နည်းပညာခေတ်ရှေ့ပြေး နေလိုပြီး စမ်းသပ်မှုကို ကူညီလိုပါသလား။ ဆန္ဒရှိပါက Signal Beta တွင် ပါဝင်လိုက်ပါ။
- Beta တွင် ပါဝင်ပြီး စတင်ရန်
- နောက်ဆုံးထွက် Beta အထိ အပ်ဒိတ်လုပ်ရန်
- တုံ့ပြန်ချက် ပေးရန်
- Beta အသိပေးချက်ကို စီမံရန်
- Beta မှ ထွက်ရန်
Beta တွင် ပါဝင်ပြီး စတင်ရန်
Beta သည် ဝန်ဆောင်မှု အဆက်ပြတ်သွားခြင်းအပေါ် စိတ်ထဲမထားသော၊ ပြဿနာရပ်များကို နားလည်ပြီး စမ်းသပ်လုပ်ဆောင်လိုသော သုံးစွဲသူများအတွက် ဖြစ်ပါသည်။
Android
- Google Play ရှိ beta channel တွင် တိုက်ရိုက် ပုံမှန်ရယူပါ။
- Signal ကို ထည့်သွင်းထားမှုမှ မဖျက်သရွေ့ သင့်မက်ဆေ့ချ်မှတ်တမ်း ရှိနေပါမည်။
iOS
- App Store စာမျက်နှာနှင့် TestFlight အက်ပ်မှတစ်ဆင့် တိုက်ရိုက် ပါဝင်ပါ။
- Signal ကို ထည့်သွင်းထားမှုမှ မဖျက်သရွေ့ သင့်မက်ဆေ့ချ်မှတ်တမ်း ရှိနေပါမည်။
Desktop
- အောက်ပါတို့အတွက် လင့်ခ်များ သို့မဟုတ် အဆင့်များကို သုံး၍ တိုက်ရိုက်ထည့်သွင်းပါ-
- macOS 11 (Big Sur) နှင့်အထက်
- Windows 10 နှင့် 11
- Linux
မှတ်သားရန်မှာ ဤလမ်းညွှန်ချက်များသည် Ubuntu ၊ Mint ကဲ့သို့ 64 bit Debian-based Linux အခွဲများအတွက်သာ ဖြစ်ပါသည်။# 1. ကျွန်ုပ်တို့၏ ဖော်ပြပါ တရားဝင် အများသုံး ဆော့ဖ်ဝဲဝင်ရောက်မှုကီးကို ထည့်သွင်းပါ
wget -O- https://updates.signal.org/desktop/apt/keys.asc | gpg --dearmor > signal-desktop-keyring.gpg
cat signal-desktop-keyring.gpg | sudo tee -a /usr/share/keyrings/signal-desktop-keyring.gpg > /dev/null
# 2. သင့် Repository စာရင်းတွင် ကျွန်ုပ်တို့၏ Repository ကို ပေါင်းထည့်ပါ
echo 'deb [arch=amd64 signed-by=/usr/share/keyrings/signal-desktop-keyring.gpg] https://updates.signal.org/desktop/apt xenial main' |\
sudo tee -a /etc/apt/sources.list.d/signal-xenial.list
# 3. သင့်ပက်ကေ့ချ် ဒေတာဘေ့စ်ကို အပ်ဒိတ်လုပ်ပြီး signal
sudo apt update && sudo apt install signal-desktop-beta ကို ထည့်သွင်းပါ
- မက်ဆေ့ချ်မှတ်တမ်း မရှိသော ထည့်သွင်းမှုအသစ်ဖြစ်ပါသည်။ ၎င်းသည် Signal Desktop ထုတ်လုပ်မှုဗားရှင်းနှင့် မတူဘဲ ၎င်းကို အစားထိုးမည် မဟုတ်ပါ။
နောက်ဆုံးထွက် Beta အထိ အပ်ဒိတ်လုပ်ရန်
Android
-
အော်တို
Signal Beta နှင့် သင့်အခြားအက်ပ်များအတွက် အော်တိုအပ်ဒိတ်များကို သတ်မှတ်ရန်-- Google Play Store အက်ပ်ကို ဖွင့်ပါ
- ဆက်တင် > စိတ်ကြိုက်ဦးစားပေးကွန်ရက်ကို ရွေးပါ
- Auto-update apps ကို နှိပ်ပါ
- ရွေးချယ်စရာတစ်ခုကို ရွေးပါ-
- Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ တစ်ခုခုသုံး၍ အက်ပ်များကို အချိန်မရွေး အပ်ဒိတ်လုပ်ရန် အက်ပ်များကို အော်တိုအပ်ဒိတ်လုပ်ပါ
- Wi-Fi နှင့် ချိတ်ထားသည့်အခါမှသာ အက်ပ်များကို အပ်ဒိတ်လုပ်ရန် Wi-Fi မှတစ်ဆင့်သာ အက်ပ်များကို အပ်ဒိတ်လုပ်ပါ
-
လူကိုယ်တိုင်
- သင့် Android ဖုန်းအတွက် Signal Store စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ
- သင့်ဖုန်းတွင် သင့်အတွက် ဗားရှင်းအသစ် ရရှိပြီဆိုပါက အပ်ဒိတ်လုပ်ရန် ရွေးချယ်စရာ တွေ့ပါလိမ့်မည်။ အပ်ဒိတ်လုပ်ရန်ကို နှိပ်ပြီး Signal ကို ဖွင့်ပါ။
iOS
iOS ဆက်တင် > TestFlight တွင် ဖွင့်ထားပါက TestFlight မှ အီးမေးလ်ဖြင့်ဖြစ်စေ၊ TestFlight အက်ပ်မှ အသိပေးချက်ဖြင့်ဖြစ်စေ သင့်အား အသိပေးပါမည်။
-
အော်တို
Signal Beta အတွက် အော်တိုအပ်ဒိတ်များကို သတ်မှတ်ရန်-- TestFlight အက်ပ်ကို ဖွင့်ပါ
- Signal ကို ရွေးပါ
- အော်တိုအပ်ဒိတ်များကို နှိပ်ပါ
-
လူကိုယ်တိုင်
- TestFlight ကို ဖွင့်ပါ
- သင့်ဖုန်းတွင် သင့်အတွက် ဗားရှင်းအသစ် ရရှိပြီဆိုပါက အပ်ဒိတ်လုပ်ရန် ရွေးချယ်စရာ တွေ့ပါလိမ့်မည်။ အပ်ဒိတ်လုပ်ရန်ကို နှိပ်ပြီး Signal ကို ဖွင့်ပါ။
Desktop
အပ်ဒိတ်ရရှိပါက ချက်(တ်)စာရင်း အထက်တွင် အပြာရောင်စာတန်းတစ်ခု ပေါ်လာပါမည်။
- နောက်ဆုံးထွက် ဗားရှင်းကို ဖွင့်ရန် အပြာရောင်စာတန်းမှ “Signal ကို ပြန်စရန် နှိပ်ပါ” သို့မဟုတ် “အပ်ဒိတ်ကို ဒေါင်းလုဒ်လုပ်ရန် နှိပ်ပါ” ကို ရွေးချယ်ပါ။
- သတိပေးချက်ကို ဖယ်ရန် “X” ကို ရွေးပြီး Signal ဆက်တင်တွင် အပြာရောင်အညွှန်း အစက်ကို ကြည့်ပါ။ အပ်ဒိတ်လုပ်ရန် Signal ဆက်တင်
>
သို့ သွားပါ Signal ကို အပ်ဒိတ်လုပ်ပါ သို့မဟုတ် အက်ပ်မှ ထွက်ပြီး ပြန်ဖွင့်ပါ။
တုံ့ပြန်ချက် ပေးရန်
ဤဗားရှင်းများသည် လူတိုင်းထံသို့ မရောက်မီ ၎င်းတို့ကို ပိုမိုတည်ငြိမ်ပြီး ပိုမိုအသုံးတွင်စေရန် Beta တုံ့ပြန်ချက်ကို မြန်ဆန်စွာ ပေါင်းစပ်ထည့်သွင်းထားပါသည်။
- ဤနေရာရှိ ကွန်မြူနတီ ဖိုရမ်တွင် Beta ထုတ်ပြန်မှုဆိုင်ရာ တုံ့ပြန်ချက်အသေးစိတ်ကို ဝေမျှပါ။
- နည်းပညာပြဿနာ သို့မဟုတ် ပျက်ကွက်မှု တစ်ခုခု ဖြစ်ပါက ပြစ်ချက်ရှာဖွေမှု မှတ်တမ်း သို့မဟုတ် ပျက်ကွက်မှု ရီပို့(တ်) ကို ထည့်သွင်းပါ။
Beta အသိပေးချက်ကို စီမံရန်
Android
Play Store အက်ပ် > ဆက်တင် > အသိပေးချက်ကို ဖွင့်ပါ
iOS
TestFlight အက်ပ် > Signal > အသိပေးချက်ကို ဖွင့်ပါ
Desktop
အပ်ဒိတ် အသိပေးချက်များသည် Signal Desktop တွင် အော်တိုပေါ်လာပါမည်။
Beta မှ ထွက်ရန်
Android
Google Play ရှိ Beta Channel မှ တိုက်ရိုက် ပုံမှန်ရယူမှုကို ဖျက်ပါ။
iOS
- TestFlight ကို ဖွင့်ပါ > Signal ကို ရွေးပါ > အောက်အထိ ပွတ်ဆွဲပြီး စမ်းသပ်မှုကို ရပ်ရန်ကို ရွေးပါ။
- သင့်လက်ရှိဗားရှင်း နံပါတ် (Signal ဆက်တင်
> အကူအညီ) နှင့် App Store တွင် ဖော်ပြထားသော နံပါတ်ကို ယှဉ်ကြည့်ပါ။
- သင့်လက်ရှိဗားရှင်းနှင့် တူပါက သို့မဟုတ် သင့်ဗားရှင်းနိမ့်နေပါက Store မှ တိုက်ရိုက် ထည့်သွင်းပါ။
- သင့်လက်ရှိဗားရှင်းသည် မြင့်နေပါက App Store တွင် ဖော်ပြထားသော ဗားရှင်းနှင့် တူသည်အထိ သို့မဟုတ် နိမ့်သည်အထိ စောင့်ဆိုင်းပေးပါ၊
Desktop
Signal Desktop ၏ Beta ကို ဖျက်ပါ။ ၎င်းသည် သင့်မက်ဆေ့ချ်မှတ်တမ်းကို ရှင်းလိုက်ပါမည်။
Beta အတွက် သီးသန့်လမ်းညွှန်မှာ "Signal Beta" ဖြစ်ကြောင်း သတိပြုပါ။