Signal သည် ၎င်းကို တန်ဖိုးထား သုံးစွဲသူများက ပံ့ပိုးထောက်ပံ့ပေးထားသော အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
- Signal အတွက် လှူဒါန်းရန်
- လှူဒါန်းမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်
- ပြောင်းလဲမှုများ၊ ငွေကြေးကောက်ခံမှုများနှင့် ဖျက်သိမ်းမှုများ
- အခွန်နှင့် ပြေစာများ
- လှူဒါန်းသူ ကိုယ်ပိုင်အချက်အလက် လုံခြုံရေးမူဝါဒ
- လှူဒါန်းသူ ဘဲ့ဂျ်များ
- ပံ့ပိုးကူညီပေးနိုင်သည့် အခြားသော နည်းလမ်းများ
Signal အတွက် လှူရန်
- လှူရန်နည်းလမ်းများ
- ကျွန်ုပ်သည် လစဉ်လှူဒါန်းသူဖြစ်နိုင်သကဲ့သို့ တစ်ကြိမ်စာ လှူဒါန်းမှု လုပ်နိုင်ပါသလား။
- အဘယ်ကြောင့် လှူဒါန်းရသနည်း။
- သင့်ဖုန်းတွင် Signal ဆက်တင်
>
Signal အတွက် လှူရန်> လှူရန်> လစဉ်လှူဒါန်းမှု သို့မဟုတ် တစ်ကြိမ်စာ လှူဒါန်းမှု လုပ်ရန် သို့ သွားပါ။
- လှူရန် အခြားသော နည်းလမ်းများအတွက် ဤနေရာကို နှိပ်ပါ။
Type | အကြိမ် | ပမာဏ | ငွေပေးချေမှု အမျိုးအစားများ |
![]() |
လစဉ် | ကြိုတင်သတ်မှတ်ထားမှု | ပံ့ပိုးထားသော ကတ်၊ Google သို့မဟုတ် Apple Pay |
![]() |
တစ်ကြိမ် | ကြိုတင်သတ်မှတ်ထားမှု သို့မဟုတ် စိတ်ကြိုက် | ပံ့ပိုးထားသော ကတ်၊ PayPal ၊ Google သို့မဟုတ် Apple Pay |
ဝက်ဘ်ဆိုက်မှတစ်ဆင့် လှူဒါန်းမှု၊ ဘဲ့ဂျ်မရှိ |
လစဉ် သို့မဟုတ် တစ်ကြိမ်စာ | ကြိုတင်သတ်မှတ်ထားမှု သို့မဟုတ် စိတ်ကြိုက် |
ပံ့ပိုးထားသော ကတ်၊ |
ကျွန်ုပ်သည် လစဉ်လှူဒါန်းသူဖြစ်နိုင်သကဲ့သို့ တစ်ကြိမ်စာ လှူဒါန်းမှု လုပ်နိုင်ပါသလား။
လုပ်နိုင်ပါတယ်။ ငွေကြေးကောက်ခံမှု အသီးသီးရှိပြီး သီးခြားဘဲ့ဂျ်များကိုလည်း ပေးပါသည်
Signal is committed to developing open source privacy technology that protects free expression and enables secure global communication. Your donation fuels this cause and pays for the development and operations of an app used by millions for private communication. No ads. No trackers. No kidding.
