိပါသလား။
ကျွန်ုပ်တို့၏ ဒေတာကိုယ်ပိုင်အချက်အလက် လုပ်ထုံးလုပ်နည်းများအကြောင်း နောက်ထပ်မေးခွန်းများရှိပါက privacy@signal.org မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။