အရေးကြီးဆုံး မက်ဆေ့ချ်များအား တစ်ဦးချင်းနှင့် အဖွဲ့ချက်(တ်) အပေါ်ဆုံးတွင် ပင်တွဲပါ။
မက်ဆေ့ချ်တစ်ခုကို ပင်တွဲရန်-
- မက်ဆေ့ချ်တစ်ခုအား ပင်တွဲလိုသည့် ချက်(တ်)ကိုဖွင့်ပါ။
- မက်ဆေ့ချ်ကို နှိပ်ပြီး ဖိထားပါ (Android/iOS) သို့မဟုတ် ညာဘက်ကလစ်ကို နှိပ်ပါ (Desktop)။
- ပင် ကို ရွေးချယ်ပါ။
- မက်ဆေ့ချ်ကို မည်မျှကြာအောင် ပင်တွဲထားလိုသည်ကို ရွေးချယ်ပါ။
- အိုကေ ကို နှိပ်ပါ။
မက်ဆေ့ချ်တစ်ခုကို ပင်ဖြုတ်ရန် အလားတူအဆင့်များကို လိုက်နာပြီး ပင်ဖြုတ်မည် ကို ရွေးချယ်ပါ။
နောက်ထပ်အချက်အလက်များ-
- ပင်တွဲထားသော မက်ဆေ့ချ်များသည် ချက်(တ်)၏ အပေါ်ဆုံးတွင် ပေါ်လာမည်ဖြစ်ပြီး ထိုမက်ဆေ့ချ် ပို့ခဲ့သည့်အချိန်တွင် အဖွဲ့ထဲတွင် ရှိနေသော အဖွဲ့ဝင်အားလုံး မြင်နိုင်ပါသည်။
- ပင်တွဲထားသော မက်ဆေ့ချ်များကို လည်ပတ်ရန် ဘန်နာကို ထိပါ သို့မဟုတ် နှိပ်ပါ။
- နောက်ထပ်ရွေးချယ်စရာများအတွက် ဘန်နာပေါ်ရှိ ပင်အိုင်ကွန်ကို အသုံးပြုပါ (သို့မဟုတ် မိုဘိုင်းပေါ်တွင် နှိပ်ပြီးဖိထားပါ)။
- ချက်(တ်)များတွင် ပင်တွဲထားသော မက်ဆေ့ချ် သုံးခု အထိ ရှိနိုင်ပါသည်။ အသစ်တစ်ခုကို ပင်တွဲခြင်းဖြင့် အဟောင်းဆုံးကို အစားထိုးပါသည်။
- ပင်တွဲထားသော မက်ဆေ့ချ်များကို ၎င်းတို့ကို ပင်တွဲထားသည့် အစီအစဉ်အတိုင်း ပြသထားပြီး အသစ်ဆုံးကို အဆုံးတွင် ပြသထားသည်။
- မက်ဆေ့ချ်ကို ပင်တွဲပြီးနောက် အဖွဲ့ထဲသို့ အဖွဲ့ဝင်အသစ် ဝင်လာပါက ထိုအဖွဲ့ဝင်အသစ်သည် ၎င်းကို မမြင်နိုင်ပါ။ အဖွဲ့ဝင်အသစ်များအတွက် ၎င်းတို့ ဝင်ရောက်ပြီးနောက်မှ ပင်တွဲထားသော မက်ဆေ့ချ်များသာ ပေါ်လာမည်။
- အဖွဲ့ချက်(တ်)များတွင် အက်ဒ်မင်များသည် အဖွဲ့ဆက်တင်မှတစ်ဆင့် မက်ဆေ့ချ်များကိုမည်သူ ပင်တွဲနိုင်သည် ကို ထိန်းချုပ်သည်။
- ပျောက်သွားမည့် မက်ဆေ့ချ်များကို ၎င်းတို့၏ သတ်မှတ်ချိန် ကုန်ဆုံးသွားသောအခါ အလိုအလျောက် ပင်ဖြုတ်ပြီး ချက်(တ်)မှ ဖယ်ရှားပါသည်။