၎င်းမှာ အဘယ်နည်း။
Signal တရားဝင် ချက်(တ်)သည် Signal အတွင်းရှိ တစ်ခုတည်းသော တရားဝင်ချန်နယ်ဖြစ်ပြီး အရေးကြီးသော အပ်ဒိတ်များကို အက်ပ်အတွင်းမှ သုံးစွဲသူများထံ တိုက်ရိုက်ပေးပို့ရန် အသုံးပြုပါသည်။
တရားဝင် Signal ချက်(တ်)သည် တစ်ခုတည်းသာ ရှိပါသည်။ ၎င်းကို ရိုးရှင်းစွာ "Signal" ဟု အမည်ပေးထားပြီး အမည်အောက်တွင် "တရားဝင်ချက်(တ်)" ဟူသော အညွှန်းကို ပြသထားပါသည် (Android နှင့် Desktop တွင် "တရားဝင် ချက်(တ်)" ဟု ပြသပြီး iOS တွင် "Official Chat" ဟု ပြသပါသည်။) ၎င်းကို Signal မှ လုပ်ဆောင်ချက် အပ်ဒိတ်များနှင့် ထုတ်ကုန်ကြေညာချက်များကို မျှဝေရန် အသုံးပြုပါသည်။
Signal တရားဝင် ချက်(တ်)သည် တစ်ဖက်တည်းမှ ဆက်သွယ်မှုသာ ဖြစ်ပါသည်။ သင်သည် စာပြန်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်း၊ သို့မဟုတ် ဖုန်းခေါ်ဆိုခြင်းပြုလုပ်၍မရပါ။ ၎င်းကို အသုံးပြုသူများအား ပံ့ပိုးမှုအတွက် အသုံးမပြုဘဲ Signal မှ အချက်အလက်များကို မျှဝေရန်အတွက်သာ အသုံးပြုပါသည်။ ၎င်းကို ပုံသေ အသံပိတ်ထား သောကြောင့် အကြောင်းကြားချက်များ အဆက်မပြတ် ရရှိနေမည်မဟုတ်ဘဲ ဤမက်ဆေ့ချ်များကို မရယူလိုပါက ၎င်းကို ဘလော့ခ်လုပ်နိုင်ပါသည်။
တရားဝင် Signal ချက်(တ်)ကို မည်သို့ ခွဲခြားသိရှိနိုင်မည်နည်း
တရားဝင်မဟုတ်သော အကောင့်များသည် တရားဝင်ဆက်သွယ်မှုကို တုပနိုင်သောကြောင့် အစစ်အမှန် ချက်(တ်)ဖြစ်ကြောင်း ခွဲခြားပုံကို သိရှိထားရန် အရေးကြီးပါသည်။ လိမ်လည်သူများ အတုလုပ်၍ မရနိုင်သော အချက်များကို ဦးစွာဖော်ပြထားပြီး အထင်ရှားဆုံး လက္ခဏာများကို အောက်ပါအတိုင်း ဖော်ပြထားသည်။
- ၎င်းကို Signal က သင့်ချက်(တ်)စာရင်းတွင် ထည့်သွင်းပေးထားပါသည်။ ၎င်းသည် လက်ခံရန်လိုအပ်သော မက်ဆေ့ချ်တောင်းဆိုမှုအဖြစ် မည်သည့်အခါမျှ ရောက်ရှိလာမည်မဟုတ်သည့်အပြင် "အတည်မပြုထားသော အမည်" သို့မဟုတ် "တူညီသော အဖွဲ့များမရှိ" ဟုလည်း မည်သည့်အခါမျှ ပြသမည်မဟုတ်ပါ။
- ၎င်းသည် တစ်ဖက်တည်းမှ ဆက်သွယ်မှုသာ ဖြစ်ပါသည်။ စာပြန်ရန် အကွက်နှင့် ခေါ်ဆိုရန် ခလုတ်များ မရှိပါ။ သင်သည် စာပြန်ရိုက်နိုင်ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုနိုင်ခြင်းရှိပါက ၎င်းသည် တရားဝင် ချက်(တ်) မဟုတ်ပါ။
