Signal သည် ဓာတ်ပုံ မျှဝေခြင်း သို့မဟုတ် သင့်အဆက်အသွယ်များကို ပြသခြင်းကဲ့သို့ အချို့အင်္ဂါရပ်များကို ဖွင့်ရန် ခွင့်ပြုချက်များ တောင်းဆိုပါသည်။ ဤခွင့်ပြုချက်များအား အသုံးပြုပုံကို Source Code မှကြည့်၍ အတည်ပြုနိုင်ပါသည်။ Signal သည် Open Source အပြည့်အဝဖြစ်ပြီး အစဉ်အမြဲ ထိုအတိုင်းပင် ဖြစ်နေပါဦးမည်။ ကုဒ်ကို ပြင်ပအဖွဲ့အစည်း လုံခြုံရေးကုမ္ပဏီများနှင့် တစ်ဦးချင်း သုတေသီများက စစ်ဆေးထားပါသည်။ ဤသည်မှာ Open Source အဖြစ် ကတိကဝတ်ပြုထားသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပြီး ဂရုတစိုက် စိစစ်နိုင်စေရန် အထောက်အကူပေးပါသည်။
Android
OS အသိပေးချက် ရွေးချယ်စရာများ
အသိပေးချက်တွင် ပေါ်နေသော စမတ် အကြောင်းပြန်ချက်ကို စီမံရန် သို့မဟုတ် ပိတ်ရန်-
- Android 10 နှင့် 11 အတွက် Android ဖုန်း ဆက်တင် အက်ပ် > အက်ပ်များနှင့် အသိပေးချက် > အသိပေးချက် > အဆင့်မြင့် > အကြံပြုထားသည့် လုပ်ဆောင်ချက်များနှင့် အကြောင်းပြန်ချက်များကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် သို့ သွားပါ။
- Android 12 နှင့် 13 အတွက် Android ဖုန်း ဆက်တင် အက်ပ် > အသိပေးချက် > တိုးမြှင့်ထားသော အသိပေးချက်များကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် သို့ သွားပါ။
- Android 14 အတွက် Android ဖုန်း ဆက်တင် အက်ပ် > အသိပေးချက် > အဆင့်မြင့် ဆက်တင် > လုပ်ဆောင်ချက်များကို အကြံပြုခြင်းနှင့် အသိပေးချက်အတွက် အကြောင်းပြန်ချက် သို့ သွားပါ။
လော့ခ်မျက်နှာပြင် အသိပေးချက် ရွေးချယ်စရာများကို စီမံရန်-
- Android ဖုန်း ဆက်တင် အက်ပ် > အက်ပ်များနှင့် အသိပေးချက် > အသိပေးချက် > အဆင့်မြင့် သို့ သွားပါ။
- Android 14 အတွက် Android ဖုန်း ဆက်တင် အက်ပ် > အသိပေးချက် > လော့ခ် မျက်နှာပြင်အသိပေးချက် သို့ သွားပါ။
ခွင့်ပြုချက်များ
Android 6.0 သို့မဟုတ် နောက်ပိုင်းကို လုပ်ဆောင်နေသော ဖုန်းများတွင် ခွင့်ပြုချက်များကို စီမံရန်-
- Android ဖုန်း ဆက်တင် အက်ပ် > အက်ပ် (သင့်စက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်) > Signal > အက်ပ် ခွင့်ပြုချက်များ (သင့်စက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်) > ခွင့်ပြုချက်များကို ဖွင့်ရန် သို့ သွားပါ။