လှူရန် အခြားသော နည်းလမ်းများ
ဤလှူဒါန်းရန် နည်းလမ်းများသည် အက်ပ်အတွင်း ဘဲ့ဂျ်များကို မပံ့ပိုးပေးပါ။
- လစဉ်လှူဒါန်းမှု သို့မဟုတ် တစ်ကြိမ်စာ လှူဒါန်းမှုအတွက် ဤနေရာရှိ Signal ဝက်ဘ်ဆိုက် မှတစ်ဆင့် လှူပါ။
- အောက်ပါလိပ်စာသို့ ချက်လက်မှတ်တစ်စောင် ပေးပို့ပေးနိုင်ပါသည်။ သင့်အမည်၊ ပေးပို့ရမည့် လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် လှူဒါန်းငွေပမာဏတို့ ပါဝင်သည့် စာတစ်စောင်ပါ ထည့်သွင်းပေးပါ။ $5,000 နှင့်အထက် ပမာဏများသည့် ချက်လက်မှတ်များအတွက် သင်ပေးပို့လာမည့် လှူဒါန်းမှုအကြောင်း ကျွန်ုပ်တို့အား အသိပေးအကြောင်းကြားရန် donate@signal.org သို့ အီးမေးလ်ပို့ပါ။
Signal Technology Foundation
650 Castro Street, Suite 120-223
Mountain View, CA 94041
USA
လှူဒါန်းမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- လှူရန် ထပ်ကြိုးစားကြည့်ပါ။
- ပြဿနာ ရှိနေပါသလား။ Signal ဝက်ဘ်ဆိုက်မှတစ်ဆင့် လှူရန် သို့မဟုတ် သင့်ဖုန်းမှ ရေးသားပေးပို့ရန် ဤနေရာကို နှိပ်ပါ။ Signal ဆက်တင်
> အကူအညီ > ကျွန်ုပ်တို့ထံ ဆက်သွယ်ရန် သို့ သွားပါ။ ပြစ်ချက်ရှာဖွေမှု မှတ်တမ်း ပါဝင်ကြောင်း သေချာအောင် လုပ်ဆောင်ပြီး မည်သည့်ငွေကြေးဖြင့် လှူဒါန်းမည်ဆိုသည်ကို ဝေမျှပါ။
ပြောင်းလဲမှုများ၊ ငွေကြေးကောက်ခံမှုများနှင့် ဖျက်သိမ်းမှုများ
- လှူဒါန်းငွေပမာဏကို မည်သို့ ပြောင်းနိုင်သနည်း။
- ကတ် သို့မဟုတ် ငွေပေးချေမှုနည်းလမ်းကို မည်သို့ ပြောင်းနိုင်သနည်း။
- ကျွန်ုပ်၏ ငွေပေးချေမှု အချက်အလက်ကို ကျွန်ုပ်၏ Signal အကောင့်နှင့် ချိတ်ဆက်ထားပါသလား။
- ကျွန်ုပ်၏ ပံ့ပိုးထည့်ဝင်ငွေထဲမှ Apple သို့မဟုတ် Google က ဖြတ်တောက်ပါသလား။
- ခရက်ဒစ်ကတ်များအတွက် အနည်းဆုံး လှူဒါန်းငွေပမာဏရှိသည်မှာ အဘယ်ကြောင့်နည်း။
- ထပ်တလဲလဲ လှူဒါန်းမှုများကို မည်သို့ ပယ်ဖျက်နိုင်သနည်း။
လှူဒါန်းငွေပမာဏကို မည်သို့ ပြောင်းနိုင်သနည်း။
- လစဉ် အဆင့် သို့မဟုတ် တစ်ကြိမ်စာ လှူဒါန်းမှု အသစ်တစ်ခုကို ရွေးချယ်ပြီး ငွေပေးချေမှုကို အတည်ပြုရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။
- ဤပြောင်းလဲမှုကို ပြုလုပ်သည့်အခါ ငွေပမာဏအပြည့် ကောက်ခံပါမည်။
ကတ် သို့မဟုတ် ငွေပေးချေမှုနည်းလမ်းကို မည်သို့ ပြောင်းနိုင်သနည်း။
- သင်၏ ထပ်တလဲလဲ လှူဒါန်းမှုကို ပယ်ဖျက်ပြီး အသစ်တစ်ခု သတ်မှတ်ရပါမည်။