- ၎င်းသည် သင့်ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုမည်မဟုတ်ပါ။ ၎င်းသည် အသုံးပြုသူများအား ပံ့ပိုးမှုမပေးပါ၊ ထို့အပြင် ကိုယ်ရေးအချက်အလက်များ၊ ငွေပေးချေမှုများ သို့မဟုတ် အတည်ပြုကုဒ်များ၊ သင့် PIN ၊ ပြန်လည်ရယူရေးကီးကဲ့သို့သော အကောင့်အချက်အလက်များကို မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။
- ၎င်းတွင် ပျောက်သွားမည့် မက်ဆေ့ချ် တိုင်မာ မရှိပါ။ ထို့အပြင် အဖွဲ့ ချက်(တ်) လည်း မည်သည့်အခါမျှ မဖြစ်ပါ။
- ၎င်း၏အမည်သည် အတိအကျ "Signal" ဖြစ်ပြီး အမည်အောက်တွင် "တရားဝင် ချက်(တ်)" ဟူသော အညွှန်းကို ပြသထားပါသည် (Android နှင့် Desktop တွင် "တရားဝင် ချက်(တ်)" ဟု ပြသပြီး iOS တွင် "Official Chat" ဟု ပြသပါသည်)။ အယောင်ဆောင်သူများသည် ပုံမှန်အားဖြင့် "ပံ့ပိုးမှု၊" "အဖွဲ့၊" သို့မဟုတ် "အသိပေးချက်" ကဲ့သို့သော စကားလုံးအပိုများကို ထည့်သွင်း အသုံးပြုလေ့ရှိပါသည် (ဥပမာ "Signal ပံ့ပိုးမှု" သို့မဟုတ် "Signal | ပံ့ပိုးမှုနှင့် အသိပေးချက်များ")။ အပိုစကားလုံးများ ပါဝင်ပါက တရားဝင် ချက်(တ်) မဟုတ်ပါ။
- ၎င်းတွင် Signal ၏ တရားဝင်ဘဲ့ဂျ်ကို ပြသထားပါသည် ("Signal" အမည်ဘေးရှိ အပြာရောင်အမှတ်တံဆိပ်)။ အလားတူပုံစံရှိသော အတည်ပြုအမှတ်အသားကို အမည်တွင် အတုလုပ်နိုင်သောကြောင့် ဤအချက်ကို တစ်ခုတည်းအပေါ် မမူတည်ဘဲ အထက်ဖော်ပြပါ အချက်များနှင့်အတူ အသုံးပြုပါ။
- ၎င်းတွင် တရားဝင် ချက်(တ်)အတွက် သီးသန့်သတ်မှတ်ထားသော ထူးခြားသည့် နောက်ခံပုံစံကို အမြဲပြသထားပါသည်။ ၎င်းကို ပြောင်းလဲ၍ မရပါ။ ထို့ကြောင့် ချက်(တ်)တစ်ခုတွင် ထိုပုံစံကို မပြသပါက ၎င်းသည် တရားဝင် ချက်(တ်) မဟုတ်ပါ။ သတိပေးချက်- လိမ်လည်သူတစ်ဦးသည် ထိုပုံစံအတိုင်း ပုံတစ်ပုံကို သင့်ထံ ပို့ပြီး ၎င်းကို သင့်ကိုယ်ပိုင် နောက်ခံပုံအဖြစ် သတ်မှတ်စေရန် ကြိုးစားနိုင်ပါသည်။ Signal သည် ချက်(တ်)နောက်ခံပုံ သတ်မှတ်ရန် သင့်အား မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးက ပို့ပေးသော နောက်ခံပုံကို မည်သည့်အခါမျှ အသုံးမပြုပါနှင့်။