တောင်းဆိုသော ခွင့်ပြုချက်များ
အိုင်ဒီ | |
စက်တွင် အကောင့်များကို ရှာရန် | အကောင့်များကို ရှာရန် နှင့် Signal အဆက်အသွယ်များကို စစ်ဆေးရန် Signal အား ခွင့်ပြုပါသည်။ ဤအကောင့်များကို သင့် Android စနစ်ဆက်တင်၏ အကောင့်များ အပိုင်းတွင် ကြည့်နိုင်ပါသည်။ |
သင့်ကိုယ်ပိုင်အဆက်အသွယ်ကတ်ကို ဖတ်ရန် | သင့်အဆက်အသွယ်ကတ်များကို ရယူသုံးစွဲခြင်းဖြင့် Signal အား သင့်ဖုန်းနံပါတ်ကို သင့်အမည်နှင့် ချိတ်ဆက်ခွင့်ပြုပါသည်။ |
အဆက်အသွယ်များ | |
စက်တွင် အကောင့်များကို ရှာရန် |
အကောင့်များကို ရှာရန် နှင့် Signal အဆက်အသွယ်များကို စစ်ဆေးရန် Signal အား ခွင့်ပြုပါသည်။ ဤအကောင့်များကို သင့် Android စနစ်ဆက်တင်၏ အကောင့်များ အပိုင်းတွင် ကြည့်နိုင်ပါသည်။ |
သင့်အဆက်အသွယ်များကို ဖတ်ရန် | သင့်အဆက်အသွယ်များကို ရယူသုံးစွဲခြင်းဖြင့် Signal အား အဝင်ဖုန်းနံပါတ်များကို အမည်များဖြင့် ချိတ်ဆက်ခွင့်ပြုပြီး မက်ဆေ့ချ် စာစီ ပေးပို့မည့်သူကို ရွေးချယ်သည့်အခါ အဆက်အသွယ်အချက်အလက်ကို ပြသခွင့်ပြုပါသည်။ |
သင့်အဆက်အသွယ်များကို ပြင်ဆင်ရန် | Signal သည် လက်ရှိအဆက်အသွယ်များသို့ ဖုန်းနံပါတ်အသစ်များ ပေါင်းထည့်နိုင်ပြီး အဆက်အသွယ်အသစ်များလည်း ဖန်တီးနိုင်ပါသည်။ |
တည်နေရာ | |
ခန့်မှန်းတည်နေရာ (ကွန်ရက်အပေါ် အခြေခံပါသည်) | အောက်ဖော်ပြပါကို ကြည့်ပါ။ |
တည်နေရာအတိအကျ (GPS နှင့် ကွန်ရက်အပေါ် အခြေခံပါသည်) | မက်ဆေ့ချ်များတွင် သင့်လက်ရှိတည်နေရာကို သင့်မိတ်ဆွေများနှင့် ဝေမျှခွင့်ပြုပါသည်။ Wi-Fi တိုက်ရိုက် အကောင့်လွှဲပြောင်းရန်လည်း သုံးပါသည်။ |
ဖုန်း | |
ဖုန်းအနေအထားနှင့် အိုင်ဒီကို ဖတ်ရန် | Signal အား သင့်ဖုန်းနံပါတ်နှင့် စက် ID ကို ဆုံးဖြတ်ရန် ခွင့်ပြုပါသည်။ Signal အတွက် စာရင်းသွင်းရန် ၎င်းတို့ကို သုံးပါသည်။ သီးသန့်ခေါ်ဆိုမှုနှင့် မလုံခြုံသော ခေါ်ဆိုမှု ဝင်လာသည့်အခါ ခေါ်ဆိုမှုကို ကိုင်တွယ်ဆောင်ရွက်ခွင့်ပြုပါသည်။ ဖယ်ရှားထားသည့် မလုံခြုံသော ဆက်သွယ်မှုအကြောင်း နောက်ထပ်အချက်များကို ဤနေရာတွင် ဖတ်ပါ။ |
ဓာတ်ပုံများ/မီဒီယာ/ဖိုင်များ | |
