Signal သည် သင့်စက်နှင့် အခြေအနေပေါ် မူတည်၍ သင့်မက်ဆေ့ချ်များကို ဘက်ခ်အပ်လုပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအတွက် လုံခြုံသောရွေးချယ်မှုများစွာကို ပေးပါသည်။
Signal လုံခြုံရေးဘက်ခ်အပ် သည် ရွေးချယ်နိုင်သော၊ လုံခြုံသော ဘက်ခ်အပ်ဖြေရှင်းချက်တစ်ခုဖြစ်ပြီး သင့်မက်ဆေ့ချ်များနှင့် မကြာသေးမီက မီဒီယာကို ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ခြင်းနှင့်ပြန်လည်ရယူရေးကီးကို အသုံးပြု၍ သိမ်းဆည်းထားပြီး သင့်ဖုန်းပျောက်ဆုံးသွားပါက၊ ပျက်စီးသွားပါက၊ အစားထိုးခံရပါက သို့မဟုတ် ပလက်ဖောင်းပြောင်းသွားပါကပင် သင့် ချက်(တ်)မှတ်တမ်းကို ပြန်လည်ရယူနိုင်စေပါသည်။
Android နှင့် Desktop တွင်သာ ရရှိနိုင်သော စက်တွင်းရှိ ဘက်ခ်အပ်များသည် သင့်စက်တွင် သိမ်းဆည်းထားပြီး စကားဝှက်ဖြင့် ကာကွယ်ထားသည့် ကုဒ်ပြောင်းဝှက်ပြီး ဘက်ခ်အပ်ဖိုင်များကို ဖန်တီးပေးသည်။ ၎င်းတို့သည် Android စက်လွှဲပြောင်းမှုများ သို့မဟုတ် တူညီသော Android စက်တွင် ပြန်လည်ထည့်သွင်းမှုများအတွင်းသာ အလုပ်လုပ်ပြီး ဘက်အပ်ဖိုင် လိုအပ်ပါသည်။ Android သို့မဟုတ် Desktop စက်တွင်းရှိ ဘက်ခ်အပ်ဖိုင်ကို iPhone တွင်ပြန်လည်ရယူ၍မရပါ။
Android နှင့် iOS တွင် တွဲဖက်အသုံးပြုနိုင်သော ဖုန်းများအကြား စနစ်ထည့်သွင်းစဉ်အတွင်း စက်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းခြင်းဖြင့် သင်၏ မက်ဆေ့ချ်မှတ်တမ်းကို ရွှေ့ပြောင်းနိုင်ပါသည်။ စက်နှစ်ခုလုံး အသုံးပြုနိုင်ရမည်ဖြစ်ပြီး လွှဲပြောင်းမှုများသည် တူညီသောပလက်ဖောင်းတစ်ခုအတွင်းတွင်သာ အလုပ်လုပ်ပါသည်။
ဤကမ်းလှမ်းချက်များအားလုံးသည် ကိုယ်ပိုင်အချက်အလက်၊ လုံခြုံရေးနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှုတို့ကို ဟန်ချက်ညီစေပါသည်။ အောက်ပါဇယားတွင် ပြန်လည်ရယူခြင်းနှင့် ရွှေ့ပြောင်းခြင်းအခြေအနေများအတွက် အသင့်တော်ဆုံးရွေးချယ်မှုကို နှိုင်းယှဉ်ဖော်ပြထားပါသည်။
| Use Case | Signal လုံခြုံရေးဘက်ခ်အပ် |
စက်လွှဲပြောင်းခြင်း Android နှင့် iOS |
Android စက်တွင်းရှိဘက်ခ်အပ်များ |
|---|---|---|---|
| စက်ရုံထုတ်အတိုင်း ပြန်လည်သတ်မှတ်ပြီးနောက် သို့မဟုတ် အက်ပ်ကိုဖျက်ပြီးနောက် Signal ကို ပြန်လည်ထည့်သွင်းခြင်း | ✅ ရသည် | ❌ မရပါ | ✅ ရသည် |
| ဖုန်းပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် ပျက်စီးခြင်း | ✅ ရသည် | ❌ မရပါ | ❌ မရပါ |
| ပလက်ဖောင်းတူသော ဖုန်းအစားထိုးခြင်း (Android မှ Android ၊ ဖုန်းအဟောင်း ရရှိနိုင်) | ✅ ရသည် | ✅ ရသည် | ✅ ရသည် |
| ဖုန်းအစားထိုးပါ၊ ပလက်ဖောင်းတူ (iOS မှ iOS သို့၊ ဖုန်းအဟောင်းရှိသည်) | ✅ ရသည် | ✅ ရသည် | ❌ |
| ပလက်ဖောင်းမတူသော ဖုန်းအစားထိုးခြင်း (Android မှ iOS ၊ iOS မှ Android ၊ ဖုန်းဟောင်း ရရှိနိုင်) | ✅ ရသည် | ❌ မရပါ | ❌ မရပါ |
| ဖုန်းအသစ်သို့ အဆင့်မြှင့်တင်ပါ (ဖုန်းအဟောင်း မရနိုင်ပါ) | ✅ ရသည် | ❌ မရပါ | ❌ မရပါ |
| ပလက်ဖောင်းတူသော ဖုန်းလွှဲပြောင်းခြင်း (Android မှ Android ၊ iOS မှ iOS) | ✅ ရသည် | ✅ ရသည် | ✅ ရသည် |
| ပလက်ဖောင်းမတူသော ဖုန်းလွှဲပြောင်းခြင်း (Android မှ iOS ၊ iOS မှ Android) | ✅ ရသည် | ❌ မရပါ | ❌ မရပါ |
| ဖုန်းပြောင်းပြီးနောက်ပိုင်းတွင် ဘက်ခ်အပ်လိုပါသည် | ✅ ရသည် | ❌ မဟုတ်ပါ (မှတ်တမ်းကို ရွှေ့ပါ) | ❌ မရပါ |
| Signal လုံခြုံရေးဘက်ခ်အပ် မသုံးချင်ပါ | ❌ မရပါ | ✅ ရသည် | ✅ ရသည် |
| မီဒီယာမှတ်တမ်းအပြည့်အစုံ လိုအပ်သည် (၄၅ ရက် နှင့်အထက်) | ✅ အခကြေးငွေပေးဆောင်ရသော အဆင့် | ✅ ရသည် | ✅ ရသည် |
| ချိတ်ဆက်ထားသော Desktop မှ ချက်(တ်)မှတ်တမ်းကို ပြန်လည်ရယူရန် | ❌ မရပါ | ❌ မရပါ | ✅ ရသည် |
| ချိတ်ဆက်ထားသော iPad မှ ချက်(တ်)မှတ်တမ်းကို ပြန်လည်ရယူရန် | ❌ မရပါ | ❌ မရပါ | ❌ မရပါ |
| ဖုန်းနံပါတ်အသစ် | ❌ မရပါ | ❌ မရပါ | ✅ ရသည် |