လုံခြုံရေး ဘက်ခ်အပ် အင်္ဂါရပ်ကို မသုံးဘဲ iPhone တစ်ခုမှ နောက် iPhone တစ်ခုသို့ မက်ဆေ့ချ်မှတ်တမ်းကို လွှဲပြောင်းနိုင်သည်။ ဤသို့ပြုလုပ်ရန် iPhone နှစ်လုံးစလုံးရှိရန် လိုအပ်ပါသည်။ လွှဲပြောင်းမှုပြီးဆုံးသွားသောအခါ သင်၏ မက်ဆေ့ချ်မှတ်တမ်းကို စက်အသစ်သို့ ရွှေ့ ပြီး စက်ဟောင်းမှ ဖျက်ပစ်ပါသည်။
သတ်မှတ်ချက်များ
- iPhone အဟောင်းရှိရန် လိုအပ်ပါသည်။
- စက်နှစ်ခုလုံးသည် Signal ဗားရှင်း 7.68.4 သို့မဟုတ် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။
- စက်နှစ်ခုလုံးတွင် ဒေသတွင်းကွန်ရက် ခွင့်ပြုချက်ကို ဖွင့်ထားကြောင်း သေချာပါစေ
iOS ဆက်တင် > Signal။
- စက်နှစ်ခုလုံးတွင် Wi-Fi နဲ့ Bluetooth ကို ဖွင့်ထားကြောင်း သေချာပါစေ။
- စက်နှစ်ခုလုံးတွင် ပါဝါအားနည်းစနစ်ကို ပိတ်ထားပါ
iOS ဆက်တင် > ဘက်ထရီ။
- လုပ်ငန်းစဉ်တစ်လျှောက်လုံး iPhone နှစ်လုံးသည် အနီးကပ်ရှိနေကြောင်း သေချာပါစေ။
- iPhone အဟောင်းတွင် အလုပ်လုပ်သော ကင်မရာတစ်လုံး လိုအပ်ပါသည်။
- စက်နှစ်လုံးစလုံးကို မိနစ်အနည်းငယ်လောက် အသုံးပြုရန်မလိုသည့် အချိန်တစ်ချိန်ကို ရွေးချယ်ပါ။
- သင့် iPhone အသစ်တွင် Signal ကို ထည့်သွင်းပြီး ဖွင့်ပါ၊ သင်၏ ခွင့်ပြုချက်များကို ရွေးချယ်ပါ၊ ပြန်လည်ရယူရန် သို့မဟုတ် အကောင့်လွှဲပြောင်းရန်ကို ရွေးချယ်ပါ၊ ထို့နောက် QR ကုဒ်ကို ကြည့်ရှုရန် ကျွန်ုပ် ဖုန်းအဟောင်းရှိသည်ကို ရွေးချယ်ပါ။
- သင့် iPhone အဟောင်း တွင် ချက်(တ်)စာရင်းမျက်နှာပြင်၏ အပေါ်ထောင့်ရှိ ကင်မရာခလုတ်ကို နှိပ်ပါ၊ iPhone အသစ်တွင် ပြသထားသော QR ကုဒ်ကို စကင်ဖတ်ပြီး အကောင့်လွှဲပြောင်းရန် ကို နှိပ်ပါ။
- လွှဲပြောင်းမှုပြီးဆုံးသွားသောအခါ သင့်မက်ဆေ့ချ်မှတ်တမ်းကို ကူးယူ ခြင်းမဟုတ်ဘဲ စက်အသစ်သို့ ရွှေ့ပြောင်းသွားမည်ဖြစ်ပြီး သင့်စက်အဟောင်းမှ ဖျက်လိုက်ပါသည်။
ကျွန်ုပ်၏ မက်ဆေ့ချ်မှတ်တမ်းကို ပေါင်းစည်းပြီး iPhone နှစ်လုံးစလုံးမှာ ပေါ်လာအောင် လုပ်လို့ရပါသလား။
- မရပါ။ သင်၏စက်အဟောင်းသည် သီးခြားစက်တစ်လုံး ဖြစ်သွားသည်။ သင့်စက်ဟောင်းကို မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ပါမည်။
Signal iPad သို့မဟုတ် Signal Desktop မှ ကျွန်ုပ်၏ဖုန်းသို့ ရွှေ့ပြောင်း၍ရပါသလား။ ချိတ်ထားသော iPad သို့မဟုတ် Desktop ပေါ်တွင် မက်ဆေ့ချ်များကို မြင်တွေ့နေရသေးသည်။
- မရပါ။ ချိတ်ထားသည့် စက်များသည် သင့်ဖုန်းနှင့် တူညီသော အကောင့်အချက်အလက် မရှိပါ။ ဖုန်းအသစ်တွင် ဆက်လုပ်ရန် လွှဲပြောင်းခြင်းမပြုဘဲ စာရင်းသွင်းမည် ရွေးချယ်စရာကို ရွေးပါ။
iCloud ဘက်ခ်အပ်များတွင် Signal ကိုသုံး၍ရပါသလား။
- မရပါ။ Signal လုံခြုံရေးဘက်ခ်အပ် သာ သုံး၍ရသည်။
iPhone အဟောင်းမရှိပါက iPhone အဟောင်းကို စက်ရုံထုတ်အတိုင်းအတိုင်း ဆက်တင်လုပ်ထားပါက သို့မဟုတ် iPhone အဟောင်း ကင်မရာပျက်နေပါက ဘာလုပ်ရမည်နည်း။
- iPhone နှစ်ခုလုံးမရှိလျှင် သို့မဟုတ် iPhone အဟောင်းကင်မရာ အလုပ်မလုပ်လျှင် iOS မှ iOS သို့ မက်ဆေ့ချ်မှတ်တမ်း လွှဲပြောင်းရန် မဖြစ်နိုင်ပါ။
အကူအညီ လိုအပ်သေးပါသလား။ စက်လွှဲပြောင်းခြင်းအတွက် ကျွန်ုပ်တို့၏ ပြဿနာဖြေရှင်းခြင်းစာမျက်နှာကို ကြည့်ရှုပါ။