သင့် USB သိုလှောင်မှု အကြောင်းအရာများကို ဖတ်ရန် | အောက်ဖော်ပြပါကို ကြည့်ပါ။ |
သင့် USB သိုလှောင်မှု အကြောင်းအရာများကို ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန် | Signal သည် သင့်ဖုန်းတွင် ၎င်း၏ ကုဒ်ပြောင်းဝှက်ထားသော ဒေတာဘေ့စ်ကို သိုလှောင်ပါသည်။ ပုံ၊ ဗီဒီယို သို့မဟုတ် အသံ မက်ဆေ့ချ် လက်ခံရရှိသည့်အခါ ၎င်းတို့ကို သင့်ဖုန်းတွင်လည်း သိုလှောင်ပါသည်။ ဘက်ခ်အပ် လုပ်ဆောင်နိုင်စွမ်းကို ဖွင့်ရန် ဤခွင့်ပြုချက်များ လိုအပ်ပါသည်။ |
သိမ်းဆည်းမှု | |
သင့် USB သိုလှောင်မှု အကြောင်းအရာများကို ဖတ်ရန် | အောက်ဖော်ပြပါကို ကြည့်ပါ။ |
သင့် USB သိုလှောင်မှု အကြောင်းအရာများကို ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန် | Signal သည် သင့်ဖုန်းတွင် ၎င်း၏ ကုဒ်ပြောင်းဝှက်ထားသော ဒေတာဘေ့စ်ကို သိုလှောင်ပါသည်။ ပုံ၊ ဗီဒီယို သို့မဟုတ် အသံ မက်ဆေ့ချ် လက်ခံရရှိသည့်အခါ ၎င်းတို့ကို သင့်ဖုန်းတွင်လည်း သိုလှောင်ပါသည်။ ဘက်ခ်အပ် လုပ်ဆောင်နိုင်စွမ်းကို ဖွင့်ရန် ဤခွင့်ပြုချက်များ လိုအပ်ပါသည်။ |
ကင်မရာ | |
ပုံများနှင့် ဗီဒီယိုများ ရိုက်ရန် | Signal သည် အက်ပ်အတွင်း ပုံရိုက်ပြီး မက်ဆေ့ချ်တွင် ထည့်၍ ပို့နိုင်စေသည့် တိုက်ရိုက် ရိုက်ကူးမှု အင်္ဂါရပ်ကို ထည့်သွင်းထားပါသည်။ ဗီဒီယိုခေါ်ဆိုမှုများအတွက် ဤခွင့်ပြုချက်ကို လိုအပ်ပါသည်။ |
မိုက်ခရိုဖုန်း | |
အသံဖမ်းရန် | အော်ဒီယိုနှင့် ဗီဒီယိုကောလ်များတွင် သင့်အသံကို ကြားရစေနိုင်ပြီး အသံမက်ဆေ့ချ်များကို မှတ်တမ်းတင်နိုင်စေပါသည်။ |
Wi-Fi ချိတ်ဆက်မှု အချက်အလက် | |
Wi-Fi ချိတ်ဆက်မှုများကို ကြည့်ရှုရန် | Signal မက်ဆေ့ချ်များကို အင်တာနက်မှတစ်ဆင့် ပေးပို့၊ လက်ခံနိုင်ပြီး ပုံမှန် SMS/MMS ကို မသုံးပါ။ ဤသည်က ဝန်ဆောင်မှုများ မရနိုင်သည့်အခါလည်း Signal အား ဆုံးဖြတ်ခွင့်ပြုပါသည်။ ကွန်ရက်အခြေအနေများစွာတို့တွင် SMS ၊ MMS နှင့် Signal မက်ဆေ့ချ်များကို လက်ခံရန် လိုအပ်ပါသည် (ဥပမာ- 3G ၊ WiFi ၊ LTE စသည်ဖြင့်)။ SMS ဖယ်ရှားမှုအကြောင်း နောက်ထပ်အချက်များကို ဤနေရာတွင် ဖတ်ပါ။ |
စက် ID နှင့် ခေါ်ဆိုမှု အချက်အလက် | |
ဖုန်းအနေအထားနှင့် အိုင်ဒီကို ဖတ်ရန် | Signal အား သင့်ဖုန်းနံပါတ်နှင့် စက် ID ကို ဆုံးဖြတ်ရန် ခွင့်ပြုပါသည်။ Signal အတွက် စာရင်းသွင်းရန် ၎င်းကို သုံးပါသည်။ |