- ၎င်း၏ မက်ဆေ့ချ်များကို ချက်(တ်)ပူဖောင်းပုံစံမဟုတ်ဘဲ အလယ်ဗဟိုတွင် ကြေညာချက်များအဖြစ် ပြသပါသည်။ အပ်ဒိတ်များကို ပုံမှန်စကားပြောမှုများတွင် အသုံးပြုသည့် ဘယ်ဘက်နှင့် ညာဘက် မက်ဆေ့ချ်ပူဖောင်းပုံစံများနှင့် မတူဘဲ စခရင်၏ အလယ်တည့်တည့်တွင် ပြသပါသည်။
ပေါ်လာသည့်နေရာ- တရားဝင် ချက်(တ်)ကို Signal က စက်တစ်ခုချင်းစီအတွက် ဖန်တီးပေးထားသောကြောင့် သင်ကိုယ်တိုင် ထည့်သွင်းရန် မလိုအပ်ပါ။ ဤအချက်ကြောင့် စက်တစ်ခုနှင့် တစ်ခုတွင် ၎င်း၏ နေရာအနေအထား ကွာခြားနိုင်ပြီး စက်တစ်ခုတွင် ရှိနိုင်သော်လည်း အခြားစက်တစ်ခုတွင် မရှိနိုင်ပါ။ ဥပမာအားဖြင့် သင့်ဖုန်းတွင် ပထမဆုံး ချက်(တ်) ဖြစ်နိုင်သော်လည်း ချိတ်ဆက်ထားသော Desktop တွင် ဆယ်ခုမြောက် ချက်(တ်) ဖြစ်နိုင်ပါသည်။ ၎င်း၏ နေရာအထားအနေအထား ပြောင်းလဲနိုင်သောကြောင့် ချက်(တ်)စာရင်းတွင် ရှိသည့်နေရာကို မကြည့်ဘဲ အထက်ဖော်ပြပါ လက္ခဏာများဖြင့် ခွဲခြားပါ။
တရားဝင် ချက်(တ်)နှင့် အယောင်ဆောင် ချက်(တ်)ကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားခြင်း
| တရားဝင် Signal ချက်(တ်) | Signal မှ ဖြစ်သည်ဟု ဆိုသော တစ်စုံတစ်ဦးထံမှ မက်ဆေ့ချ် |
| ✅ "Signal" ဟု အတိအကျ အမည်ပေးထားပြီး အောက်တွင် "တရားဝင် ချက်(တ်)" ဟူသော အညွှန်း ပါရှိသည် | ❌ အမည်တွင် "ပံ့ပိုးမှု" ၊ "အဖွဲ့" သို့မဟုတ် "အသိပေးချက်" ကဲ့သို့သော စကားလုံးအပိုများ ပါရှိပါက ၎င်းသည် တရားဝင် ချက်(တ်) မဟုတ်ပါ |
| ✅ Signal က သင့် ချက်(တ်)စာရင်းတွင် ထည့်သွင်းပေးထားသည် | ❌ ဖွင့်ရန်အတွက် "လက်ခံမည်" ကို နှိပ်ရန် လိုအပ်ခဲ့ပါက ၎င်းသည် တရားဝင် ချက်(တ်) မဟုတ်ပါ |
| ✅ "အတည်မပြုထားသော အမည်" / "တူညီသော အဖွဲ့များမရှိ" ဟု မည်သည့်အခါမျှ မပြသပါ | ❌ "အတည်မပြုထားသော အမည်" သို့မဟုတ် "တူညီသော အဖွဲ့များမရှိ" ဟု တွေ့ရပါက ၎င်းသည် တရားဝင် ချက်(တ်) မဟုတ်ပါ |
| ✅ တစ်ဖက်တည်းမှ ဆက်သွယ်မှုသာ ဖြစ်သည် | ❌ သင်သည် စာပြန်ရိုက်နိုင်ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်း ပြုလုပ်နိုင်ပါက ၎င်းသည် တရားဝင်ချက်(တ်) မဟုတ်ပါ |
| ✅ ကုဒ်များကို မည်သည့်အခါမျှ မတောင်းဆိုပါ | ❌ ကုဒ်၊ PIN သို့မဟုတ် ပြန်လည်ရယူရေးကီးကို တောင်းဆိုပါက ၎င်းသည် တရားဝင် ချက်(တ်) မဟုတ်ပါ |
