သုံးနိုင်ပါသည်။ Signal ခေါ်ဆိုမှုနှင့် မက်ဆေ့ချ်ပေးပို့မှုအားလုံးကို အင်တာနက်မှတစ်ဆင့် ပြုလုပ်ပါသည်။ အကန့်အသတ်မရှိဘဲ အင်တာနက်နှင့် ချိတ်ဆက်ထားသရွေ့ သင့်အိမ်တွင် သင်၏ SIM ကတ်အဟောင်းဖြင့် အသုံးပြုရသကဲ့သို့ အရာအားလုံး တူညီစွာအလုပ်လုပ်မည်ဖြစ်ပါသည်။
သင့်အဆက်အသွယ်များသည် Signal တွင် သင် စာရင်းသွင်းထားသော နံပါတ်သို့ ဆက်သွယ်နိုင်ပါဦးမည်။ Signal ဆက်တင်သို့ သွားပြီးနောက် သင်၏ Signal နံပါတ်ကို ရှာဖွေပြီး မိမိမှတ်စု အဆက်အသွယ်ထဲတွင် သင့်ကိုယ်သင် မက်ဆေ့ချ်တစ်စောင် ပေးပို့ကာ သင်၏စက်ကို စာရင်းသွင်းမထားတော့ကြောင်း ပြနေသည့် ခေါင်းစီးတစ်ခုကို တွေ့မြင်ရခြင်း မရှိကြောင်း သေချာအောင်လုပ်ခြင်းဖြင့် သင့်အကောင့်ကို သုံး၍ ရ၊ မရ စစ်ဆေးပါ။
သို့သော် Signal ကို ပြန်လည်ထည့်သွင်းရန် သို့မဟုတ် ပြန်လည်စာရင်းသွင်းရန်အတွက် သင့် SIM ကတ်သို့ SMS ပေးပို့ခွင့် သို့မဟုတ် ဖုန်းခေါ်ဆိုခွင့် ရယူရန် လိုအပ်ပါသည်။ ပြည်ပ မထွက်မီ အိမ်နှင့်အဝေးတွင် ရှိနေစဉ် Signal ကို ပြန်လည်ထည့်သွင်းရန် သို့မဟုတ် သင့်ဖုန်းကို ဖျက်ရန် စီစဉ်ထားပါက ထိုနံပါတ်တွင် SMS လက်ခံရရှိနိုင်ကြောင်း သို့မဟုတ် ဖုန်းခေါ်ဆိုမှု လက်ခံရရှိနိုင်ကြောင်း သေချာစေရန် သင့်မိုဘိုင်း ဝန်ဆောင်မှုပေးသူနှင့် ဆက်သွယ်ပါ။