အခြား | |
အင်တာနက်မှ ဒေတာ လက်ခံရန် | အောက်ဖော်ပြပါကို ကြည့်ပါ။ |
ကွန်ရက်ချိတ်ဆက်မှုများကို ကြည့်ရှုရန် | Signal မက်ဆေ့ချ်များကို အင်တာနက်မှတစ်ဆင့် ပေးပို့၊ လက်ခံနိုင်ပြီး ပုံမှန် SMS/MMS ကို မသုံးပါ။ ဤသည်က ဝန်ဆောင်မှုများ မရနိုင်သည့်အခါလည်း Signal အား ဆုံးဖြတ်ခွင့်ပြုပါသည်။ ကွန်ရက်အခြေအနေများစွာတို့တွင် SMS ၊ MMS နှင့် Signal မက်ဆေ့ချ်များကို လက်ခံရန် လိုအပ်ပါသည် (ဥပမာ- 3G ၊ WiFi ၊ LTE စသည်ဖြင့်)။ SMS ဖယ်ရှားမှုအကြောင်း နောက်ထပ်အချက်များကို ဤနေရာတွင် ဖတ်ပါ။ |
အကောင့်များ ဖန်တီးရန်နှင့် စကားဝှက်များ သတ်မှတ်ရန် | Signal အား သင့်စက်တွင် အကောင့်ဖန်တီးပြီး စနစ် ဆက်တင် > အကောင့်တွင် ကြည့်နိုင်စေပါသည်။ |
ဘလူးတုသ် စက်များနှင့် ချိတ်ရန် | ဖုန်းပြောနေစဉ် ဘလူးတုသ် ချိတ်ဆက်မှု သုံးနိုင်စေပါသည်။ |
Sticky ထုတ်လွှင့်မှုကို ပို့ရန် | ဤသည်မှာ Signal သည် သင့်ဖုန်းရှိ အခြားအက်ပ်များနှင့် ယုံကြည် အဆင်ပြေစွာ လုပ်ဆောင်နိုင်စေရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် ဘက်ထရီအားနည်းနေသော်လည်း မက်ဆေ့ချ်များကို လက်ခံရရှိနိုင်သေးပါသည် သို့မဟုတ် ပုံတစ်ပုံ တွဲပါက သင့်စက်တွင် ဓာတ်ပုံ ရယူသုံးစွဲရန် တောင်းဆိုပါသည်။ |
ကွန်ရက် ချိတ်ဆက်နိုင်စွမ်းကို ပြောင်းရန် | အောက်ဖော်ပြပါကို ကြည့်ပါ။ |
Wi-Fi နှင့် ချိတ်ဆက်ရန်၊ ချိတ်ဆက်မှုမှ ဖြုတ်ရန် | Signal မက်ဆေ့ချ်များကို အင်တာနက်မှတစ်ဆင့် ပေးပို့၊ လက်ခံနိုင်ပြီး ပုံမှန် SMS/MMS ကို မသုံးပါ။ ဤသည်က ဝန်ဆောင်မှုများ မရနိုင်သည့်အခါလည်း Signal အား ဆုံးဖြတ်ခွင့်ပြုပါသည်။ ကွန်ရက်အခြေအနေများစွာတို့တွင် SMS ၊ MMS နှင့် Signal မက်ဆေ့ချ်များကို လက်ခံရန် လိုအပ်ပါသည် (ဥပမာ- 3G ၊ WiFi ၊ LTE စသည်ဖြင့်)။ SMS ဖယ်ရှားမှုအကြောင်း နောက်ထပ်အချက်များကို ဤနေရာတွင် ဖတ်ပါ။ Wi-Fi တိုက်ရိုက် အကောင့်လွှဲပြောင်းရန်လည်း သုံးပါသည်။ |
သင့်မျက်နှာပြင်လော့ခ်ကို ပိတ်ရန် | ဖုန်းပြောနေစဉ် Signal အား ဖုန်းကို လော့ခ်ဖြေထားခွင့်ပြုပါသည်။ |