| ✅ ပျောက်သွားမည့် မက်ဆေ့ချ် တိုင်မာ မည်သည့်အခါမျှ မရှိပါ | ❌ ပျောက်သွားမည့် မက်ဆေ့ချ် တိုင်မာကို တွေ့ရပါက ၎င်းသည် တရားဝင်ချက်(တ်) မဟုတ်ပါ |
| ✅ အဖွဲ့ ချက်(တ်) မည်သည့်အခါမျှ မဖြစ်ပါ | ❌ ၎င်းသည် သင်နှင့် အခြားလူတစ်ဦးတည်းသာ ပါဝင်သော အဖွဲ့ ချက်(တ်) ဖြစ်ပါက တရားဝင် ချက်(တ်) မဟုတ်ပါ |
| ✅ တရားဝင်ဘဲ့ဂျ်ကို ပြသထားပါသည် | ❌ တရားဝင်ဘဲ့ဂျ် မရှိပါက ၎င်းကို သံသယဖြစ်ဖွယ်အဖြစ် သတ်မှတ်ပါ |
| ✅ တရားဝင် ချက်(တ်)အတွက် သီးသန့်သတ်မှတ်ထားသော ထူးခြားသည့် နောက်ခံပုံစံကို အမြဲပြသထားပါသည် (၎င်းကို သင်ပြောင်းလဲ၍ မရပါ) | ❌ သီးသန့်သတ်မှတ်ထားသော ထိုနောက်ခံပုံစံကို မပြသပါက ၎င်းသည် တရားဝင်ချက်(တ်) မဟုတ်ပါ |
| ✅ မက်ဆေ့ချ်များကို ချက်(တ်)ပူဖောင်းပုံစံများအဖြစ် မဟုတ်ဘဲ အလယ်ဗဟိုတွင် ကြေညာချက်များအဖြစ် ပြသပါသည် | ❌ မက်ဆေ့ချ်များကို ပုံမှန် ဘယ်ဘက်နှင့် ညာဘက် ချက်(တ်) ပူဖောင်းပုံစံများအဖြစ် ပြသပါက ၎င်းသည် တရားဝင် ချက်(တ်) မဟုတ်ပါ |
တရားဝင် ဘဲ့ဂျ်သည် လုံခြုံရေးနံပါတ်၏ "အတည်ပြုပြီး" အမှတ်အသားနှင့် မတူပါ။ တရားဝင် ချက်(တ်)တွင် "Signal" အမည်ဘေးတွင် အပြာရောင်အမှတ်တံဆိပ်နှင့် အောက်တွင် "တရားဝင် ချက်(တ်)" အညွှန်းကို ပြသထားပါသည်။ အချို့သော အရာများသည် ဆင်တူနိုင်သော်လည်း ချက်(တ်)သည် တရားဝင်ဖြစ်ကြောင်း မဆိုလိုပါ-
- အမည်ဘေးရှိ အမှန်ခြစ်အမှတ်အသား သို့မဟုတ် အခြား အီမိုဂျီ သို့မဟုတ် သင်္ကေတတစ်ခုခု (ဥပမာ အစိမ်းရောင် အမှန်ခြစ်) ကို Signal က ထည့်သွင်းပေးခြင်းမဟုတ်ဘဲ လူတစ်ဦးက ထည့်သွင်းထားခြင်းဖြစ်ပါသည်။ မည်သူမဆို ၎င်းတို့၏ ပြသထားသောအမည်တွင် သင်္ကေတများ ထည့်သွင်းနိုင်သောကြောင့် အမည်တွင်ပါသော အမှန်ခြစ်အမှတ်အသားသည် တရားဝင် ဘဲ့ဂျ် မဟုတ်ပါ။
- မီးခိုးရောင် "အတည်ပြုပြီး" စာသားပါရှိသော ဒိုင်းပုံအမှတ်အသားကို Signal က ပြသပေးပါသည်။ သို့သော် ၎င်းသည် ထိုအဆက်အသွယ်၏ လုံခြုံရေးနံပါတ်ကို သင်အတည်ပြုပြီးသောကြောင့်သာ ပြသခြင်းဖြစ်ပါသည်။ ၎င်းကို လိမ်လည်သူ၏ ချက်(တ်)အပါအဝင် မည်သည့် ချက်(တ်)တွင်မဆို သင်ကိုယ်တိုင် သတ်မှတ်နိုင်သောကြောင့် ၎င်းတစ်ခုတည်းဖြင့် ချက်(တ်)သည် တရားဝင်ဖြစ်ကြောင်း မဆိုလိုပါ။
|