- ဤပြောင်းလဲမှုကို ပြုလုပ်သည့်အခါ ငွေပမာဏအပြည့် ကောက်ခံပါမည်။
ကျွန်ုပ်၏ ငွေပေးချေမှု အချက်အလက်ကို ကျွန်ုပ်၏ Signal အကောင့်နှင့် ချိတ်ဆက်ထားပါသလား။
မဟုတ်ပါ။ သင်၏ ငွေပေးချမှုအချက်အလက်သည် သင့် Signal အကောင့်နှင့် မဆက်စပ်ပါ။ Signal သီးသန့်အဖွဲ့များအတွက် မိတ်ဆက်ခဲ့ပြီးဖြစ်သော မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြသည့် အထောက်အထားစနစ်ကို သုံးခြင်းဖြင့် ကလိုင်းယန့်များက ငွေပေးချေမှုများ ပြုလုပ်လျှင် ၎င်းတို့ပရိုဖိုင်းတွင် ဘဲ့ဂျ်တစ်ခုကို တွဲပေးပါသည်။ ဤနည်းအားဖြင့် ငွေပေးချေမှု ပြုလုပ်ထားသည့် လူတစ်စုထဲတွင် ကလိုင်းယန့်ပါဝင်ကြောင်း ဆာဗာက ခွဲခြားသိရှိနိုင်သော်လည်း မည်သည့် ငွေပေးချေမှုနှင့် ပတ်သက်ဆက်နွှယ်သည်ကို အတိအကျ မသိနိုင်ပါ။
ကျွန်ုပ်၏ ပံ့ပိုးထည့်ဝင်ငွေထဲမှ Apple သို့မဟုတ် Google က ဖြတ်တောက်ပါသလား။
မဖြတ်တောက်ပါ။
ခရက်ဒစ်ကတ်များအတွက် အနည်းဆုံး လှူဒါန်းငွေပမာဏရှိသည်မှာ အဘယ်ကြောင့်နည်း။
လက်ခံရရှိသော လှူဒါန်းမှုအားလုံးအတွက် ကျေးဇူးတင်ပါသည်။ သို့သော်လည်း စိတ်မကောင်းဖြစ်ရသည်မှာ ကျွန်ုပ်တို့၏ စနစ်ကဲ့သို့သော လှူဒါန်းမှုဆိုင်ရာ စနစ်များကို သုံး၍ လိမ်လည်မှုကျူးလွန်သူများက ခိုးယူရာပါ ခရက်ဒစ်ကတ်များသည် ဆက်လက်၍ အသုံးပြုနိုင် မပြုနိုင် စမ်းသပ်ကြလေ့ရှိပါသည်။ ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့၏ စမ်းသပ်မှုအတွက် အလွန်နည်းသော ငွေပမာဏကိုသာ သုံးလေ့ရှိသောကြောင့်- အနည်းဆုံး လှူဒါန်းငွေပမာဏ ထားရှိခြင်းသည် ဤကဲ့သို့သော လိမ်လည်အယောင်ဆောင် လုပ်ရပ်ကို ဟန့်တားရန် အထောက်အကူပြုပါသည်။
ထပ်တလဲလဲ လှူဒါန်းမှုများကို မည်သို့ ပယ်ဖျက်နိုင်သနည်း။
ဘဲ့ဂျ်ပါဝင်သော လှူဒါန်းမှုများ
-
သက်ဝင်လုပ်ဆောင်နေဆဲ သုံးစွဲသူများ
ဖုန်းတွင် Signal ဆက်တင်>
Signal အတွက် လှူရန်> ပုံမှန်လှူဒါန်းငွေကို စီမံရန်> ပုံမှန်လှူဒါန်းမှုကို ပယ်ဖျက်ရန်> အတည်ပြုရန် သို့ သွားပါ။
-
သင့်အကောင့်ကို မဖျက်ပစ်ဘဲ ထည့်သွင်းထားမှုမှ ဖျက်ထားပါသလား။
Signal ကို ပြန်ထည့်သွင်းပြီး သင့် Signal PIN ဖြင့် သင့်အကောင့်ကို ပြန်လည်ရယူနိုင်ပါသည်၊ ထို့နောက် အက်ပ်အတွင်း အကောင့်ကို ဖျက်ပစ်နိုင်ပါသည်။ အကောင့်ကို ဖျက်ပစ်ရန် အဆင့်များကို မလိုက်နာနိုင်ပါက ထည့်သွင်းထားမှုမှ ဖျက်သည့်ရက်မှနေ၍ ရက်ပေါင်း 60 အတွင်း လှူဒါန်းမှုကို အော်တို ပယ်ဖျက်မည်ဖြစ်ပြီး လှူဒါန်းမှု မပယ်ဖျက်မီ နှစ်လစာအထိ လှူဒါန်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ -
ပြန်လည်ထည့်သွင်းပြီး Signal PIN ဖြင့် အကောင့် ပြန်လည်ရယူထားပါသလား။
သင့် Signal PIN ဖြင့် အကောင့်ကို ပြန်လည်ရယူထားလျှင် သင်၏ လစဉ်လှူဒါန်းမှုသည် ဆက်လက် အသက်ဝင်နေပါသည်။ သက်ဝင်လုပ်ဆောင်ဆဲ သုံးစွဲသူများအတွက် ပယ်ဖျက်မှု အဆင့်များအတိုင်း လုပ်ဆောင်ပါ။ -
Signal PIN မပါဘဲ ပြန်လည်ထည့်သွင်းထားပါသလား။
ထည့်သွင်းထားမှုမှ ဖျက်သည့်ရက်မှနေ၍ ရက်ပေါင်း 60 အတွင်း ၎င်းကို အော်တို ပယ်ဖျက်ပါမည်။ နှစ်လစာ ကောက်ခံနိုင်ပါသည်။
ဝက်ဘ်ဆိုက်မှတစ်ဆင့် လှူဒါန်းမှုများ
- PayPal မှတစ်ဆင့် ထပ်တလဲလဲ လှူဒါန်းမှုများကို ပယ်ဖျက်ရန် PayPal ၏ အကူအညီ စာမျက်နှာ ဤနေရာမှ အဆင့်များအတိုင်း လုပ်ဆောင်ပါ။ လှူဒါန်းသူတစ်ဦးအဖြစ် သင့် PayPal အကောင့်တွင် ဝင်ရောက်ပြီး လှူဒါန်းမှုကို ထိုနေရာတွင် တိုက်ရိုက်တည်းဖြတ်ပေးရန် PayPal အနေဖြင့် လိုအပ်ပါသည်။
- ခရက်ဒစ်ကတ် သို့မဟုတ် အခြားသော နည်းလမ်းများမှတစ်ဆင့် ထပ်တလဲလဲ လှူဒါန်းမှုများကို ပယ်ဖျက်ရန် Donorbox ၏ အကူအညီ စာမျက်နှာ ဤနေရာ မှ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
အခွန်နှင့် ပြေစာများ
- Signal နည်းပညာ ဖောင်ဒေးရှင်း ဆိုသည်မှာ အဘယ်နည်း။
- လှူဒါန်းမှုများကို အခွန်မဆောင်မီ ဝင်ငွေ သို့မဟုတ် အခွန်ထဲမှ နုတ်ယူနိုင်ပါသလား။
- လှူဒါန်းမှုအတွက် လက်ခံပြေစာ မည်သို့ ရနိုင်ပါသနည်း။
- ကျွန်ုပ်၏ ကုမ္ပဏီအနေဖြင့် ကျွန်ုပ်၏ လှူဒါန်းမှုအတွက် ဘက်ညီလှူဒါန်းမှုတစ်ခု မည်သို့ လုပ်ဆောင်နိုင်သနည်း။
Signal နည်းပညာ ဖောင်ဒေးရှင်း (Signal Technology Foundation) ဆိုသည်မှာ အဘယ်နည်း။
Signal နည်းပညာ ဖောင်ဒေးရှင်း (Signal Technology Foundation) သည် Signal Messenger ကို ပံ့ပိုးပေးသော အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၎င်း၏ ရည်မှန်းချက်မှာ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ကာကွယ်ပြီး ကမ္ဘာတစ်ဝှမ်း လုံခြုံသော ဆက်သွယ်ရေးကို ဖြည့်စွမ်းသည့် အခမဲ့ ရယူနိုင်သော ကိုယ်ပိုင်အချက်အလက်လုံခြုံရေး နည်းပညာ ဖွံ့ဖြိုးစေရေးဖြစ်ပါသည်။ Signal နည်းပညာ ဖောင်ဒေးရှင်းသည် အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သည့် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် 501c3 အခွန်ကင်းလွတ်ခွင့်ရ အဖွဲ့အစည်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကြော်ငြာများ မပြသသော်လည်း ဆာဗာများနှင့် ဝန်ထမ်းများအတွက် ပေးချေရန် လိုအပ်ပါသေးသည်။ သင်သည် Signal ကို အားထားရသကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း သင့်အပေါ် အားကိုးအားထားပြုလျက် ရှိပါသည်။
