Signal လုံခြုံရေး ဘက်ခ်အပ် အင်္ဂါရပ်ကို မသုံးဘဲ သင့် မက်ဆေ့ချ်မှတ်တမ်းကို Android မှ အခြား Android သို့လွှဲပြောင်းနိုင်ပါသည်။ ထိုသို့ပြုလုပ်ရန် စက်နှစ်ခုလုံးရှိရန် လိုအပ်သည်။ မက်ဆေ့ချ်မှတ်တမ်းကို Android စက်အသစ်သို့ ကူးယူခြင်းမဟုတ်ပါ ၊ ၎င်းကို ရွှေ့ပြောင်းခြင်းဖြစ်သည်။
သတ်မှတ်ချက်များ
- သင့်တွင် Android ဖုန်းအဟောင်းရှိရပါမည်။
- စက်နှစ်ခုစလုံးသည် Signal ဗားရှင်း 7.68.4 သို့မဟုတ် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။
- စက်နှစ်ခုလုံးတွင် Wifi နှင့် Bluetooth ကိုဖွင့်ထားကြောင်း သေချာပါစေ။
- သင့်စက်ဟောင်းသည် Signal ကိုဖွင့်ပြီး သင့်မက်ဆေ့ချ်မှတ်တမ်းကို ကြည့်ရှုနိုင်ကြောင်း သေချာပါစေ။
- Android စက်အဟောင်းတွင် အလုပ်လုပ်သော ကင်မရာတစ်လုံး လိုအပ်ပါသည်။
- ဖုန်းနှစ်လုံးစလုံးသည် ထားသိုမှုကို ဝင်ရောက်ကြည့်ရှုခွင့်ရှိကြောင်း သေချာပါစေ။
- မှတ်ပုံတင်ခြင်း ပြီးမြောက်ရန်အတွက် သင့်စက်အသစ်သည် SMS သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိနိုင်ကြောင်း သေချာပါစေ။
- လုပ်ငန်းစဉ်တစ်လျှောက်လုံး Android စက်နှစ်ခုလုံးသည် အနီးကပ်ရှိနေကြောင်း သေချာပါစေ။
Android စက်မှ ကျွန်ုပ်၏ မက်ဆေ့ချ်မှတ်တမ်းကို မည်သို့လွှဲပြောင်းရမည်နည်း။
- သင့်စက်အသစ်တွင် Signal ကို ထည့်သွင်းပြီး ဖွင့်ထားပါ။
- အကောင့် လွှဲပြောင်းမည် သို့မဟုတ် ပြန်လည်ရယူမည်ကို နှိပ်ပါ။
- သင်၏ဖုန်းအဟောင်း ရှိနေလျှင် Android စက်မှ လွှဲပြောင်းခြင်းကို ရွေးပါ။
- ဖုန်းအဟောင်းတွင် Signal ဆက်တင်
သို့သွားပါ > အကောင့် > အကောင့်လွှဲပြောင်းခြင်း > ဆက်လုပ်ပါ။
- ဖုန်းအသစ်ကို ဖုန်းအဟောင်းအနီးသို့ ရွှေ့ထားပြီး ဖုန်းအသစ်တွင် သတိပေးချက်ကို လက်ခံပါ။
- ဖုန်းနှစ်လုံးတွင် ဂဏန်း 7 လုံးပါကုဒ်နံပါတ်ချင်း တူညီကြောင်း အတည်ပြုပြီး ဖုန်းတစ်လုံးစီတွင် ဆက်လုပ်မည်ကို ရွေးပါ။
- ဖုန်းအသစ်တွင် ဆက်လက်၍စာရင်းသွင်းမည်ကို နှိပ်ပြီး စက်ကို စာရင်းသွင်းပါ။
- ဖုန်းအဟောင်းတွင် အပြီးသတ်ရန် ပြီးပြီကို နှိပ်ပါ။
- သင့်ဖုန်းအဟောင်းတွင် Android ဆက်တင် (ပုံမှန်အားဖြင့် ဆက်တင် > အက်ပ်များ > Signal >ဖြုတ်ချခြင်း) မှ Signal ကို ဖယ်ရှားပါ သို့မဟုတ် သင့်စက်နှင့် သက်ဆိုင်သည့် အဆင့်များကို လိုက်နာပါ။
နောက်ထပ်အချက်အလက်များ
ကျွန်ုပ်၏ မက်ဆေ့ချ်မှတ်တမ်းကို ပေါင်းစည်းပြီး Android စက်နှစ်ခုလုံးတွင် ပေါ်လာအောင် လုပ်လို့ရပါသလား။
- မရပါ။ မက်ဆေ့ချ်မှတ်တမ်းကို Android စက်အသစ်သို့ ကူးယူခြင်းမဟုတ်ပါ၊ ၎င်းကို ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။ သင့် Android စက်အဟောင်းထဲမှ Signal သည် စာရင်းမသွင်းထားခြင်း ဖြစ်သွားပါမည်။
တက်ဘလက် သို့မဟုတ် Signal Desktop မှ လွှဲပြောင်း၍ရပါသလား။
- မရပါ။ ချိတ်ထားသည့် စက်များသည် ဤအင်္ဂါရပ်ကို မပံ့ပိုးပါ။ မှတ်ပုံတင်ခြင်း ပြီးမြောက်ရန်အတွက် Android စက်နှစ်ခုစလုံးသည် SMS သို့မဟုတ် ဖုန်းခေါ်ဆိုမှုကိုလည်း လက်ခံရရှိနိုင်ရမည်။ ထို့အပြင် Signal သည် Android တက်ဘလက်ကို တရားဝင်ပံ့ပိုးမှုမပေးထားပါ။
Android စက် အဟောင်းမရှိပဲ စက်ရုံထုတ်အတိုင်းပြန်လည်သတ်မှတ်ထားလျှင် သို့မဟုတ် ကင်မရာအလုပ်မလုပ်လျှင် ဘာလုပ်ရမည်နည်း။
- မက်ဆေ့ချ်မှတ်တမ်းကို Android စက်နှစ်ခုလုံးရှိပြီး စက်ဟောင်း၏ ကင်မရာ အလုပ်လုပ်နေမှသာ လွှဲပြောင်းနိုင်ပါသည်။
အကူအညီ လိုအပ်သေးပါသလား။ စက်လွှဲပြောင်းခြင်းအတွက် ကျွန်ုပ်တို့၏ ပြဿနာဖြေရှင်းခြင်းစာမျက်နှာကို ကြည့်ရှုပါ။