✅ တရားဝင် ချက်(တ်)ဘဲ့ဂျ် အပြာရောင် အမှတ်တံဆိပ် + "တရားဝင်ချက်(တ်)" အညွှန်း။ တရားဝင် ချက်(တ်)တစ်ခုတည်းတွင်သာ ပြသပါသည်။ |
❌ လုံခြုံရေးနံပါတ် "အတည်ပြုပြီး" (တရားဝင် မဟုတ်ပါ) လူတစ်ဦးမှ အမည်တွင် ထည့်သွင်းထားသော အစိမ်းရောင် အမှန်ခြစ်အမှတ်အသားနှင့် လုံခြုံရေးနံပါတ် အတည်ပြုခြင်းမှ ရရှိသော မီးခိုးရောင် ဒိုင်းပုံ "အတည်ပြုပြီး" အမှတ်အသား။ နှစ်ခုလုံးကို လိမ်လည်သူ၏ ချက်(တ်)အပါအဝင် မည်သည့် ချက်(တ်)တွင်မဆို တွေ့နိုင်ပါသည်။ |
ပုံစံ
|
✅ တရားဝင် Signal ချက်(တ်)
|
❌ ဖြားယောင်းရန် ကြိုးပမ်းမှု
❌ လိမ်လည်မှု ဥပမာ |
ပလက်ဖောင်းများနှင့် ပတ်သက်သော မှတ်ချက်- ချက်(တ်)ခေါင်းစီးရှိ ခလုတ်များ၏ ပုံစံအတိအကျနှင့် ချက်(တ်)ဆက်တင်များသို့ ဝင်ရောက်ပုံသည် Android ၊ iOS နှင့် Desktop တို့အကြား အနည်းငယ် ကွာခြားနိုင်ပါသည်။ ဤကွာခြားချက်များသည် ပုံမှန်ဖြစ်ပြီး ပလက်ဖောင်းတစ်ခုချင်းစီအလိုက် ကွာခြားမှုများ ဖြစ်ပါသည်။ တရားဝင်အမည် ("Signal")၊ အမှတ်အသား၊ "တရားဝင်ချက်(တ်)" အညွှန်းနှင့် သီးသန့်သတ်မှတ်ထားသော နောက်ခံပုံစံတို့သည် ပလက်ဖောင်းအားလုံးတွင် တူညီပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ခလုတ်များကို အားကိုးခြင်းထက် ဤအချက်များကို အခြေခံ၍ ခွဲခြားပါ။
Signal တွင် တရားဝင် ကြေညာချက် ချက်(တ်)သည် တစ်ခုတည်းသာ ရှိပါသည်။ Signal ကို ကိုယ်စားပြုသည်ဟု ဆိုသော အခြားမည်သည့်အကောင့်ကိုမဆို သတိထား၍ ဆက်ဆံသင့်ပါသည်။
Signal မှ ပေးပို့ထားသကဲ့သို့ ထင်ရသော်လည်း ပုံမှန်မဟုတ်သော မက်ဆေ့ချ်များ၊ ကိုယ်ရေးအချက်အလက်များကို တောင်းဆိုခြင်းများ သို့မဟုတ် အက်ပ်အပြင်ဘက်တွင် လုပ်ဆောင်ရန် တောင်းဆိုခြင်းများ ရရှိပါက ၎င်းတို့သည် တရားဝင်မဟုတ်ပါ။
ပံ့ပိုးမှုပုံစံ အယောင်ဆောင်သည့် လိမ်လည်မှုက မည်သို့နည်း။
လိမ်လည်သူများသည် အောက်ပါတို့ကို ပြုလုပ်နိုင်သည်-
- “Signal ပံ့ပိုးမှု”၊ “Signal အဖွဲ့” သို့မဟုတ် “Signal | ပံ့ပိုးမှုနှင့် အသိပေးချက်များ” ကဲ့သို့သော အမည်များကို အသုံးပြု၍ အကောင့်အတုများ ဖန်တီးနိုင်ပြီး တရားဝင်ဟု ထင်မြင်စေရန် ချက်(တ်)အတွင်း Signal လိုဂိုကို ကူးထည့်အသုံးပြုနိုင်ပါသည်။