ကွန်ရက်သုံးစွဲနိုင်မှု အပြည့်ရစေရန် | Signal မက်ဆေ့ချ်များကို အင်တာနက်မှတစ်ဆင့် ပေးပို့၊ လက်ခံနိုင်ပြီး ပုံမှန် SMS/MMS ကို မသုံးပါ။ ဤသည်က ဝန်ဆောင်မှုများ မရနိုင်သည့်အခါလည်း Signal အား ဆုံးဖြတ်ခွင့်ပြုပါသည်။ ကွန်ရက်အခြေအနေများစွာတို့တွင် SMS ၊ MMS နှင့် Signal မက်ဆေ့ချ်များကို လက်ခံရန် လိုအပ်ပါသည် (ဥပမာ- 3G ၊ WiFi ၊ LTE စသည်ဖြင့်)။ SMS ဖယ်ရှားမှုအကြောင်း နောက်ထပ်အချက်များကို ဤနေရာတွင် ဖတ်ပါ။ |
သင့်အော်ဒီယို ဆက်တင်ကို ပြောင်းရန် | အသံ အသိပေးချက်အတွက် သုံးပါသည်။ |
ချိန်ကိုက်မှု ဆက်တင်ကို ဖတ်ရန် | အက်ပ်အား မက်ဆေ့ချ်များ အချိန်မီ လက်ခံနိုင်စေပါသည်။ |
စတင်ချိန်တွင် လုပ်ဆောင်ရန် | သုံးစွဲသူက Signal ကို မဖွင့်ရသေးသော်လည်း Signal အား ဖုန်း စတင်ဖွင့်လိုက်ချိန်တွင် မက်ဆေ့ချ်များ လက်ခံရရှိအောင် လုပ်ဆောင်နိုင်စေပါသည်။ ဤသည်ကို မလုပ်ထားပါက မက်ဆေ့ချ် လက်ခံရာတွင် ကြန့်ကြာနိုင်ပါသည်။ |
စက်တွင် အကောင့်များကို သုံးရန် | Signal အား သင့်စက်တွင် အကောင့်ပေါင်းထည့်ပြီး စနစ် ဆက်တင် > အကောင့်တွင် ကြည့်နိုင်စေပါသည်။ |
တုန်ခါမှု ထိန်းချုပ်ရန် | တုန်ခါမှု အသိပေးချက်အတွက် သုံးပါသည်။ |
စက်ကို ခေတ္တပိတ်ခြင်းမှ ကာကွယ်ရန် | မက်ဆေ့ချ် ပေးပို့မှု သို့မဟုတ် လက်ခံမှုကဲ့သို့ အချို့အလုပ်များကို လုပ်ဆောင်နေသည့်အခါ Signal အား ဖုန်းပွင့်နေအောင် လုပ်ဆောင်နိုင်စေပါသည်။ |
ချိန်ကိုက်မှု ဖွင့်ရန်၊ ပိတ်ရန် | သင့်အဆက်အသွယ်များကို အပ်ဒိတ်ဖြစ်နေစေရန် ဤသည်ကို သုံးပြီး ချိန်ကိုက်မှု ဆောင်ရွက်ရန် ခေတ်မီ Android တွင် အဆင့်မြင့်နည်းလမ်းဖြစ်ကာ စနစ် ဆက်တင် > အကောင့်များတွင် ကြည့်နိုင်ပါသည်။ |
ရှော့တ်ကတ်များ ထည့်သွင်းရရန် | Signal အား သင့်ပင်မစာမျက်နှာတွင် ရှော့တ်ကတ်တစ်ခုထည့်ရန် ခွင့်ပြုပါ။ |
iOS
သင့် iPhone တွင် ခွင့်ပြုချက်များကို စီမံရန်-
-
iPhone ဆက်တင် > Signal သို့ သွားပါ
- အခြား iPhone ဆက်တင်
တောင်းဆိုသော ခွင့်ပြုချက်များ
တည်နေရာ | မက်ဆေ့ချ်များတွင် သင့်လက်ရှိတည်နေရာကို သင့်မိတ်ဆွေများနှင့် ဝေမျှခွင့်ပြုပါသည်။ |
အဆက်အသွယ်များ | ဤသည်က သင့်အဆက်အသွယ်များနှင့် ချိတ်ဆက်နိုင်စေပြီး အဆက်အသွယ် အမည်များကို ပြသနိုင်စေပါသည်။ |
