အဖွဲ့ဝင်အမှတ်တံဆိပ်များကို သင့်အဖွဲ့ချက်(တ်)များအတွင်း အမျိုးအစားခွဲခြားရန်နှင့် သင့်ကိုယ်သင် ခွဲခြားဖော်ပြရန်အတွက် အသုံးပြုနိုင်ပါသည်။ သင်ပါဝင်သည့် အုပ်စုတစ်ခုစီအတွက် ထူးခြားပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သော အမှတ်တံဆိပ်များဖြင့် အခန်းကဏ္ဍများ သို့မဟုတ် အထူးပြုချက်များကို သတ်မှတ်နိုင်သည်။
အဖွဲ့ဝင်အမှတ်တံဆိပ် သတ်မှတ်ရန်
- အဖွဲ့ချက်(တ်)ကိုဖွင့်ပြီး အဖွဲ့ဆက်တင်သို့သွားပါ။
- အဖွဲ့ဝင်စာရင်းတွင် သင့်အမည်ကို နှိပ်ပါ။
- အဖွဲ့ဝင်အမှတ်တံဆိပ် ထည့်သွင်းရန်ကို နှိပ်ပါ။
- သင့်အမှတ်တံဆိပ်ကိုထည့်ပြီး အပြာရောင်အမှန်ခြစ်ကို နှိပ်ပါ သို့မဟုတ် သင့်လည်ပတ်မှုစနစ်ပေါ် မူတည်၍ သိမ်းဆည်းပါ။
သင့် အဖွဲ့ဝင်အမှတ်တံဆိပ်ကို ပြောင်းရန်
- အဖွဲ့ချက်(တ်)ကိုဖွင့်ပြီး အဖွဲ့ဆက်တင်သို့သွားပါ။
- အဖွဲ့ဝင်စာရင်းတွင် သင့်အမည်ကို နှိပ်ပါ။
- သင့်လက်ရှိအဖွဲ့ဝင်အမှတ်တံဆိပ်ကို ပြောင်းလဲရန် နှိပ်ပါ။
အဖွဲ့ဝင်အမှတ်တံဆိပ်ကို မည်သူမြင်နိုင်သနည်း။
- အဖွဲ့ဝင်အမှတ်တံဆိပ်များသည် အဖွဲ့တစ်ခုစီအတွက် သီးသန့်ဖြစ်သည်။ ထိုအဖွဲ့ရှိ လူတိုင်းက သင့်အမှတ်တံဆိပ်ကို မြင်နိုင်ပါသည်။
အဖွဲ့ဝင်အမှတ်တံဆိပ်သည် အခြားအဖွဲ့တွင် ပေါ်ပါသလား။
- မပေါ်ပါ။ အဖွဲ့တွင် သင်သတ်မှတ်ထားသော အမှတ်တံဆိပ်သည် ထိုအဖွဲ့တွင်သာ ပေါ်ပါမည်။
အခြားသူများအတွက် အဖွဲ့ဝင်အမှတ်တံဆိပ်များကို စီမံခန့်ခွဲခြင်း
- ဤသည်ကို မပံ့ပိုးပေးပါ။ အခြားသူများအတွက် အမည်ပြောင် သတ်မှတ်ပေးနိုင်ပါသည်။ သင်သတ်မှတ်ထားသော အမည်ပြောင်ကို ထိုသူနှင့်အတူရှိသော ချက်(တ်)များနှင့် အဖွဲ့များအားလုံးတွင် ပြသပါမည်။ အမည်ပြောင်များကို သင်သာ မြင်နိုင်သည်။