- သင့်အကောင့် အတည်ပြုကုဒ်၊ PIN သို့မဟုတ် ပြန်လည်ရယူရေးကီးကို တောင်းဆိုနိုင်ပြီး ပြဿနာတစ်ခု သို့မဟုတ် အတည်ပြုခြင်းအတွက် လိုအပ်သည်ဟု ဆိုနိုင်ပါသည်။
- အကောင့်ဝင်ရောက်ခွင့်ကို “အတည်ပြုရန်” သို့မဟုတ် “ပြန်လည်ရယူရန်” ဟုဆိုသော လင့်ခ်များကို ပို့နိုင်ပြီး၊ လင့်ခ်တစ်ခုကို ဖွင့်ရန် သို့မဟုတ် QR ကုဒ်တစ်ခုကို စကင်ဖတ်၍ စက်တစ်ခုကို ချိတ်ဆက်ရန် တောင်းဆိုနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ စက်ကို သင့်အကောင့်နှင့် ချိတ်ဆက်ကာ သင့်မက်ဆေ့ချ်များကို ဖတ်ရှုနိုင်ပါသည်။
- အမည်တွင် "Signal" ၏ အပြောင်းအလဲပုံစံတစ်ခုကို အသုံးပြုထားပြီး ၎င်းသည် မည်သူမဆို သတ်မှတ်နိုင်သော ပြသအမည်သာ ဖြစ်ပါသည်။
- မသိသော ဖုန်းနံပါတ်တစ်ခုမှ မက်ဆေ့ချ်ပို့ရန် တောင်းဆိုချက် ("လက်ခံမည်" / "ဘလော့ခ်မည်") အဖြစ် ရောက်ရှိလာပါသည်။
- "အတည်မပြုထားသော အမည်" နှင့် "တူညီသော အဖွဲ့များမရှိ" ဟု ပြသထားသည်။
- ဖုန်းခေါ်ဆိုရန် ခလုတ်များ ပါရှိပြီး မက်ဆေ့ချ်တောင်းဆိုမှုကို လက်ခံပါက စာပြန်ရန် အကွက် ပေါ်လာပါသည်။ တရားဝင် ချက်(တ်)တွင် ထိုနှစ်ခုလုံး မရှိပါ။
- အရေးတကြီးခံစားချက်ဖြစ်ရန် ဖန်တီးကာ အတည်ပြုကုဒ် သို့မဟုတ် ပြန်လည်ရယူရေးကီးကို မျှဝေပေးရန် တောင်းဆိုပါသည်။
သတိပေးချက်- တရားဝင်ဟု ထင်ရသော ချက်(တ်)ဖြစ်စေ မည်သည့် ချက်(တ်)တွင်မဆို သင့်ပြန်လည်ရယူရေးကီး၊ PIN ၊ အတည်ပြုကုဒ် သို့မဟုတ် ငွေပေးချေမှု အချက်အလက်များကို ရိုက်ထည့်ခြင်း၊ ကူးထည့်ခြင်း သို့မဟုတ် ပေးပို့ခြင်းကို မပြုလုပ်ပါနှင့်။
ဖြားယောင်းခြင်းဆိုသည်မှာ အဘယ်နည်း။
ဖြားယောင်းခြင်းသည် အီးမေးလ်များ၊ လင့်ခ်များ သို့မဟုတ် ခေါ်ဆိုမှုများမှတစ်ဆင့် အချက်အလက်များကို ခိုးယူရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သူများသည် ယုံကြည်ရသောအဆက်အသွယ်များ သို့မဟုတ် ဝန်ဆောင်မှုများအဖြစ် အယောင်ဆောင်သည့် လိမ်လည်မှုအမျိုးအစားတစ်ခုဖြစ်သည်။
သတိပေးလက္ခဏာများ-
- SMS ကုဒ်များ သို့မဟုတ် စကားဝှက်များကဲ့သို့ အရေးကြီးသော အချက်အလက်များကို တောင်းဆိုသည့် မမျှော်လင့်ထားသော မက်ဆေ့ချ်များ သို့မဟုတ် ခေါ်ဆိုမှုများ။
- အရေးတကြီးခံစားချက်- "ထိုသို့ မပြုလုပ်ပါက သင့်အကောင့်ကို လော့ခ်ချမည် / ဆုံးရှုံးသွားမည်..."