လှူဒါန်းမှုများကို အခွန်မဆောင်မီ ဝင်ငွေ သို့မဟုတ် အခွန်ထဲမှ နုတ်ယူနိုင်ပါသလား။
Signal နည်းပညာ ဖောင်ဒေးရှင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထူထောင်သည့် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အများပြည်သူဆိုင်ရာ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်တွင်းအခွန်များ ဥပဒေ၏ အပိုင်း 501c3 အရ အခွန်ကင်းလွတ်ခွင့်ရှိပါသည်။ ကျွန်ုပ်တို့၏ ဖက်ဒရယ် အခွန် ID နံပါတ်မှာ 82-4506840 ဖြစ်ပါသည်။ သင်၏ လှူဒါန်းမှုကို အခွန်မဆောင်မီ ဝင်ငွေ သို့မဟုတ် အခွန်ထဲမှ နုတ်ယူနိုင်ခြင်းရှိ မရှိ ဆုံးဖြတ်ရန် အခွန်ဥပဒေကို ကိုးကားဖတ်ရှုပါ သို့မဟုတ် အခွန်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်ပါ။
လှူဒါန်းမှုအတွက် လက်ခံပြေစာ မည်သို့ ရနိုင်ပါသနည်း။
ဘဲ့ဂျ်ပါဝင်သော လှူဒါန်းမှုများ
- သင့်ဖုန်းတွင် ပြေစာများကို ကြည့်ရှုပြီး သိမ်းဆည်းနိုင်ပါသည်။ Signal ဆက်တင်
>
Signal အတွက် လှူရန် > လှူဒါန်းမှု ပြေစာများ သို့ သွားပါ။ ပြေစာ ရရှိပါက ၎င်းကို ရွေးပါ။ ထို့နောက် ပြေစာကို သိမ်းနိုင်သည်၊ ပရင့်ထုတ်နိုင်သည် သို့မဟုတ် ဝေမျှနိုင်ပါသည်။
- Signal ကို ပြန်လည်ထည့်သွင်းထားပါက ယခင် လှူဒါန်းမှုများမှ ပြေစာများကို ရရှိမည် မဟုတ်ပါ။
ဝက်ဘ်ဆိုက်မှတစ်ဆင့် လှူဒါန်းမှုများ
- ပံ့ပိုးထည့်ဝင်မှုကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် လုပ်ဆောင်သည့်အခါ အခွန်ပြေစာကို အီးမေးလ်မှတစ်ဆင့် လက်ခံရရှိပါမည်။ အသုံးပြုထားသည့် ငွေပေးချေမှု နည်းလမ်းပေါ်မူတည်၍ ပြေစာ ရောက်ရှိရန် အလုပ်ဖွင့်ရက် 1-7 ရက် ကြာနိုင်ပါသည်။
ကျွန်ုပ်၏ ကုမ္ပဏီအနေဖြင့် ကျွန်ုပ်၏ လှူဒါန်းမှုအတွက် ဘက်ညီလှူဒါန်းမှုတစ်ခု မည်သို့ လုပ်ဆောင်နိုင်သနည်း။
အလွန်ကောင်းသော မေးခွန်းဖြစ်ပါသည်။ ၎င်းတို့တွင် ဘက်ညီလှူဒါန်းမှု အစီအစဉ် ရှိ မရှိနှင့် ဘက်ညီလှူဒါန်းမှုကို မည်သို့ တောင်းခံနိုင်သနည်း သိရှိရန် သင့်လူ့စွမ်းအားအရင်းအမြစ်ဌာနထံ မေးမြန်းပါ။ Signal ၏ အခွန် ID နံပါတ်သည် 82-4506840 ဖြစ်ပြီး ကျွန်ုပ်တို့ထံ donate@signal.org မှတစ်ဆင့် ရောက်ရှိနိုင်ပါသည်။