ကျွန်ုပ်တို့ထံ လှူဒါန်းသူများ၏ ကိုယ်ပိုင်အချက်အလက်ကို အကာအကွယ်ပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုပါသည်။ ကျွန်ုပ်တို့ထံ လှူဒါန်းသူများ၏ အမည်များ သို့မဟုတ် ကိုယ်ရေးအချက်အလက်များကို အခြားမည်သည့်အဖွဲ့အစည်းနှင့်မျှ ရောင်းချခြင်း၊ ဝေမျှခြင်း သို့မဟုတ် ဖလှယ်ခြင်း လုပ်ဆောင်မည် မဟုတ်ပါ။ လှူဒါန်းသူများ၏ အချက်အလက်များကို လှူဒါန်းမှု လုပ်ဆောင်ရေး၊ လှူဒါန်းမှု ပြေစာ ပံ့ပိုးရေးနှင့် အခွန်ကင်းလွတ်ခွင့်ရ အဖွဲ့အစည်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများ ပြည့်မီအောင် ဆောင်ရွက်ရေးဆိုင်ရာ တိကျပြတ်သားသော ရည်ရွယ်ချက်အတွက် သုံးပါမည်။ အွန်လိုင်းလှူဒါန်းမှုများကို လက်ခံရန်အလို့ငှာ ကျွန်ုပ်တို့သည် ငွေပေးချေမှု လုပ်ငန်းဆောင်ရွက်သူ ပြင်ပအဖွဲ့အစည်းများနှင့် မိတ်ဖက်ပြုထားပါသည်။ Signal နည်းပညာ ဖောင်ဒေးရှင်းသို့ လှူဒါန်းသည့်အခါ သင့်ငွေပေးချေမှု ဒေတာကို ငွေပေးချေမှု လုပ်ငန်းဆောင်ရွက်သူထံ တစ်ဆင့်ပေးပို့ပါသည်။ ထိုအချက်အလက်ကို အကာအကွယ်ပေးရန် ပြင်ပ ပံ့ပိုးရေးလုပ်ငန်းများက ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်လုံခြုံရေး မူဝါဒများအရ လုပ်ဆောင်ကြပါသည်။ ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်လုံခြုံရေး ဆောင်ရွက်မှုများအကြောင်း နောက်ထပ်အချက်အလက်များအတွက် သက်ဆိုင်ရာ ငွေပေးချေမှု လုပ်ငန်းဆောင်ရွက်သူနှင့် ကိုယ်ပိုင်အချက်အလက်လုံခြုံရေးမူဝါဒများအကြောင်း တိုင်ပင်ဆွေးနွေးပေးပါ။
ဤမူဝါဒသည် Signal Messenger အက်ပလီကေးရှင်း အသုံးပြုမှုအတွက် အကျုံးမဝင်ပါ။ Signal Messenger အက်ပလီကေးရှင်း၏ ကိုယ်ပိုင်အချက်အလက်လုံခြုံရေး ဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် နောက်ထပ်အချက်အလက်များအတွက် Signal Messenger ၏ ကိုယ်ပိုင်အချက်အလက်လုံခြုံရေး မူဝါဒကို ပြန်လည်ဖတ်ရှုပေးပါ။