ဓါတ်ပုံများ | ဤသည်က အက်ပ်အား သင့်ဖုန်းတွင် သိုလှောင်ပြီးသော ပုံများ သို့မဟုတ် ဗီဒီယိုများကို ပေးပို့နိုင်စေပါသည်။ |
စက်တွင်း ကွန်ရက် | ဤသည်က Signal အား သင့်အကောင့်ကို ဖုန်းအသစ်သို့ တိုက်ရိုက် လွှဲပြောင်းခွင့်ပြုပါသည်။ ဆက်တင်ကို ဖွင့်ထားပါက သင်သည် စက်အသစ်သို့ စတင်လွှဲပြောင်းရန် တိတိကျကျ မရွေးချယ်ထားပါက ၎င်းကို သုံး၍ရမည် မဟုတ်ပါ။ |
မိုက်ခရိုဖုန်း | ဤသည်က အသံမက်ဆေ့ချ်များကို မှတ်တမ်းတင်နိုင်စေပြီး အော်ဒီယိုနှင့် ဗီဒီယိုကောလ်များတွင် သင့်အသံကို ကြားရစေနိုင်ပါသည်။ |
ကင်မရာ | ဗီဒီယိုခေါ်ဆိုမှုများကို နေရာချရန်နှင့် ပုံများ သို့မဟုတ် ဗီဒီယိုကို မှတ်တမ်းတင်ရန် လိုအပ်ပါသည်။ |
အသိပေးချက်များ | မက်ဆေ့ချ် သို့မဟုတ် ခေါ်ဆိုမှု လက်ခံရရှိပါက သိရှိနိုင်စေပါသည်။ |
နောက်ခံအက်ပ် ပြန်လည်စတင်ရန် | Signal အား မက်ဆေ့ချ်များနှင့် ခေါ်ဆိုမှုများကို အချိန်မီ လက်ခံနိုင်စေပါသည်။ ဤသည်ကို မလုပ်ထားပါက မက်ဆေ့ချ် လက်ခံရာတွင်၊ ပေးပို့ရာတွင် ကြန့်ကြာနိုင်ပါသည်။ ဤသည်ကို အလုပ်လုပ်ရန်အတွက် ပါဝါအားနည်းစနစ်ကို ပိတ်ပါ။ |
ဆယ်လူလာ ဒေတာ | Signal အား မက်ဆေ့ချ်များနှင့် ခေါ်ဆိုမှုများကို အချိန်မီ လက်ခံနိုင်စေပါသည်။ ဤသည်ကို မလုပ်ထားပါက မက်ဆေ့ချ် လက်ခံရာတွင်၊ ပေးပို့ရာတွင် ကြန့်ကြာနိုင်ပါသည်။ |
အခြား iPhone ဆက်တင်
ပါဝါအားနည်းစနစ် |
ဤသည်က မက်ဆေ့ချ်များနှင့် ခေါ်ဆိုမှုများကို အချိန်မီ လက်ခံနိုင်စွမ်းကို အဟန့်အတားဖြစ်စေနိုင်ပါသည် သို့မဟုတ် ဖုန်းသစ်သို့ အကောင့်လွှဲပြောင်းမှု ပြီးဆုံးအောင် လုပ်ဆောင်နိုင်ပါသည်။ |
|
ကန့်သတ်ချက်များ | ဤကန့်သတ်ချက်များက အခြားခွင့်ပြုချက်များကို ပြင်ဆင်နိုင်စွမ်း သို့မဟုတ် မက်ဆေ့ချ်များနှင့် ခေါ်ဆိုမှုများကို အချိန်မီ လက်ခံနိုင်စွမ်းကို အဟန့်အတားဖြစ်စေနိုင်ပါသည်။ ဤသည်ကို မလုပ်ထားပါက မက်ဆေ့ချ် လက်ခံရာတွင်၊ ပေးပို့ရာတွင် ကြန့်ကြာနိုင်ပါသည်။ |
|
အာရုံစိုက် စနစ် | ဤကန့်သတ်ချက်များက မက်ဆေ့ချ်များနှင့် ခေါ်ဆိုမှုများအတွက် အသိပေးချက်များအား အချိန်မီ လက်ခံနိုင်စွမ်းကို အဟန့်အတားဖြစ်စေနိုင်ပါသည်။ |
|
Desktop
ခွင့်ပြုချက်များကို စီမံရန် Signal Desktop ဦးစားပေးမှုများသို့ သွားပါ-
Signal ဆက်တင် >