- သံသယဖြစ်ဖွယ်လင့်ခ်များ သို့မဟုတ် စာလုံးပေါင်းမှားနေသော လိပ်စာများ။ တရားဝင် လင့်ခ်များသည် signal.org တွင်သာ ရှိပါသည်။
သံသယရှိလျှင် တရားဝင်ချန်နယ်များသို့ ဝင်ရောက်စစ်ဆေးပါ။
Signal စခရင်နှင့် အချက်အလက်လိမ်လည်ရယူရန် ဖြားယောင်းသော မက်ဆေ့ချ်ကို မည်သို့ ခွဲခြားသိရှိနိုင်မည်နည်း။
Signal သည် တစ်ခါတစ်ရံတွင် အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် တရားဝင် အက်ပ်အတွင်း စခရင်များကို ပြသနိုင်ပါသည်-
- သင့် Signal PIN ကို ရိုက်ထည့်ပါ
- သင့်ပြန်လည်ရယူရန် အချက်အလက်များကို အတည်ပြုပါ
- ကုဒ်ပြောင်းဝှက်ထားသော ဘက်ခ်အပ်ကို ပြင်ဆင်ပါ သို့မဟုတ် ဖွင့်ပါ
ဤစခရင်များသည် Signal အက်ပ်၏ ကိုယ်ပိုင် အင်တာဖေ့စ်အတွင်း တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်လာခြင်းဖြစ်ပြီး ချက်(တ်) မက်ဆေ့ချ်များအဖြစ် ပေးပို့လာခြင်း မဟုတ်ပါ။
အချက်အလက်လိမ်လည်ရယူရန် ဖြားယောင်း ကြိုးပမ်းမှုများသည် ပုံမှန်အားဖြင့် မက်ဆေ့ချ်များ၊ အီးမေးလ်များ၊ ဝက်ဘ်ဆိုက်များ၊ ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် အခြားဆက်သွယ်မှုနည်းလမ်းများအဖြစ် ရောက်ရှိလာပြီး သင့်အတည်ပြုကုဒ်၊ PIN ၊ ပြန်လည်ရယူရေးကီး သို့မဟုတ် အခြားအကောင့်အချက်အလက်များကို မျှဝေရန် တောင်းဆိုပါသည်။
Signal အတွင်းတွင် PIN သို့မဟုတ် ပြန်လည်ရယူရေးကီး တောင်းဆိုမှုကို တွေ့ခဲ့ပါသည်။ ကျွန်ုပ်၏ အကောင့်ကို ခိုးယူဝင်ရောက်ထားပါသလား။
သေချာပေါက် ထိုသို့ မဆိုနိုင်ပါ။ Signal သည် တစ်ခါတစ်ရံတွင် အကောင့်ပြန်လည်ရယူခြင်း သို့မဟုတ် ဘက်ခ်အပ်များနှင့် သက်ဆိုင်သော တရားဝင် သတိပေးချက်များကို ပြသနိုင်ပါသည်။ ဤသတိပေးချက်များကို တွေ့ရခြင်းတစ်ခုတည်းဖြင့် သင့်အကောင့်ကို ခိုးယူဝင်ရောက်ထားသည်ဟု မဆိုလိုပါ။
Signal သည် သင့်အတည်ပြုကုဒ်၊ Signal PIN နှင့်/သို့မဟုတ် ဘက်ခ်အပ် ပြန်လည်ရယူရေးကီးကို တောင်းဆိုနိုင်ပါသလား။
- Signal သည် တရားဝင် အက်ပ်လုပ်ဆောင်မှုများအတွင်း သင့် PIN ကို ထည့်သွင်းရန် တောင်းဆိုနိုင်ပါသည်။
- Signal သည် မက်ဆေ့ချ်၊ အီးမေးလ်၊ ဖုန်းခေါ်ဆိုမှု၊ ပံ့ပိုးမှု ချက်(တ်) သို့မဟုတ် အခြားသူတစ်ဦးမှတစ်ဆင့် သင့်ထံ ဆက်သွယ်ပြီး သင့် PIN ၊ အတည်ပြုကုဒ် သို့မဟုတ် ပြန်လည်ရယူရေးကီးကို ထုတ်ဖော်ပေးရန် မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။