စိတ်ကြိုက်ဦးစားပေးများ >
အထွေထွေ > ခွင့်ပြုချက်များ
- မိုက်ခရိုဖုန်းကို ဝင်ရောက် သုံးစွဲခွင့်ပြုရန်
အသံမက်ဆေ့ချ်များကို မှတ်တမ်းတင်နိုင်စေပြီး အော်ဒီယိုနှင့် ဗီဒီယိုကောလ်များတွင် သင့်အသံကို ကြားရစေနိုင်ပါသည်။ - ကင်မရာကို ဝင်ရောက် သုံးစွဲခွင့်ပြုရန်
ဤသည်က သင့်အား ဗီဒီယိုခေါ်ဆိုမှုများတွင် မြင်နိုင်စေပါသည်။
တောင်းဆိုသော OS ခွင့်ပြုချက်များ
ကင်မရာ | ဤသည်က သင့်အား ဗီဒီယိုခေါ်ဆိုမှုများတွင် မြင်နိုင်စေပါသည်။ | macOS- Apple မီနူးကို ရွေးပါ > စနစ် ဦးစားပေးမှုများ > လုံခြုံရေးနှင့် ကိုယ်ပိုင်အချက်အလက်ကို နှိပ်ပါ > ကိုယ်ပိုင်အချက်အလက်ကို ရွေးပါ > ကင်မရာကို ရွေးပါ > Signal ဘေးရှိ ချက်ခ်ဘော့စ်ကို ရွေးပါ။ ဤဆက်တင်ကို အသုံးချရန်အတွက် Signal သည် ပြန်လည်စတင်ရန် လိုပါမည်။ |
မိုက်ခရိုဖုန်း | ဤသည်က အသံမက်ဆေ့ချ်များကို မှတ်တမ်းတင်နိုင်စေပြီး အော်ဒီယိုနှင့် ဗီဒီယိုကောလ်များတွင် သင့်အသံကို ကြားရစေနိုင်ပါသည်။ | macOS- Apple မီနူးကို ရွေးပါ > စနစ် ဦးစားပေးမှုများ > လုံခြုံရေးနှင့် ကိုယ်ပိုင်အချက်အလက်ကို နှိပ်ပါ > ကိုယ်ပိုင်အချက်အလက်ကို ရွေးပါ > မိုက်ခရိုဖုန်းကို ရွေးပါ > Signal ဘေးရှိ ချက်ခ်ဘော့စ်ကို ရွေးပါ။ ဤဆက်တင်ကို အသုံးချရန်အတွက် Signal သည် ပြန်လည်စတင်ရန် လိုပါမည်။ |
အသိပေးချက်များ | မက်ဆေ့ချ် သို့မဟုတ် ခေါ်ဆိုမှု လက်ခံရရှိပါက သိရှိနိုင်စေပါသည်။ | macOS- Apple မီနူးကို ရွေးပါ > စနစ် ဦးစားပေးမှုများ၊ ပြီးနောက် အသိပေးချက်ကို နှိပ်ပါ > ဘယ်ဘက်ကော််လ ရှိ Signal ကို ရွေးပါ၊ ရွေးချယ်စရာများအကြား ရွေးချယ်ပါ။ |
မျက်နှာပြင် မှတ်တမ်းတင်ခြင်း | မျက်နှာပြင်တစ်ခုလုံးကို သို့မဟုတ် သီးခြား အပလီကေးရှင်း ဝင်းဒိုးကို ဝေမျှရန် သင့်အား ခွင့်ပြုပါသည်။ | macOS Catalina ဗားရှင်း 10.15 သို့မဟုတ် ထိုနောက်ပိုင်း- Apple မီနူးကို ရွေးပါ > စနစ် ဦးစားပေးမှုများ > လုံခြုံရေးနှင့် ကိုယ်ပိုင်အချက်အလက်ကို နှိပ်ပါ > ကိုယ်ပိုင်အချက်အလက်ကို ရွေးပါ > မျက်နှာပြင် မှတ်တမ်းတင်ခြင်းကို ရွေးပါ > Signal ဘေးရှိ ချက်ခ်ဘောစ်ကို ရွေးပါ။ ဤဆက်တင်ကို အသုံးချရန်အတွက် Signal သည် ပြန်လည်စတင်ရန် လိုပါမည်။ |